သမဝါယမ၏ဂုဏ်ဆောင် မဝေးတော့သည့်အနာဂတ်မှာ ထုတ်လုပ်တော့မည့် ချိုမြိန်စရာ နို့ချက်စက်ရုံ မန္တလာ

Type
5

 

မင်းခလုင်(သမ/ဦးစီး)

 

မြန်မာနိုင်ငံသည်     ရာသီဥတုမျှတပြီး      ရေမြေ သဘာဝ၊     မြေဆီမြေဩဇာ  ပြည့်ဝ၍      ရေခံမြေခံ ကောင်းမွန်သော   နိုင်ငံတစ်နိုင်ငံဖြစ်သည်။   လက်ရှိ နိုင်ငံတော်အစိုးရသည်  ထိုအခြေခံကောင်းများအပေါ် မူတည်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်းစနစ်များဖြင့်  ပိုမို ဖွံ့ဖြိုးတိုးတက်အောင်    ဆောင်ရွက်လျက်ရှိသည်။ 
ထို့ပြင်    ပြည်တွင်းရှိ   ရပ်ဆိုင်းထားသည့်  စက်ရုံ/ အလုပ်ရုံများ ပြန်လည်လည်ပတ်ပြီး  ကုန် ပစ္စည်းများ   ထုတ်လုပ်နိုင်ရန်နှင့်    ပြည်သူများသို့ ပြည်တွင်းထုတ်ကုန်များကို သက်သာသောဈေးနှုန်း ဖြင့်   ဖြန့်ဖြူးရောင်းချပေးနိုင်ရန်လည်း   ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင်   သမဝါယမအသင်းများကလည်း  သမဝါယမစနစ် ကို     အခြေခံသည့်      ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်   ဈေးကွက်အတွင်း   ပြည်ပ သွင်းကုန်      အစားထိုး     ထုတ်လုပ်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ    အထောက်အကူပြုလျက်ရှိ ပေသည်။

 


နို့ချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး
လမ်းညွှန်မှာကြား


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  မန္တလေးတိုင်းဒေသကြီး ခရီးစဉ်တွင်   သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် မန္တလေး နို့ချက်စက်ရုံကို ကြည့်ရှုစစ်ဆေး၍ စက်ရုံပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ပြီး နို့နှင့် နို့ထွက် ပစ္စည်းများ ထုတ်လုပ်နိုင်ရန်၊    ကနဦးဆောင်ရွက် ရမည့် လုပ်ငန်းများဖြစ်သည့် စက်ရုံဝင်းသန့်ရှင်းရေး နှင့်    ဥပဓိရုပ် ကောင်းမွန်ရေး ဦးစားပေးဆောင်ရွက် ရန်၊ စက်ရုံအတွင်းပိုင်းရှိ   စက်ပစ္စည်းများကို  ကြံ့ခိုင် ကောင်းမွန်အောင် ပြင်ဆင်ရန်၊ လိုအပ်သည့် စက် ကိရိယာများ၊    စက်ပစ္စည်းအစိတ်အပိုင်းများကို     ဖြည့်တင်း တပ်ဆင်ရန်၊ ရေလိုင်း၊ မီးလိုင်း၊ ဘွိုင်လာ များ စနစ်တကျရှိရန်နှင့် ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်ရာမှ   ထွက်ရှိလာမည့်   ရေဆိုးများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ် စေရန်နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်  ရေဆိုး ထုတ်မြောင်းကို  ရေစီးရေလာကောင်းမွန်အောင်      စနစ်တကျ ဆောင်ရွက်ရန်၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက စီးပွားရေးတွက်ခြေကိုက်မည့် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

 


မန္တလေးနို့ချက်စက်ရုံ၏ သမိုင်းကြောင်းနှင့်
ထုတ်လုပ်မှုအခြေအနေ


မန္တလေးနို့ချက်စက်ရုံသည်  မန္တလေးတိုင်းဒေသ ကြီး  ပြည်ကြီးတံခွန်မြို့နယ်   ထိန်ကုန်းရပ်တွင် တည်ရှိပြီး  ၁၉၈၅ ခုနှစ်  ဇန်နဝါရီလတွင် ယခင် မန္တလေးတိုင်း     သမဝါယမအသင်းစုက    စတင် တည်ဆောက်     အကောင်အထည်ဖော်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဇွန် ၁ ရက်မှစ၍ “မန်းနို့ဆီ”တံဆိပ်ဖြင့်   စားသုံးသူများထံ နို့ဆီဘူးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။ ၁၉၉၆ မှ ၂၀၁၆  ခုနှစ်အထိ Myanmar Dairy Industries ကုမ္ပဏီလီမိတက်နှင့်   အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  တစ်ရက်လျှင် အများဆုံး နို့ဆီဘူးပေါင်း ၁ ဒသမ ၂ သိန်း (တန် ၅၀)မှ  အနည်းဆုံး  နို့ဆီဘူး  ၅၅၄၀၀  (၂၂ တန်)  ထုတ်လုပ်နိုင်ခဲ့သည်။ ကုန်ကြမ်းအတွက် လိုအပ် သည့် နွားနို့ကို ကျောက်ဆည်မြို့နယ်နှင့်   တံတားဦး မြို့နယ်များရှိ  နွားနို့အဝယ်ဒိုင်များမှ    ဝယ်ယူရရှိပြီး   အခြား ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်း/ပြည်ပ ဈေးကွက်များမှ ဝယ်ယူသည်။  ၂၀၁၆-၂၀၁၇   ဘဏ္ဍာ နှစ်တွင်    မန္တလေးနို့ချက်စက်ရုံ   လည်ပတ်မှုကို   ယာယီ ရပ်နားခဲ့သည်။

 


စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် 


ယခုအခါ မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံ ပြန်လည် လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်ရုံသန့်ရှင်း ရေးနှင့်    ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို  ရာနှုန်း ပြည့် ဆောင်ရွက်ပြီးဖြစ်ရာ  လိုအပ်သည့် စက်ပစ္စည်း အစိတ်အပိုင်းအချို့ကိုလည်း ဝယ်ယူစုစည်းထားပြီး ဖြစ်သည်။ နို့ဆီဘူးထုတ်လုပ်ရာတွင် လိုအပ်သည့် အခြား   စက်အစိတ်အပိုင်းများကို    ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ သွင်းကုန်လုပ်ငန်း ရှင်များနှင့်  ချိတ်ဆက်ပြီး  ဝယ်ယူရရှိရေးအတွက် ဆောင်ရွက်လျက်ရှိသည်။  
နို့ဆီထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ် သည့် နွားနို့ကုန်ကြမ်းရရှိရေးအတွက်   မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ   ခရိုင်ခုနစ်ခုမှ  ပုဂ္ဂလိကနှင့်   သမဝါယမအသင်းများ၌ နို့စားနွား ကောင်ရေ  ၄၂၄၃ ကောင် မွေးမြူထားရှိရာ နေ့စဉ် နွားနို့ကုန်ကြမ်း ပိဿာချိန် ၁၀၉၅၈ ပိဿာ ဝယ်ယူရရှိနိုင်မည်ဖြစ် ကြောင်းသိရသည်။  စက်ပစ္စည်းများ  အပြည့်အစုံ ရောက်ရှိပါက အမြန်ဆုံး တပ်ဆင်ပြီး   ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်     မန္တလေး      နို့ချက်စက်ရုံကို  ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်ရေး      ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 


မဝေးတော့သည့် အနာဂတ်မှာ ထုတ်လုပ်တော့မည် ချိုမြိန်စရာ


နို့ချက်စက်ရုံမှ နို့နှင့်နို့ထွက်ပစ္စည်းများ အမြန် ဆုံး   ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး    စီစဉ် ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များကို လုပ်ငန်း အချိန်ဇယားပါအတိုင်း   တိတိကျကျဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကုန်ကြမ်းများ ပြတ်လပ်မှုမရှိစေဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သလို အသုံးပြုနိုင် ရေး ကြိုတင်စီမံဆောင်ရွက်ထားခြင်း၊  ဈေးကွက်ရရှိ ရေးအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားခြင်း၊ စက်ရုံမှထွက်ရှိလာမည့် ရေဆိုးများကြောင့် ပတ်ဝန်း ကျင်ညစ်ညမ်းမှု   မဖြစ်အောင်     ကြိုတင်စီမံ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ထား ခြင်း၊    လုပ်ငန်းများဆောင်ရွက်ရာတွင်    အချိန် ကြန့်ကြာမှုမရှိစေဘဲ လုပ်ရမည့် လုပ်ငန်းတာဝန်များ ကို  အားလုံးက  တက်ညီလက်ညီဖြင့်  ဝိုင်းဝန်းပြီး မြန်မြန်ဆန်ဆန်  ဆောင်ရွက်ကြခြင်း၊ တာဝန်ရှိသူ များကလည်း လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ပေးပြီး  အနီးကပ်ကြပ်မတ်ခြင်း၊   လိုအပ်နေသည့်   စက်အစိတ်အပိုင်းများကို  ရနိုင်မည့်နည်းလမ်းများရှာဖွေပြီး  အမြန်ရရှိအောင်  ဆောင်ရွက်ခြင်းတို့ဖြင့် မန္တလေးနို့ချက်စက်ရုံကို အမြန်ပြန်လည် လည်ပတ် ၍ ဈေးနှုန်းသက်သာပြီး  သန့်ရှင်းသော  ပြည်တွင်း ထုတ်  နို့ဆီဘူးများ၊  နို့နှင့် နို့ထွက်ပစ္စည်းများကို     မဝေးတော့သည့်အနာဂတ်မှာ  ပြည်သူများ ဝယ်ယူ စားသုံးနိုင်တော့မည်ဖြစ်သည်။

 


အကျိုးတူပူးပေါင်းဆောင်ရွက်ရန်
စီစဉ်လျက်ရှိ


“စုပေါင်းလုပ်ကိုင်    ဆောင်ရွက်ခြင်းသည် အောင်မြင်မှုကို ရစေသည်”ဆိုသည့် စကားသည် သမဝါယမစနစ်ကို   ဖော်ညွှန်းပြဆိုခြင်းပင်ဖြစ်သည်။ ကောင်းမွန်မှန်ကန်သောအလုပ်ကို အမှန်တကယ် ကြိုးစားဆောင်ရွက်  လုပ်ကိုင်လိုသည့်စိတ်များကိုစုစည်းပြီး အတူတကွ စုပေါင်းဆောင်ရွက်ခြင်းဖြင့် စနစ်ကျသည့်    အဖွဲ့အစည်းများ    ဖြစ်ပေါ်လာမည့် အပြင် စနစ်ကျသည့် စီးပွားရေးဖော်ဆောင်မှုပုံစံကို လည်း ရရှိလာနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ထား သည်။    ထို့အတွက်   မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်အနေဖြင့်    မန္တလေးနို့ချက် စက်ရုံကို     ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပြီးပါက   စိတ်ပါဝင်စားသည့်  လုပ်ငန်း ရှင်များနှင့်  အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ 

 


ထိုသို့    မန္တလေးနို့ချက်စက်ရုံကို     ပြန်လည် လည်ပတ်ပြီး  နို့နှင့်  နို့ထွက်ပစ္စည်းများ  ထုတ်လုပ် ဖြန့်ဖြူးရောင်းချနိုင်ခြင်းကြောင့်  ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်း၊ နို့စားနွား မွေးမြူသူများအနေဖြင့်လည်း ၎င်းတို့အတွက် နွားနို့ ရောင်းချရန်   ဈေးကွက်တစ်ခုတိုးလာပြီး   ယခင် ကထက်  ရောင်းအားတက်ကာ  ဝင်ငွေပိုမိုတိုးတက် ရရှိလာခြင်း၊    သမဝါယမအသင်းများနှင့်   လက်တွဲ ပူးပေါင်းဆောင်ရွက်သူများက     စုစည်းဖြန့်ဖြူး ရောင်းချမည်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်မှုရှိပြီး  ပစ္စည်း အပေါ် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ခြင်း၊ ပြည်တွင်း ဈေးကွက်တွင် ပြည်ပသွင်းကုန်များ နေရာယူထားမှု ကို  အထိုက်အလျောက်  အစားထိုးဖြေလျှော့ပေး နိုင်ခြင်း   စသည့်အကျိုးကျေးဇူးများ   ရရှိမည်ဖြစ် သည်။

 


အောင်မြင်သည့်  စီးပွားရေးပန်းတိုင်ဆီသို့


အချုပ်အားဖြင့်ဆိုရသော်    အနာဂတ်တွင် ပြည်သူများ၏ဘဝ သာယာလှပရေး  မျှော်မှန်းလျက်  သမဝါယမက  အကောင်းဆုံး ဝန်ဆောင်မှုများဖြင့်    ပြည်သူ့အကျိုး   သယ်ပိုးထမ်းရွက်လျက်ရှိပါသည်။ စီးပွားရေး၊  လူမှုရေး၊  ယဉ်ကျေးမှုဆိုင်ရာ  လိုအပ် ချက်များ၊   လိုအင်ဆန္ဒများကို   ဖြည့်ဆည်းနိုင်ရန်  စိတ်တူ၊ ကိုယ်တူ၊  ဆန္ဒတူသူများက  ပူးပေါင်းပိုင်ဆိုင် ပြီး    အများဆန္ဒနှင့်အညီ ကိုယ်တိုင် စီမံခန့်ခွဲဆောင် ရွက်သည့်      သမဝါယမစနစ်ကို     အခြေတည်၍  တွဲလက်ညီညီ ဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင်   အောင်မြင်သည့်  စီးပွားရေးပန်းတိုင်ဆီသို့  အရောက် လှမ်းချီနိုင်ပြီး     ပိုမိုကောင်းမွန်သည့်    စီးပွားရေး အသိုက်အဝန်းကြီးကို  တည်ဆောက်နိုင်မည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။     ။