
စာချစ်သူ
====
ကာလကို ကာလကစားရင်း အချိန်တို့သည် တရွေ့ရွေ့ကူးပြောင်းလာ သည်မှာ ယခုဆို ဇူလိုင်လသို့ ရောက်ခဲ့ချေပြီ။ ဇူလိုင်လသည် မြန်မာ ပြည်၏ မိုးဥတုရာသီဖြစ်၍ ဝဠာတစ်ခွင်သည် အုံ့ဆိုင်းမှုန်မှိုင်းဝေရီလေ့ရှိသည်။ ဤလ၊ ဤအခါတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။
ခေတ်တွေ ဘယ်သို့ပြောင်းသော်လည်း မျိုးဆက်အဆက်ဆက် သည် အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းတသသဖြစ်ကြသည်။ အာဇာနည်ကြီးများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ၁၉ ဇူလိုင်ကို မမေ့ နိုင်ကြချေ။
သို့တစေ ကျွန်တော်အပါအဝင် အများစုသည် အာဇာနည်ကြီးများ ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးစောနှင့် အပေါင်းပါတို့ကိုသာ တရားခံ ဟု မြင်ကြသည်။ လက်သည် တရားခံအစစ် လူသတ်ဝါဒကို မေ့လျော့ နေကြသည်။
Assassination ဟူသည့် အင်္ဂလိပ်စကားလုံးသည် မြန်မာဘာသာ ဖြင့် “လုပ်ကြံမှု” သို့မဟုတ် “လုပ်ကြံသတ်ဖြတ်ခြင်း”ဟု အဓိပ္ပာယ် ရသည်။ “လုပ်ကြံသတ်ဖြတ်သည်” သို့မဟုတ် “ချောင်းမြောင်းသတ် ဖြတ်သည်”ဟု အနက်အဓိပ္ပာယ်ရသော Assassinate မှ လာ သည်။ “လုပ်ကြံသတ်ဖြတ်သူ”၊ “ချောင်းမြောင်း သတ်ဖြတ်သူ” ကိုမူ Assassin ဟုခေါ်သည်။
ခေါင်း
ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံးနှင့် အထင်ရှားဆုံးဖြစ်ခဲ့သည့် ပထမဆုံးလုပ်ကြံသတ်ဖြတ်မှုမှာ ဘီစီ ၄၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော “ဂျူးလီးယက်ဆီဇာ”အား လုပ်ကြံသတ်ဖြတ်မှုဖြစ်သည်။ ဂျူးလီး ယက် ဆီဇာကို သူ့နိုင်ငံရေးပြိုင်ဘက် အတိုက်အခံများက ဆီးနိတ် လွှတ်တော်တွင်း၌ ဓားနှင့်ထိုး၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဂျူးလီးယက်ဆီဇာသည် ရောမ၏ တန်ခိုးအာဏာစက်ကို မြောက် ဘက်တစ်လွှားသို့ တိုးချဲ့ပျံ့နှံ့ရန် အားထုတ်လျက်ရှိသော ရောမ ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ သူသည် ရောမအင်ပါယာတစ်ခုကို တည် ထောင်နိုင်မည့်အလားအလာရှိသူဖြစ်သည်။ သူ၏ အောင်မြင်မှုများ သည် သြဇာအရှိန်အဝါ ကြီးမားလှ၏။ ၁၀ နှစ်တာကာလမျှ ရောမ၏ အာဏာရှင်အဖြစ် ရပ်တည်ခဲ့၏။ ယင်းအချက်သည် ဆီဇာ့အပေါ် မလိုလားသူတို့အတွက် အကွက်ကောင်းတစ်ခုဖြစ်လာသည်။
ထိုနေ့သည် ကောင်းကင်ယံ၌ မိုးသားများ တက်နေသဖြင့် မှောင်မည်းနေသည်။ လျှပ်စီးတွေကလည်း တဝင်းဝင်း တလက်လက်၊ မိုးခြိမ်းသံများကလည်း အဆက်မပြတ်။ ဆီးနိတ်လွှတ်တော်၏ အပြင် ဘက်တွင် လေသည်လည်း ပြင်းထန်စွာ တိုက်ခတ်လျက်ရှိ၏။ ထိုနေ့ ထိုရက် ထိုအချိန်မှာပင် ဆီးနိတ်လွှတ်တော်အတွင်းရှိ ပွမ်ပေရုပ်တု ခြေရင်း၌ ဘရူးတပ် ဦးဆောင်သော လူတစ်စုက ဆီဇာကို ဓားမြှောင် များဖြင့်ဝိုင်း၍ထိုးသတ် လုပ်ကြံခဲ့ကြသည်။
ဆီဇာအား လုပ်ကြံသတ်ဖြတ်သူများထဲတွင် အများစုမှာ ဆီဇာ ၏ မိတ်ဆွေများ ဖြစ်သည်။ အထူးသဖြင့် သူလဲကျသွားချိန်တွင် သူ့နှုတ်မှ “ဘရူးတပ်ရယ်၊ ဒီလူစုထဲမှာ မင်းလည်းပါသကိုး”ဟူသော စကားတစ်ခွန်း ထွက်လာခဲ့သည်ဟု ဆိုသည်။ ထိုစကားသည် အံ့သြ ခြင်းနှင့် ဝမ်းနည်းကြေကွဲခြင်း အပြည့်ပါနေသည့်စကားဖြစ်သည်ဟု လည်း ဆိုသည်။ တကယ်တော့ လုပ်ကြံသူများအား ဦးဆောင်ခဲ့သူ ဘရူးတပ်သည် ဆီဇာ၏ အရင်းနှီးဆုံးသော မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။
ဆီဇာသည် ရောမ၏ မျက်လုံးများကို မြေထဲပင်လယ်ဒေသအပေါ် စူးစိုက်နေရာမှ ဥရောပမြောက်ပိုင်းဆီသို့ စိတ်ဝင်တစားလှမ်းမျှော် ကြည့်ရှုလာစေရန် အားထုတ်ခဲ့သူဖြစ်သည်။ သူသည် သူ့အရိုက်အရာ ကို ဆက်ခံသောသူ့တူ “သြဂတ်စတပ်” အား ကြီးမားကျယ်ဝန်းသော ရောမအင်ပါယာကြီးတည်ထောင်နိုင်ရန် လမ်းခင်းပေးသူဖြစ်သည်။ ထို့ကြောင့် သူ့အားရောမသမိုင်းတွင် မမေ့အပ်သော ပုဂ္ဂိုလ်တစ်ဦး အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။
ဂျူးလီးယက်ဆီဇာအား လုပ်ကြံသတ်ဖြတ်ခြင်းမှသည် နောင်တွင် အစဉ်အလာ တစ်ခုလို ဖြစ်သွားခဲ့သည်။ ဤလုပ်ကြံမှုဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုင်းတွင် ရောမသမိုင်းသည် နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု များ ဖြင့် ပြည့်နှက်လာခဲ့သည်။ နှစ်ပေါင်း ၄၀၀ အတွင်း ရောမ အင်ပါယာ အတွင်း၌ အလွန်ထူးခြားထင်ရှားသည့် နိုင်ငံရေးသမား အများအပြားနှင့် နောက်ပိုင်းဆက်ခံသည့် အင်ပါယာဘုရင် ၂၀ လုပ်ကြံသတ်ဖြတ် ခြင်းခံခဲ့ရလေသည်။
ခေါင်း
နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုသည် မြေထဲပင်လယ်ဒေသမှ နိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့သွားသည်။ သမိုင်းမှတ်တမ်းများအရ ခေတ်ဦးပိုင်းက ပုပ်ရဟန်းမင်းကြီးများ၊ နော်ဝေနိုင်ငံမှ ဘုရင်မဟာဟား ကွန်၊ ဒုတိယမြောက်ဘုရင် စတိန်း၊ ဒုတိယမြောက် ဟားကွန်၊ စကော့ တလန်မှ ပထမမြောက် ဒွန်ကန်ဘုရင်၊ မတ်ဘတ်ဘုရင်၊ ဒိန်းမတ်နိုင်ငံမှ ဘုရင် စတုတ္ထမြောက် ကနူတီ၊ အင်္ဂလန်နိုင်ငံမှ ဘုရင် ဝီလျံရူးပိစ်၊ ဒုတိယမြောက် အက်ဒ်ဝပ်ဒ် ဘုရင်၊ အသက်ဆယ့်လေးနှစ်မျှသာရှိသေး သော စတုတ္ထမြောက် အက်ဒ်ဝပ်ဒ် ဘုရင်တို့မှာလည်း လုပ်ကြံသတ်ဖြတ် ခြင်းခံခဲ့ကြရသည်။
အေဘရာဟမ်လင်ကွန်း၊ ဂျိမ်းစ်ဂါဖီးလ်၊ ဝီလျံမက္ကင်းလေး၊ ဂျွန် အက်ဖ်ကနေဒီ၊ ရောဘတ်ကနေဒီ၊ မဟတ္တမဂန္ဒီ၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ် ဂန္ဒီ၊ မာတင်လူသာကင်း၊ အန်ဝါဆဒတ်၊ ဂျွန်လင်နွန်၊ ယစ်ဇတ်ရာဘင် စသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသူများသည် လည်း လူသတ်ဝါဒကို ကိုင်စွဲထားကြသည့် အကြမ်းဖက်သမားများ၏ သားကောင်ဖြစ်ခဲ့ကြရရှာသည်။
သီအိုဒိုရုစဗဲ့၊ ဟာရီအက်စ်ထရူးမင်း၊ ဂါရဲရူးဒေါ့ဖ်ဖို့ဒ်၊ ရော်နယ်ရီဂင် စသည့် အမေရိကန်သမ္မတများ၊ ဗြိတိန်ဝန်ကြီးချုပ် မာဂရက်သက်ချာ၊ ပြင်သစ်သမ္မတ ချားလ်စ်ဒီဂေါ၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်စသည် တို့မှာမူ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရသော် လည်း ကံသီ၍ အသက်ဘေးမှ လွတ်ကင်းခဲ့ကြလေသည်။
ကမ္ဘာ့သမိုင်းတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသူများ စာရင်းကို စေ့ငုကြည့်မည်ဆိုပါလျှင် အရေအတွက်အားဖြင့် အများအပြား ရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံရေးကို အကြောင်းပြု၍ သတ်ဖြတ်သော လုပ်နည်းလုပ်ဟန်သည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ခန့်ကတည်းက အခြေတည်လာခဲ့သည်။ လုပ်ကြံမှုကို ကျူးလွန်သော လူသတ်သမား များသည် နိုင်ငံအတွင်း၌ သမိုင်းကြောင်း အပြောင်းအလဲရှိလာလိမ့် မည်ဟု မျှော်လင့်သဖြင့် လုပ်ကြံသတ်ဖြတ်သူများရှိသကဲ့သို့ အချို့က ထင်ပေါ်ကျော်ကြားလို၍၊ အချို့က ပုဂ္ဂိုလ်ရေးမုန်းတီးမှု အာဃာတထား ၍၊ အချို့က စိတ်ကျန်းမာရေးချို့ယွင်း၍၊ အချို့က အစွန်းရောက်၍ အကြောင်းအမျိုးမျိုးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ပစ္စက္ခမြန်မာနိုင်ငံတွင်လည်း လူသတ်ဝါဒသည် မည်သည့်ခေတ်နှင့် မျှ မတူအောင် မကြုံစဖူးခေါင်းထောင်ထလာသည်။ အကြမ်းဖက်ဝါဒီ များသည် မသိနားမလည်သော၊ အစွန်းရောက်သော လူငယ်အချို့ကို မြှောက်ပင့်စေခိုင်း၍ အကြမ်းဖက်လမ်းစဉ် လူသတ်ဝါဒကိုမျိုးစေ့ချ ပေးလျက်ရှိသည်။
အထူးသဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေး၊ ရပ်ကျိုး ရွာကျိုးသယ်ပိုးထမ်းဆောင်နေကြသူ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များကို သူလျှိုဒလန်များဟု စွပ်စွဲ၍ မကြာခဏ ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်လျက်ရှိသည်။
လူသတ်ဝါဒသည် နယ်ပယ်ကျယ်လာသည်နှင့်အမျှ၊ လုပ်ကြံ သတ်ဖြတ်မှုများသည် ခပ်စိတ်စိတ်ဖြစ်လာသည်နှင့်အမျှ အပြစ်မဲ့ ပြည်သူများမှာ စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်း မအိပ်ရ တထိတ်ထိတ်တလန့်လန့် စိုးရိမ်သောကဖြစ်ကြရသည်။
တစ်နေ့က စက်ဘီးဘီးပေါက်သံကိုပင် အနီးနားရှိ လက်ဖက်ရည် ဆိုင်ထဲရှိ လူအချို့ ထိတ်လန့်တကြား အမယ်လေးတကြသည်။ လက်ဖက်ရည်ထိုင်သောက်နေသူအဒေါ်ကြီး တစ်ဦးကမူ “နင့်စက်ဘီး ကလည်း ပေါက်စရာရှားလို့ ဒီနားလာပေါက်ရသလား၊ အလိုလိုနေ ရင်းလန့်ပါတယ်ဆိုမှ”ဟု ဆိုလေသည်။
“ရုံးသွားရတာ စိတ်ထဲမှာ မလုံခြုံဘူးဖြစ်နေတယ်၊ ကိုယ့်နောက် ကျောမှာ လူလာရပ်ရင် နောက်ကျောမလုံဘူး” ဟု ရပ်ကွက်ထဲက ညီမငယ်တစ်ဦးကလည်း ရင်ဖွင့်သည်။
ပုထုဇဉ်လူသားမှန်သမျှ အကြောက်တရားနှင့် မကင်းနိုင်ကြ။ သတ္တဝါတိုင်း ကြောက်ကြသည်။ အထူးသဖြင့် ဘယ်ရပ်ကွက်၊ ဘယ်မြို့၊ ဘယ်နယ်မှာ သူလျှိုဒလန်တစ်ဦးကို သေနတ်နှင့် ချောင်းမြောင်းပစ်ခတ် လုပ်ကြံလိုက်ပြီဟူသည့်သတင်းများ မြင်ရကြားရလျှင် အပြစ်မဲ့ ပြည်သူ တို့သည် မိမိကိုလည်း ထိုကဲ့သို့ မဟုတ်တမ်းတရားစွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခံရလေမလားဟု ကျီးလန့်စာစားဖြစ်ကြရသည်။
ခေါင်း
ဆိုင်ကယ်သံကြားလျှင်၊ ဘေးက ကားတစ်စီးဖြတ်သွားလျှင်၊ ကိုယ့်နောက်ကျောတွင် လူစိမ်းတစ်ယောက် နှစ်ယောက်ကပ်လာလျှင်၊ အို … မြင်သမျှ ကြားသမျှ အရာရာသည် ကြောက်ရွံ့စရာတွေချည်း ဖြစ်လို့နေသည်။ လူသတ်ဝါဒကို အားပေးအားမြှောက်ပြု၍ “ဒန်ပေါက် ကျွေးလိုက်ပါ” ဟု လေလှိုင်းထဲမှ စေခိုင်းသူ အကြမ်းဖက်လော်ဘီများ၊ ကာယကံမြောက် လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် လူသတ်ဝါဒကို ပြုလုပ် ဖန်တီးသူ အကြမ်းဖက်သမားများ၊ အပြစ်မဲ့ပြည်သူတစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရပြီး သေကျေပျက်စီးသည်ကို လူမှုကွန်ရက် စာမျက်နှာထက်တွင် အားရဝမ်းသာဖြစ်နေကြသည့် ဝန်းရံထောက်ခံ သူများမှအပ အကြမ်းဖက်လူသတ်ဝါဒကို ပြည်သူအများ စိတ်ပျက် မုန်းတီးရွံ့ရှာလာကြချေပြီ။
ရှေးအတီအတေကတည်းက ရိုးသားသော၊ စိတ်ထားဖြူစင်သော၊ ဘာသာတရားအဆုံးအမဖြင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်လာခဲ့သော မြန်မာ့လူ့အဖွဲ့အစည်းသည် ယခုများ လူသတ်ဝါဒကြောင့် တစ်ဦးနှင့် တစ်ဦး မယုံသင်္ကာစိတ်များဖြင့် ပြည့်နှက်နေသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။
မကြာမီ ၁၉ ဇူလိုင် အာဇာနည်နေ့သို့ ရောက်တော့မည်။ အကြမ်း ဖက် လူသတ်ဝါဒ၏ သားကောင်ဖြစ်ခဲ့ရရှာသူ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ အသက် သွေးတို့ဖြင့် ရင်း၍ပြသခဲ့သည့် သမိုင်းသင်ခန်းစာကို ကျွန်ုပ်တို့ မမေ့သင့်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူသတ် ဝါဒကို လုံးဝအလျဉ်း လက်မခံခဲ့သူဖြစ်သည်။ အာဇာနည်ခေါင်းဆောင် များကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဂဠုန်ဦးစောသည်လည်း ကနဦးသေ နတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရဖူးသည်။
ဒဏ်ရာအနည်းငယ်သာရ၍ ဆေးဝါးကုသမှုခံယူစဉ် ဗိုလ်ချုပ်သည် ဆေးရုံသို့ လူနာမေးသွားရင်း “မြန်မာပြည်လို ခေါင်းဆောင်ရှားပါးတဲ့ နိုင်ငံမှာ လူသတ်ဝါဒမထွန်းကားစေချင်ဘူး” ဟု ဆိုကာ လုပ်ကြံ သတ် ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့လေသည်။ ဦးစောကမူ သူ့ကို လုပ်ကြံ ရန် စေခိုင်းသူမှာ ဗိုလ်ချုပ်ပင်ဟု အထင်မှားကာ မဲ့ပြုံးပြုံးရင်း အာဃာတထားခဲ့လေသည်။
ထို့နောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်များကို သူ့ကိုလုပ်ကြံခဲ့စဉ်က ဂျစ်ကား အတိုင်း၊ စစ်ဝတ်စုံယူနီဖောင်းအတိုင်း တပည့်လက်ပါးစေများကို ဆင်မြန်း၍ လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့လေသည်။
တကယ်တော့ မိမိထက် အဘက်ဘက်က သာလွန်နေ၍ မစားရ သည့်အမဲ သဲနှင့်ပက်သည့် လုပ်ကြံသတ်ဖြတ်သောနည်းသည် စက်ဆုပ် ရွံရှာဖွယ်ကောင်းလောက်အောင် ဆိုးရွားသောနည်းဖြစ်သည်။ တစ်နည်းအားဖြင့် စိတ်နေစိတ်ဓာတ် ယုတ်ညံ့ခြင်းနှင့် အောက်တန်း ကျခြင်းများကို ဖော်ပြသောနည်းဖြစ်သည်။
သို့ဖြင့် အသိဉာဏ်တိုးတက်မြင့်မား၍ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းတိုင်းက ချောင်းမြောင်းလုပ်ကြံသတ်ဖြတ်သော လူသတ်ဝါဒ ကို ဆန့်ကျင်ရှုတ်ချကြရပေမည်။ အထူးသဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားရာ ပြည်မြန်မာတွင် လူသတ်ဝါဒ မပြန့်ပွားစေရေးအတွက် အချိန်မီ ဝိုင်းဝန်းကာကွယ်တားဆီးကြရပေမည်။ မြန်မာနိုင်ငံတွင် လူသတ်ဝါဒအမြစ်မတွယ်စေဖို့ ကျွန်ုပ်တို့ ပြည်သူလူထုအားလုံးတွင် တာဝန်ရှိပါသည်။
ကိုးကား - မောင်ထွန်းသူ၏ “နိုင်ငံတကာ လုပ်ကြံမှုကြီးများ”
- Log in to post comments