
နေပြည်တော် ဒီဇင်ဘာ ၂၉
သမီးဖြစ်သူကို တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် အခကြေးငွေရယူခဲ့သည့် မိခင်ဖြစ်သူနှင့် အတင်း အဓမ္မပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်နိုင်ငံသား တို့အား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ် ဆင်ခြံကျေးရွာနေ ဒေါ်ပြုံး က သမီးဖြစ်သူ မ xxx ၁၄ နှစ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နေ လောပန်း (ခ) အားတေ့နှင့် သားမယားအဖြစ် ပေါင်းသင်းရန် အခကြေးငွေများရယူခဲ့ပြီး တရုတ် နိုင်ငံသား လောပန်း (ခ) အားတေ့က သားမယား အဖြစ် အတင်းအဓမ္မပေါင်းသင်း နေထိုင်ခဲ့သဖြင့် မြစ်သားမြို့မ ရဲစခန်း(ပ) ၂၆၈/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် ကျောက်ဆည်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင် တရားခံ ဒေါ်ပြုံးနှင့် လောပန်း (ခ) အားတေ့တို့ကို လူကုန်ကူးမှုတားဆီး ကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်