သမင်မွေးရင်း ကျားစားရင်း . . .

Type
၁

ဆောင်းပါး

=======

သမင်မွေးရင်း ကျားစားရင်း . . .

======================

 

မျိုးကြီး(အမရဌာနေ)

===========

 

သမင်မွေးရင်းကျားစားရင်း ဟူသော စကားပုံသည်ကား ကိုပြုံးချိုတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ရည်ရွယ် ခဲ့လေရော့သလားမသိ။ ထာဝရမြန်နှုန်းမြင့် အပြေးသမား ဟုပင် တင်စားလိုပါ၏။ လိုအပ်ချက်များက မပြည့် ... မပြည့်... မပြည့်နိုင်သေး။ မီးသုံးစွဲလိုသူတို့ရဲ့ ဆန္ဒတွေ လိုလားချက်တွေကို အပြည့်ဝဆုံးဖြစ်အောင် ဖြည့်ဆည်း အပေးချင်ဆုံးက သည်လူများသာ။ နယ်မြေအလိုက် ဝင်လာနေတဲ့ ဖုန်းတဂွမ်ဂွမ်နှင့် ကွန်ပလိန်းတွေ ကင်းပ ချင်ဆုံးကလည်း သည်လူများသာတည်း။

မိမိတို့ မြန်မာနိုင်ငံတွင် မြစ်၊ ချောင်း၊ အင်းအိုင် ရေအားအရင်းအမြစ် ပေါများကြွယ်ဝသည်ဖြစ်ရာ ရေအား လျှပ်စစ်ဓာတ်အားသာလျှင် စရိတ်အကျဉ်းဆုံးဖြစ်၍ ရေအားလျှပ်စစ်စီမံကိန်းများအမြန်ဆုံး အကောင် အထည်ဖော်ရန်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဇွန်လတွင် စတင်ရေးဆွဲသည့် ဆိုရန်တိုဗီလာ စီမံကိန်း တွင် ထည့်သွင်းခဲ့ပြီး ရေအားကို အဓိကထား၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်သုံးစွဲမှုဖြင့် စတင်ခဲ့ကြ၏။

လက်တွေ့တွင် ဇွန်၊ ဇူလိုင်၊ သြဂုတ် ၊ စက်တင်ဘာ စသည့် မိုးတွင်းကာလများတွင် ရေအားစက်ရုံများကို မောင်းနှင်ပေးနေသည့် တမံများ၌ ရေဝင်ရေထွက် ကောင်းနေပြီး ရေပြည့်ရေလျှံ ပေါင်းလန်နေသဖြင့် ရေအားစက်ရုံများမှ ဓာတ်အားအပြည့်အဝ ထုတ်လုပ်ပေး နိုင်သည်မှန်ငြားသော်လည်း အောက်တိုဘာမှ မေလ ခန့်ထိ ဆောင်းရာသီနှင့် နွေကာလများတွင် မြစ်ချောင်း များ၌ ရေဝင်ရေထွက် လျော့နည်းလို့လာ၏။ အထူးသဖြင့် မတ်၊ ဧပြီ၊ မေ နွေကာလများတွင် ရေအားစက်ရုံများ၏ တမံများ၌ စက်ကိုမောင်းနှင်နိုင်သည့် ရေ Level အောက် ရောက်သွားသဖြင့် ဓာတ်အားထုတ်လုပ်မှု ရပ်ထားလိုက် ရသည့်စက်ရုံများရှိသလို လအလိုက် ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး မျှတစွာ အသုံးပြုနိုင်ရန်အတွက် ညှိ၍ ထိန်းသိမ်းမောင်းနှင်ရသည် များရှိသဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်း မှုများရှိလာရ၏။

ထိုကာလများတွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံများနှင့် ကျောက်မီးသွေးသုံး စက်ရုံတို့က အဓိကမောင်းနှင် ထုတ်လုပ်ပေးကြရပေသည်။ ထိုကာလ နွေရဲ့ ဝေဒနာများကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ လုံးလုံးလျားလျား ကျရောက်လို့လာတော့ သည်။

အများပြည်သူ မီးမပြတ်စေရေးအတွက် နည်းမျိုးစုံဖြင့် ဖြည့်ဆည်းကြရ၏၊ ယခင်ခေတ်များက မတတ်သာသည့် အဆုံး ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် မြို့နယ် အလိုက် အလှည့်ကျမီးပေးသည့်စနစ် ကျင့်သုံးခဲ့ရသည်များ လည်း ရှိခဲ့ပါ၏။

ယခု ထိုအလှည့်ကျမီးပေးရသည့် စနစ်ကို ကျော်လွန် လာနိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် နွေကာလမူကား ကိုဗစ်ကပ်ရောဂါဆိုးကြီးကို တာဝန်ရှိသူများ၏ လမ်းညွှန်ချက် များနှင့်အညီ လိုက်နာဖြတ်သန်းခဲ့ကြရ၏။ ထိုကာလ ၂၀၂၀ ဧပြီ၊ မေ၊ ဇွန် လများအတွက် ထုတ်နုတ်ထားသည့် ပုံရိပ်သစ် တွေက ငြင်းပယ်ခြင်းငှာ မစွမ်းသာခဲ့ပေ။ ဧပြီလတွင် ဓာတ်အား သုံးစွဲသူ ဦးရေက အိမ်သုံးအမျိုးအစားမှာပင် ၅၄၂၀၃၂၉ ဦးရှိပြီး မေလအတွင်း ၅၄၄၄၉၆၅ ဖြစ်၍လာသဖြင့် ဓာတ်အားတိုးမြှင့်သုံးစွဲလာသူ ၂၄၆၃၆ ဦးရှိ၏။ ဇွန်လ တွင် ၅၅၀၂၆၂၁ ဦးထိရှိလာသဖြင့် ၅၇၆၅၆ ဦး ထပ်မံ တိုးမြှင့်သုံးစွဲလာသည်ကို မှတ်တမ်းများအရ တွေ့ရှိရ၏။

တိုးမြှင့်သုံးစွဲလာသည့် ယူနစ် မဂ္ဂါဝပ်များကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ စာရင်းကောက်ယူထားမှု တွင် ၂၀၁၉ ခုနှစ်၌ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၇၉၇ မဂ္ဂါဝပ်ဖြစ်သော်လည်း ၂၀၁၉-၂၀၂၀ ခုနှစ် ဇွန်လအထိ ၆ လတာကာလအတွင်း အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၈၂၉ မဂ္ဂါဝပ်တိုင် ရှိလာသည်ကို ကိန်းဂဏန်းများက ဖော်ပြလို့နေ၏။

လျှပ်စစ်ဓာတ်အားများ တိုးပြီးသုံးစွဲလာကြသည် မှာလည်း အကြောင်းကြောင့် အကျိုးဖြစ်သည်ဟု ဆိုရပါ မည်။ ထိုကာလများကား ကိုဗစ်ကပ်ရောဂါကို တွန်းလှန်ဖို့ ကန့်သတ်ချက်များဖြင့် နေကြရ၍ အိမ်ကိုသာ ကာရာအိုကေဆိုင်၊ အိမ်ကိုသာ အားကစားခန်းမ၊ အိမ်ကိုသာ အပန်းဖြေစခန်း၊ အိမ်ကိုသာ ဖျော်ဖြေရေး ဂေဟာအဖြစ်ဖြင့် နေခဲ့ကြရသည်လည်း ပါပေသည်။

ဤတွင် ကိုပြုံးချိုတို့ရဲ့အကြီးအကဲတွေ ခေါင်းခဲကြရ ၏။ နည်းမျိုးစုံကြံဆပြီး လျှပ်စစ်ဓာတ်အား တိုးမြှင့် လိုအပ်လာသည်ကို ဖြည့်ဆည်းပေးခဲ့ကြရ၏။

ထိုကာလတွင် ရန်ကုန်မြို့ရှိ သာကေတသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ၂၅ မဂ္ဂါဝပ် ဒီဇယ် အင်ဂျင်သုံး ဓာတ်အားပေးစက် တစ်လုံးနှင့် သီလဝါသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံရှိ ၂၅ မဂ္ဂါဝပ် ဒီဇယ် အင်ဂျင်သုံး ဓာတ်အားပေးစက် နှစ်လုံးတို့ကို မောင်းနှင် စေပြီး နေ့ညမပြတ် ထပ်မံတိုးမြှင့်ထုတ်လုပ်ကာ နိုင်ငံတော် ဓာတ်အားစနစ်၏ ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးခဲ့ရ၏။

p စာမျက်နှာ ၂၂ မှ

ကိုဗစ်ကပ်ရောဂါဆိုးကြီးနှင့် နွေကာလတွင် အများ ပြည်သူများ ဓာတ်အားပြတ်တောက်မှု မရှိရလေအောင် နိုင်ငံတော် မဟာဗျူဟာ အရန်စက်သုံးဆီမှပင် အရေးပေါ် အနေဖြင့် ဒီဇယ်ဆီ ဂါလန် ၂၀၅၀၀၀၀ တစ်ကြိမ်၊ ဂါလန် ၁၀၀၀၀၀၀ တစ်ကြိမ် နှစ်ကြိမ်ပေါင်းဒီဇယ်ဆီဂါလန် ၃၀၅၀၀၀၀ ကို ခေတ္တချေးယူခဲ့ပြီး အားချင်းဖြည့်ဆည်း မောင်းနှင်ကြရ၏။ ဒီဇယ်ဆီများမှသည် အများပြည်သူ သုံးစွဲရန် လိုအပ်နေသည့် ဓာတ်အားယူနစ်ဆီသို့ အလျဉ် မီအောင် အမြန်ဆုံး ဘဝပြောင်းပေးကြရ၏။

သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း နိုင်ငံတော် အစိုးရ မူဝါဒနဲ့ မကင်းလွတ်ရလေအောင် ဒီဇယ်ဆီများကို တင်ဒါစနစ်ဖြင့် စနစ်တကျဝယ်ယူကာ ခေတ္တရယူခဲ့ရသည့် နိုင်ငံတော်မဟာဗျူဟာ အရန်ဆီများကို ပြန်လည်ဖြည့်ပေး ခဲ့ကြရသည်။ ၂၀၂၀ ပြည့်နှစ် နွေကာလ မတ်လမှ ဇူလိုင်လ အတွင်း နိုင်ငံတော်ဓာတ်အားစနစ်၏ လိုအပ်ချက်အရ တင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့ရသည့် ဒီဇယ်ဆီ စုစုပေါင်း ဂါလန် ၆၂၀၀၀၀၀ ရှိပြီး ဖော်ပြပါဒီဇယ်အင်ဂျင်စက်များဖြင့် အလျင်းသင့်သလို မောင်းနှင်ဓာတ်အားထုတ်လုပ် ဖြည့်ဆည်းပေးခဲ့ရပါသည်။ အပြောလွယ်သလောက်အလုပ် ခက်လှပါ၏။ စက်ရုံမှ အရာထမ်း၊ အမှုထမ်းများ နေ့နေ့ ညည မနားရ၊ ပင်ပန်းကြီးစွာဖြင့် ကြိုးပမ်းကြရသည်။

နိုင်ငံတော်ဓာတ်အားစနစ်၏ အနည်းငယ်မျှသော ဓာတ်အားလိုအပ်ချက်နှင့် လစ်ဟာမှုများကို အများပြည်သူ များကလည်း နားလည်ပေးနိုင်ကြပေပြီ။

၂၀၂၀ ပြည့်နှစ် အများပြည်သူများ ဓာတ်အားတိုးမြှင့် အသုံးပြုနိုင်ရန်အတွက် ထပ်မံတိုးမြှင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည့် ဓာတ်အားပေးစက်ရုံများအနေဖြင့် အောက်ပါအတိုင်း တွေ့ရှိရပါသည်-

စဉ် စက်ရုံ စက်တပ်ဆင်

အင်အား(MW)

(က) ကျွန်းချောင်းသဘာဝ ၂၀.၅၄

ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ

(ခ) အလုံသဘာဝဓာတ်ငွေ့သုံး ၁၅၁.၅၄

ဓာတ်အားပေးစက်ရုံ

(ဂ) သာကေတ (LNG) သုံး ၄၀၀.၀၀

ဓာတ်အားပေးစက်ရုံ

(ဃ) သီလဝါ (LNG)သုံး ၃၅၀.၀၀

ဓာတ်အားပေးစက်ရုံ

(င) ကျောက်ဖြူ (LNG) သုံး ၁၅၀.၀၀

ဓာတ်အားပေးစက်ရုံ

(စ) ရွှေတောင်သဘာဝဓာတ်ငွေ့သုံး ၂၈.၀၀

ဓာတ်အားပေးစက်ရုံ

စုစုပေါင်း ၁၁၀၀.၀၈

ထို့အပြင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး ၊ စစ်ကိုင်း ၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများတွင် ၃၀ မဂ္ဂါဝပ်မှ ၅၀ မဂ္ဂါဝပ်ထိ ထွက်ရှိမည့် SOLAR လုပ်ကွက် ၃၀ ဖြင့် ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည့် Ground Mounted Solar Power Project In Myanmar ကို IPP / BOO စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ရာ အဆိုပါစီမံကိန်းဖြင့် ဓာတ်အားစတင် ထုတ်လုပ်သည်မှ နောင်အနှစ် ၂၀ တိုင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

လျှပ်စစ်ရထားကြီးကတော့ ဓာတ်ငွေ့ရည်၊ ဓာတ်ငွေ့၊ ရေအား၊ လေအား၊ နေစွမ်းအင် ကျောက်မီးသွေး၊ မြေအောက် အပူစွမ်းအင်စသည်ဖြင့် အသစ်သစ်သော စွမ်းအင်မျိုးစုံကို အသုံးချ၊ စွမ်းပကားမျိုးစုံကို ကြံဆပြီး နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ခုတ်မောင်းနေပေဦး တော့မည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းကို မီးအလင်းပေးနိုင်ခဲ့ သည့် အခမ်းအနားကြီးကို ကျင်းပနိုင်ခဲ့ပေပြီ၊ ၂၀၂၀ တွင် လည်း တတ်နိုင်စွမ်းအားရှိသမျှ တိုးမြှင့် မီးပေးနိုင်ရေး ဆက်၍- ----ဆက်၍သာ------။

ကျားကပဲ စားနိုင်လေမလား သမင်ကပဲ မွေးနိုင် ပေမလားဟု။