
ရန်ကုန် စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံ Blue Canyon Coun-try Club (Lakes Course) ၌ စက်တင်ဘာ ၂၈ ရက်မှ ၂၉ ရက် အထိ ကျင်းပသည့် Singha-SAT TDT Phuket 2021 ဂေါက်သီးရိုက် ပြိုင်ပွဲတွင် မြန်မာ Professional ဂေါက်သီးရိုက် ကစားသမား ရဲထက်အောင် ဝင်ရောက်ယှဉ်ပြိုင် ရာ ပူးတွဲတတိယဆုရရှိခဲ့သည်။
ရဲထက်အောင်သည် ယင်း ပြိုင်ပွဲ ပထမနေ့တွင် ၆၉ ချက်၊ ဒုတိယနေ့တွင် ၆၆ ချက်ဖြင့် နှစ်ရက်ပေါင်းရိုက်ချက် ၁၃၅ ချက် ရိုက်ကာ သတ်မှတ်ရိုက်ချက် ထက် ခုနစ်ချက် လျှော့ရိုက်ပြီး အခြား ထိုင်းကစားသမားနှစ်ဦး နှင့်အတူ ပူးတွဲတတိယဆု ရရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကစားသမား ၉၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်ထိုင်းနိုင်ငံမှ ကစားသမားများနှင့် မြန်မာနိုင်ငံမှ ရဲထက်အောင်တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် Pol KEMA-RAT (ထိုင်း) က ပထမ၊ Chayo-dom CHANJARUPHONG (ထိုင်း) က ဒုတိယရရှိပြီး ရဲထက်အောင်နှင့် အတူ Nattapong PUTTA (ထိုင်း) နှင့် Siri SIRICHAROEN (ထိုင်း)တို့က ပူးတွဲတတိယဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။ ရဲထက်အောင် သည် ထိုင်းနိုင်ငံ၌ ကျင်းပသော Professional အဆင့်ပြိုင်ပွဲများ နှင့် ပြည်ပနိုင်ငံများ၌ ကျင်းပသည့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်က လည်း Asian Tour မှ ကျင်းပသော ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဖူးကြောင်း သိရသည်။
ကိုညီလေး
ဓာတ်ပုံ-Thailand PGA