
မောင်နိုင်
မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း သည် ကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် ၆၇ ဒသမ ၄၂ နှစ်ရှိပြီး WHO ၏ တွက်ချက်မှု အရ ၆၇ ဒသမ ၇၈ နှစ်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မျှော်မှန်းသက်တမ်း တိုးတက်စေရေးအတွက် ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရန် ကာဗိုဟိုက် ဒရိတ်ပါသော အစားအစာများဖြစ်သည့် ဆန်၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းဖူး၊ သကြား အစရှိသည်တို့နှင့် ပရိုတင်းဓာတ် ပါသော ကြက်ဥ၊ အသား၊ ငါး၊ အစေ့ အဆန်၊ နို့နှင့် နို့ထွက်ပစ္စည်းတို့ကို သင့်တင့်လျောက်ပတ်စွာ စားသုံးပေး ကြရမည်ဖြစ်သည်။ ကာဗိုဟိုက်ဒရိတ် သည် ကာဗွန်နှင့် ရေတို့ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အတွက် လိုအပ်သော စွမ်းအင်များကို ပံ့ပိုးပေးသည့် သကြားဓာတ်များ ဖြစ် သည်။ ထို့ကြောင့် အချိုဓာတ်များသည့် အချိုရည်၊ သကြား၊ မုန့်အချို၊ ကိတ်မုန့်၊ ထမင်း စသည်တို့ကို လျှော့စားရန် လိုအပ်ခြင်းဖြစ်သည်။
ပရိုတင်းသည် အမိုင်နိုအက်ဆစ် ဓာတ်များ ပေါင်းစည်းပြီး ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ကြွက်သားများ ဖွံ့ဖြိုးရန်၊ အဆီပိုများလျှော့ချရန် ပရိုတင်းဓာတ်သည် အရေးအကြီးဆုံးဖြစ်သည်။ ပရိုတင်း ချို့တဲ့ပါက ဖောရောင်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ အရေပြား၊ ဆံပင်၊ လက်သည်းများ မကောင်းခြင်း၊ ကြွက်သားများ ကျုံလှီလာခြင်း၊ အရိုးများ ကျိုးပဲ့လွယ်ခြင်း၊ ကလေးများ ဖွံ့ဖြိုး ကြီးထွားမှုနည်းခြင်း၊ ရောဂါပိုးကူးစက်မှု ပြင်းထန်ခြင်း စသည်တို့ကို ခံစားနိုင်ရ သည့်အတွက် ခန္ဓာကိုယ်အတွက် လိုအပ် သည့် ပရိုတင်းဓာတ်ပမာဏ ပြည့်မီ အောင် စားသောက်ကြရမည်ဖြစ်သည်။
မျှော်မှန်းသက်တမ်းတိုးပြီး အသက် ရှည်ရန်ဆိုလျှင် ဆေးလိပ်နှင့် အရက် လွန်ကဲစွာ သောက်သုံးမှုကိုလည်း လျှော့ချသွားရမည်ဖြစ်ပြီး သင့်လျော် သည့် ကိုယ်လက်လှုပ်ရှား အားကစား နည်းတစ်မျိုးမျိုးကို ပြုလုပ်ပေးသင့် သည်။ တစ်ရက်လျှင် နာရီဝက်ခန့် လေရှူ၊ လမ်းလျှောက်လျှင်ပင် အကျိုးများပြီး ကုန်ကျစရိတ်မများသည့် အားကစား ပြုလုပ်ခြင်းပင်ဖြစ်သည်။ မကြာမီ ဒီဇင်ဘာ လူထုအားကစားလ ရောက်ရှိ တော့မည်ဖြစ်ရာ နိုင်ငံတစ်ဝန်း အားကစားပြိုင်ပွဲများ၊ လမ်းလျှောက်ခြင်း များဖြင့် ပြည်သူအားလုံး ကျန်းမာရေး အတွက် ပါဝင်ဆောင်ရွက်သင့်ပါ သည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ မျှော်မှန်း သက်တမ်း တိုးတက်လာစေရေးအတွက် ပြည်သူအားလုံးက စားသုံးမှုပုံစံနှင့် နေထိုင်မှုပုံစံကို အချိန်မီပြုပြင်သွားပါက မကြာမီကာလတွင် မြန်မာ့လူ့သက်တမ်း သည် နှစ် ၈၀၊ ၉၀ ထိတိုင် သက်ရှည် ကျန်းမာ တိုးတက်အောင်မြင်သည့် နိုင်ငံ သားများ မုချဧကန်အမှန်စင်စစ် ဖြစ်လာ တော့မည်ဟု ယုံကြည်နေမိပါတော့ သည်။ ။