သက်ရှည်ကျန်းမာဖို့ E- စီးကရက်ကို ရှောင်ကြဉ်ကြပါစို့ 

Type
p


 

မောင်သောင်းဝင်း(တမန်ဟောင်း)

 

လက်ရှိအချိန်တွင်      (Electronic  Cigarette)  E- စီးကရက်သည် လူငယ်များကြားတွင်   ရေပန်းစားလာလျက်ရှိသည်။   အနည်းငယ်  ရှူရှိုက်လိုက်ရုံမျှဖြင့်    မီးခိုးငွေ့များစွာထွက်သဖြင့် လူငယ်များသည် E- စီးကရက်ကို ပိုမိုသောက်လာကြသည်။ တချို့သော လူငယ်များကမူ E- စီးကရက်ကို အစမ်းသဘောမျိုး  သောက်လာကြသည်။ သို့သော် ထို  E- စီးကရက်ကို  မည်သည့် ဓာတုပစ္စည်းများဖြင့်  ပြုလုပ်ထားသည် ကို မည်သူမျှမသိကြပေ။ စွဲလမ်းမှုဖြစ်စေသည့်    နီကိုတင်းဓာတ်ပါနေသည် ဆိုသောအချက်ကို  မည်သူမျှမငြင်းဆန်နိုင်ချေ။   ဆေးလိပ်ထက်ပင်  ကြောက်မက်ဖွယ်ရာကောင်းလှပြီး   ကင်ဆာဖြစ်နိုင်ခြေလည်း  များစွာပိုမိုလျက်ရှိသည်ဟု  ဆေးဘက်ဆိုင်ရာ  ပညာရှင်များက ထောက်ပြထားသည်။
E- စီးကရက်ဆိုသည်မှာ
E - စီးကရက်ဆိုသည်မှာ  နီကိုတင်း အရည်နှင့်  ဓာတုအရည်များဖြည့်ထား သည့်  ဘက်ထရီစွမ်းအင်သုံးကိရိယာ ဖြစ်သည်။  စီးကရက်အစစ်ကဲ့သို့ပင် ပုံစံ တူအောင် ပြုလုပ်ထားသည်။ လေနည်း နည်းမှုတ်လိုက်သည့်        အချိန်တွင်  ဘက်ထရီသည် အရည်ကို အပူပေးလိုက် သဖြင့်  အငွေ့ထွက်လာမည် ဖြစ်သည်။   ထိုအငွေ့ကို         ဆေးလိပ်ငွေ့ကဲ့သို့    ရှူရှိုက်နိုင်ပြီဖြစ်သည်။    E- စီးကရက် တစ်ရှိုက်တွင်  ဓာတုပစ္စည်း အမည်မျိုးစုံ  ၅၀၀၀   ကျော်  ပါဝင်သည်ဟုဆိုသည်။   ထိုဓာတုပစ္စည်းအများစုသည်    ကင်ဆာ ရောဂါကို    ဖြစ်ပွားစေသည်။   ဆိုရလျှင်     ဆေးလိပ်အစစ်ကဲ့သို့ပင်     ဆိုးကျိုးများ ခံစားရသည်ဟု ဆိုသည်။
E- စီးကရက်သမိုင်း
တရုတ်နိုင်ငံသား             ဆေးဖော်စပ် ရောင်းချသူ Hon Lik သည် ၂၀၀၃ ခုနှစ် တွင်  E- စီးကရက်ကို စတင်တီထွင်ခဲ့ သည်။   သူ၏ဖခင်သည်    ဆေးလိပ် သောက်သုံးသဖြင့်     အဆုတ်ကင်ဆာ ရောဂါဖြင့် သေဆုံးခဲ့ရသည်။ ၎င်းသည် ၂၀၀၁ ခုနှစ်ကတည်းက နီကိုတင်းဓာတ် ပါသည့်    အငွေ့ကိုရှူရှိုက်နိုင်သည့် ဆေး လိပ်အစားထိုးကိရိယာတစ်ခု စမ်းသပ် တီထွင်သွားရန်     စဉ်းစားခဲ့သည်။  ၂၀၀၄ ခုနှစ်တွင် တရုတ်ပြည်တွင်းဈေးကွက်၌ E-စီးကရက်ကို  စတင်မိတ်ဆက်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှစ၍  E - စီးကရက်ကုမ္ပဏီ များသည်           တရားဝင်မှတ်ပုံတင်၍    ဥရောပ၊ အမေရိကန်နှင့်      ဗြိတိန်နိုင်ငံတို့ တွင် ရောင်းချခဲ့သည်။  ထိုအချိန်မှစ၍     E- စီးကရက်ကို      ပုံစံအမျိုးမျိုးဖြင့်  အဆင့်ဆင့် တိုးတက်ပြောင်းလဲထုတ်လုပ် လာခဲ့သည်။         လက်ရှိအချိန်တွင်            တစ်ကမ္ဘာလုံး၌ E-စီးကရက် တွင်ကျယ် စွာ သုံးစွဲလာကြပြီ ဖြစ်သည်။
ပါဝင်သည့်ဓာတုပစ္စည်းများ
E-စီးကရက်  ထုတ်လုပ်သည့်ကုမ္ပဏီ ကြီးများသည်    လူငယ်များစွဲမက်အောင်  E-စီးကရက်ကို   ပုံစံအမျိုးမျိုးဖြင့် ထုတ် လုပ် ရောင်းချလျက်ရှိကြသည်။     ဗြိတိန် နိုင်ငံ   တစ်နိုင်ငံတည်း၌ပင်လျှင်    E - စီးကရက် သောက်သုံးသူ  သုံးသန်းကျော် ရှိသည်ဟု  ဆိုသည်။   E-စီးကရက်တွင်   မည်သည့် ဓာတုပစ္စည်းများပါဝင်သည်ဟု       အတိအကျ ထုတ်ပြန်ထားခြင်း  မရှိသော် လည်း စီးကရက်ကဲ့သို့ပင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့်   အောက် ဖော်ပြပါဓာတုပစ္စည်းများ     ပါဝင်နေသည် ဟုဆိုသည်-
(၁)    ဗင်ဇင်း     (Benzene)။     စက်မှု လုပ်ငန်းသုံး    အရည်တစ်မျိုးဖြစ် သည်။ ရေနံစိမ်းမှ ချက်လုပ်ထား ခြင်း ဖြစ်သည်။
    (၂)    အာဆင်းနစ်   (Arsenic)။    အဆိပ် တစ်မျိုးဖြစ်သည်။ သစ်များကို ကြာ ရှည်ခံအောင်    ထိန်းသိမ်းရာတွင် အသုံးပြုသည်။
    (၃)    ကက်ဒမီယံ   (Cadmium)နှင့် ခဲ (lead)။ ဘက်ထရီများ  ထုတ်လုပ် ရာတွင် အသုံးပြုသည်။
    (၄)    ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ (Form-aldehyde)။ ရင်ခွဲရုံများ၊   ရေခဲတိုက် များနှင့် သုတ်ဆေးများ    ထုတ်လုပ် ရာတွင် အသုံးပြုသည်။    
    (၅)     ပိုလိုနီယမ်(Polonium-210)။ ရေဒီ ယို သတ္တိကြွမှု မြင့်မားသည်။
    (၆)     ခရိုမီယမ်(Chromiun)။   ဆိုးဆေး များ၊ သုတ်ဆေးများနှင့်   သတ္တုစပ် ပစ္စည်းများ      ထုတ်လုပ်ရာတွင် အသုံးပြုသည်။
    (၇)    ဘူတက်ဒီးန်   (Butadiene)။  ရော်ဘာထုတ်လုပ်ရာတွင်  အသုံး ပြုသည်။
    (၈)    နီကယ်   (Nickel)။     သတ္တုများကို သံချေးတက်ခြင်းမှ      ကာကွယ်ရန် အသုံးပြုသည်။
    (၉)        ဗီနိုင်းကလိုရိုဒ်  (Vinyl   chloride)။ ပလတ်စတစ်နှင့် ဗီနိုင်းများ ထုတ် လုပ်ရာတွင် အသုံးပြုသည်။
    (၁၀)    ဘာရီလီယမ်    (Beryllium)။ အဏုမြူ   ဓာတ်ပေါင်းဖိုများတွင်         အသုံးပြုသည်။
    (၁၁)        အက်သလီးအောက်ဆိုက် (Ethyl-ene oxide)။   ဆေးရုံသုံးပစ္စည်းများ အား   ပိုးသတ်ရာတွင်  အသုံးပြု သည်။
    (၁၂)    ပေါ်လီဆိုက်ကလစ် (Polycyclics)။ DNA    ပျက်စီးစေသောဓာတုပစ္စည်း များ ဖြစ်သည်။
    (၁၃)    အော်သိုတော်လစ်ဒိုင်း   (Ortho-Toluidine)။       ပေါင်းသတ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည်။
ဆေးလိပ်ဖြတ်ရန်ဆိုသော်လည်း
ဆေးလိပ်စွဲနေသူများက     ဆေးလိပ် ဖြတ်နိုင်ရန်အတွက်     E-စီးကရက်ကို အစားထိုးသောက်ခြင်း       ဖြစ်သည်ဟု ဆိုကြသည်။ အမှန်စင်စစ်မှာမူ  ဆေးလိပ် မဖြတ်နိုင်သည့်အပြင် E- စီးကရက်ကိုပါ ထပ်မံ  စွဲလမ်းသွားကြသည်။ E- စီးကရက် တွင်   ပါဝင်သော   နီကိုတင်းဓာတ်နှင့်  အခြား        ဓာတုဆေးရည်များသည်       စွဲလမ်းမှုကို ဖြစ်ပေါ်စေသည်။
ကမ္ဘာ့ကျန်းမာရေး       အဖွဲ့ကြီးသည်  ဆေးလိပ်မသောက်တတ်သည့်    လူငယ် များနှင့်ပတ်သက်၍   စိုးရိမ်ပူပန်လျက်ရှိ သည်။ ဆိုလိုသည်မှာ ဆေးလိပ်မသောက် တတ်သောလူငယ်များသည် E-စီးကရက် ကို စမ်း၍သောက်ရာမှ    စွဲလမ်းသွားကြ သည်ဟု  ဆိုသည်။ ထို့အပြင်   ဆေးလိပ် သောက်သူများသည်လည်း    ဆေးလိပ် ဖြတ်ရန်အတွက်    E - စီးကရက်ကို   အစားထိုးသောက်ရာမှ    ဆေးလိပ်မပြတ် သည့်အပြင်   နှစ်မျိုးစလုံးကိုပင် သောက် နေကြသည်။   E-   စီးကရက်တွင်    ပါဝင် သော နီကိုတင်းဓာတ်၏   စွဲလမ်းမှုကြောင့် ဖြစ်သည်။
E- စီးကရက်၏ဆိုးကျိုးများ
E-စီးကရက်၏      ဆိုးကျိုးသည် ဆေးရွက်ကြီးထက်ပင်   ပို၍ဆိုးသည်ဟု   ဆိုသည်။ ဆေးဘက်ဆိုင်ရာ     သုတေသန စစ်တမ်းများအရ    ဆေးရွက်ကြီးကဲ့သို့ပင်     DNA ပျက်စီးခြင်း၊   ချောင်းဆိုးသွေးပါ ခြင်းနှင့်    ကင်ဆာရောဂါတို့ကိုလည်း    ဖြစ်စေနိုင်သည်။ ၂၀၀၅  ခုနှစ်ကတည်းက လူငယ်များအကြား  E-  စီးကရက်သုံးစွဲ မှုသည် ၉၀ ရာခိုင်နှုန်းကျော်အထိ  မြင့် တက်လာခဲ့သည်။       လူငယ်များသည်  ပုံမှန်ဆေးလိပ် သောက်သုံးသူများထက် ပင် E-စီးကရက်ကို ပိုမိုစွဲလမ်းလာကြ သည်။
E-စီးကရက်တွင်  လူသားများကို ဒုက္ခ ပေးနိုင်သည့်အဆိပ်အတောက်များ    ပါရှိ ခြင်း၊    ဖော်မလင်ကဲ့သို့သော  တာရှည်ခံ အောင်ထိန်းပေးသည့်   ဓာတုပစ္စည်းများ ပါရှိခြင်း၊ လူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှု ကို ထိခိုက်ခြင်း၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ မွေးကင်းစ ကလေးသေဆုံးခြင်း၊     အဆုတ်ပျက်စီး ခြင်းနှင့်           ကင်ဆာရောဂါဖြစ်ပွားခြင်း စသည့်ရောဂါမျိုးစုံတို့ကို     ဖြစ်ပွားစေနိုင် သည်။ 
E- စီးကရက်တွင်ပါဝင်သည့် နီကိုတင်း သည် ဟီရိုးအင်းနှင့်  ကိုကင်းတို့ ကဲ့သို့ပင်         စွဲလမ်းမှုဖြစ်ပေါ်စေသည်။    နီကိုတင်း သည်  ဒေါသဖြစ်လွယ်ခြင်း၊ စိတ်လှုပ်ရှား ခြင်း၊ စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ အိပ်မရခြင်း၊  ဆာလောင်မွတ်သိပ် ခြင်း၊  ကိုယ်အလေးချိန်တက်ခြင်း၊   စိတ် စုစည်း၍ မရခြင်း စသည့်စိတ်ကျန်းမာ ရေးဆိုင်ရာ    ဆိုးကျိုးများစွာကိုလည်း ဖြစ်ပေါ်စေသည်။
သေဆုံးမှုနှုန်းမြင့်မား
ကမ္ဘာတစ်ဝန်းတွင်        နှစ်စဉ်လူဦးရေ ခုနစ်သန်းခန့်သည်  ဆေးလိပ်သောက်သုံး ခြင်းကြောင့်           သေဆုံးနေကြရသည်။ စီးကရက်တွင်ပါဝင်သည့်     ဓာတုပစ္စည်း အမျိုးအမည်    ၅၀၀၀   ကျော်ကြောင့် ထိုသို့သေဆုံးနေရခြင်းဖြစ်သည်။    ထိုသို့ သေဆုံးသူ   ခုနစ်သန်းခန့်တွင်     ၇၀ ရာခိုင်နှုန်းသည်         ကင်ဆာရောဂါဖြင့် သေဆုံးရခြင်းဖြစ်သည်။        လူငယ်များ အနေဖြင့်  ဆွဲဆောင်မှုအားကောင်းသော E-စီးကရက်ကို  မသုံးမိအောင် ဝေးဝေး က ရှောင်သင့်ပေသည်။
ထို့အပြင်   ဆေးလိပ်သောက်သုံးသူ များ၏    မီးခိုးကို   တစ်ဆင့်ခံရှူရှိုက်မှု ကြောင့် နှစ်စဉ် ဆေးလိပ်မသောက်သုံး သူ ၆၀၀၀၀ ခန့်     သေဆုံးရလျက်ရှိသည်။ ထိရောက်သော  အရေးယူဆောင်ရွက်မှု များမရှိလျှင်    သေဆုံးမှုကိန်းဂဏန်းသည်        ၂၀၃၀    ပြည့်နှစ်တွင်    ရှစ်သန်းကျော် အထိ ရှိလာမည်ဟုဆိုသည်။ ထို့ကြောင့် ဆေးလိပ်သည်    ကျား၊  မ  မရွေး၊           အသက်အရွယ်မရွေး   ခြိမ်းခြောက်လျက် ရှိပေသည်။ 
ပတ်ဝန်းကျင်လည်းညစ်ညမ်း
E-စီးကရက်သည် ဆေးလိပ်ကဲ့သို့ပင် တစ်ဆင့်ခံ   ရှူရှိုက်မိသူများကို    ထိခိုက် စေနိုင်သည်။ E-  စီးကရက်အငွေ့များ သည်     လေထုအတွင်း   ရောက်ရှိပါက      လေထုညစ်ညမ်းမှုကို    ဦးစွာဖြစ်ပေါ်စေ သည်။ ထို့နောက်   ပတ်ဝန်းကျင်ညစ်ညမ်း မှုကို ဆင့်ကဲဖြစ်ပေါ်စေသည်။     အကျိုး ဆက်အနေဖြင့်      သက်ရှိမျိုးစိတ်အားလုံး ကို         ဆိုးကျိုးသက်ရောက်စေမည်ဖြစ် သည်။ လေထုအတွင်း၌  E-  စီးကရက် အငွေ့များ  များလာမည်ဆိုလျှင် အစွန်း ရောက် ရာသီဥတုကိုလည်း ဖြစ်ပေါ်လာ စေသည်။
ဆိုရလျှင်    လက်ရှိအချိန်တွင်   ကမ္ဘာ တစ်ဝန်းရှိ       လူငယ်များကြားတွင် E-  စီးကရက်   သောက်သုံးသူအရေ အတွက် မြင့်တက်လာလျက်   ရှိသည်။ E-စီးကရက်ကို  မည်သည့်ဓာတုပစ္စည်း များဖြင့် ထုတ်လုပ်ထားသည်ကို တိကျ စွာ  ထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် E- စီးကရက်အငွေ့တစ်ရှိုက်တွင် ဓာတု ပစ္စည်းအမျိုးအမည် ၅၀၀၀ ကျော်ပါဝင် နေသည်ဟုဆိုသည်။      သေချာသော အချက်မှာ E- စီးကရက်သောက်သုံးသူ များသည်         ကင်ဆာရောဂါဖြစ်၍   သေဆုံးနိုင်ခြင်းပင်ဖြစ်သည်။       E- စီးကရက်သောက်ရုံမျှဖြင့်     ဆေးလိပ် ဖြတ်နိုင်မည်မဟုတ်ချေ။     မည်သို့ပင် ဆိုစေကာမူ         လူငယ်များအနေဖြင့်          ကျန်းမာရေးကို  ဆိုးရွားစွာထိခိုက်စေ နိုင်သော E- စီးကရက်ကို ရှောင်ကြဉ် သွားနိုင်ရန်   စေတနာဖြင့်    အကြံပြု တိုက်တွန်းရေးသားအပ်ပါသည်။      ။