သံစဉ်များနဲ့ ခဏတာ ..

Type

မောင်နိုင်

ဘဝတစ်ခု ရေရှည်ရှင်သန် နေထိုင်နိုင်ဖို့ဆိုရင် အလုပ်အကိုင်ရယ်၊ ငွေကြေး(ဝင်ငွေ)ရယ်၊ ဆွေးနွေးပြောဆိုနိုင်ဖို့ မိတ်ဆွေကောင်းရယ် မရှိမဖြစ် လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ လုပ်ငန်းခွင်၊ ထိုက်သင့်တဲ့ ဝင်ငွေ(လစာ)၊ ဆုံးမလမ်းညွှန် ဆွေးနွေးပေးမယ့် ဆရာသမားတွေ၊ မိတ်ဆွေတွေ ရှိနေတာတောင်မှ တစ်ခါတရံ စိတ်မကြည်တာတို့၊ စိတ်ပင်ပန်းတာတို့က ရှိတတ်စမြဲပါ။
လူလတ်ပိုင်းအရွယ်အတွက်   စိတ်ပင်ပန်းမှု၊ စိတ်မကြည်မလင်ဖြစ်မှုကို အကောင်းဆုံးကုစား ပေးနိုင်တာကတော့ အခန်းထဲ တစ်ယောက်တည်း ရှိချိန်မှာ လွတ်လွတ်လပ်လပ်နဲ့ စိတ်ကိုမျောလွင့်ပြီး ဂီတနဲ့  ထိတွေ့ပေးလိုက်ခြင်းပါပဲ။  ငယ်စဉ်အချိန် က   တိပ်ခွေတို့၊ စီဒီတို့ခေတ်တွေမှာ  ကိုယ်ကြိုက် တဲ့  အဆိုတော်တွေရဲ့ ထွက်ရှိသမျှ သီချင်းခွေတွေ    ကို မုန့်ဖိုးထဲကစုပြီး ဝယ်ယူစုဆောင်းခဲ့ပေမယ့်  ခုချိန်မှာတော့ အဲ့ဒီတိပ်ခွေတွေ၊ စီဒီချပ်တွေဖွင့်ဖို့ စက်တွေရော အခွေတွေ၊ စီဒီတွေရော ကိုယ့်နား မှာမရှိ။
ကမ္ဘာဟာ ရွာကြီးကဲ့သို့ နီးစပ်ဆက်စပ်နေတဲ့ ခုလိုခေတ်ကြီးမှာ  ဖုန်းထဲက အင်တာနက်လိုင်း ဖွင့်လိုက်ရုံနဲ့ သိချင်တာတွေ၊ ကြားချင်တာတွေ၊ မြင်ချင်တာတွေကို သိမြင်ကြားခွင့် ရရှိနေပြီ မဟုတ် လား။  သီချင်းခပ်အေးအေးလေးတွေ၊  ခံစားလို့ ကောင်းတဲ့ သီချင်းတွေသာ နားထောင်ချင်စိတ် ဖြစ်လာတာနဲ့ စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ရဲသွင် စတဲ့   အဆိုတော်နာမည်တွေကိုရှာပြီး   သူတို့ရဲ့ သီချင်းတွေနားထောင်နေရင်းနဲ့ Search Box မှာ ပေါ်လာတဲ့ အဆိုတော် ဗဒင်ရဲ့ သီချင်းတွေကိုလည်း နားထောင်ဖြစ်ခဲ့တယ်။
နားထောင်နေရင်း ရောက်လာတဲ့ သီချင်းက ‘သိုးမည်းတွေအကြောင်း’။ အဲ့ဒီသီချင်း တစ်ခေါက် ဆုံးသွားချိန် ထပ်နားထောင်ချင်သေးတာနဲ့ Repeat လေး နှိပ်ထားပြီး နှုတ်ကလည်း သီချင်းစာသား   ကို   ရသလောက်လေး  လိုက်ညည်းနေမိတယ်။ ဟိုးငယ်ငယ်တုန်းက  နားထောင်ခဲ့ရတဲ့ သီချင်းကို ခုအရွယ် ပြန်လည်နားထောင်လိုက်ချိန်မှာ သီချင်း စာသားပါ အကြောင်းအရာတွေနဲ့ လက်ရှိကာလ အဖြစ်အပျက်တွေကို    ချိန်ညှိပုံဖော်မိလိုက်ရာ သိုးမည်းတွေရဲ့နေရာမှာ  ကိုယ်ချစ်ခင်လေးစားရ တဲ့   ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပုံရိပ်တွေ စီတန်းပြီး ပေါ်လာတော့တယ်။
သီချင်းစာသားလေးကို  ပြန်ပြီးသတိရအောင် အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ “xxx ဘုရား ကျောင်းလဲ မင်းကမတက်တာ အတော်ကြာပြီ xxx အပေါင်းအသင်းများ  စုမိတဲ့အခါ   ငယ်စဉ်က  အကြောင်းတွေကို    ပြန်ပြီးပြောဖြစ်တယ်ဆို မင်းသတင်း   မင်းနာမည်   မင်းအကြောင်းများ ရောက်လာရင်   ပြောရင်း   စိတ်ထိခိုက်တယ် မင်းကတော့    တို့နဲ့ပါမလာပဲ   အမှောင်ထဲမှာ ဆက်လျှောက်နေဆဲ xxx    ဘုရားကျောင်းရှေ့ လမ်းမကြီးပေါ်    ငါကိုယ်တိုင်   အတွေးများနဲ့ မျောလွင့်ရင်း အိမ်ပြန်မလို့ လမ်းလျှောက်လာစဉ် ဒီကနေ့ပွဲတော်ဆိုတာ ဘုရားကျောင်းက ထွက်လာ သူတွေ တွေ့လိုက်မှ သိလာစဉ် အလွန်ပဲဝမ်းနည်း သွားပြီး ရုန်းထွက်ဖို့ ဆုံးဖြတ်တာတွေလဲ ငါမင်းကို ပြောပြချင်တယ်  xxx တို့ကတော့  တို့ကတော့ တို့ကတော့ ဘုရားကျောင်းထဲ ပြန်ရောက်တဲ့အချိန် မင်းကတော့ ဝေးဝေးနေနေဆဲ xxx တို့ကတော့ တို့ကတော့ တို့ကတော့ ဝေးဝေးကနေ ဆုတောင်း ပေးမယ် ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ xxx မင်းဆိုးလို့ဝရင် မင်းမိုက်လို့ဝရင် ဘုရားကျောင်းထဲ မင်းလေး လိုက်လာနော် သိုးမည်းဟောင်းကြီးတွေ ပြေးထွက်လာပြီး မင်းကိုကြိုနေမယ် xxx”။
သီချင်းလေးက   ခေတ်တွေကြာခဲ့ပေမယ့် ခုချိန်ကာလ Civil Disobedience Movement-CDM လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတချို့အတွက် စာသားလေးသာ ပြောင်းလိုက်ရင် ကွက်တိ ဒက်ထိ ပါပဲ။ သီချင်းကို အကြိမ်ကြိမ်နားထောင်နေရင်း ကိုယ်နဲ့ သွေးမတော် မျိုးမစပ်ပေမယ့် နိုင်ငံ့ဝန်ထမ်း အများစုနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဆုံခဲ့ကြဖူး တယ်။  ရင်းနှီးခဲ့ကြဖူးတယ်။  ရိုင်းပင်းကူညီခဲ့           ကြဖူးတယ်။ ဌာနတွေကိုယ်စီ  အသီးသီးရောက်ခဲ့ ပြန်တော့လည်း အလုပ်ကိစ္စတွေနဲ့  အစည်း အဝေး တွေ၊ နှီးနှောဖလှယ်ပွဲတွေမှာ ဆုံခဲ့ကြရပြန်တယ်။ ကျရာဌာနကို  ကိုယ်စားပြုပြီး  လုပ်ငန်းကိစ္စတွေ မှာလည်း  အပြန်အလှန် ကူညီပေးခဲ့ကြတာတွေ    ကို   ပြန်လည်မြင်ယောင်ရင်း  လော်ဘီစကား တွေကြားက ရုန်းမထွက်နိုင်ဘဲ ရုံးမတက်နိုင်ဖြစ်နေ ကြတဲ့  မိတ်ဆွေဝန်ထမ်းတွေ၊  ညီငယ် ညီမငယ် ဝန်ထမ်းတွေအတွက်  စိတ်မကောင်း ဖြစ်ရပြန် တယ်။
CDM  မှာပါဝင်ဖို့  ဒိတ်ဒိတ်ကြဲ  စာသားတွေ လူမှုမီဒီယာမှာ  အပြိုင်အဆိုင်တင်ခဲ့ကြတဲ့  တချို့ နိုင်ငံ့ဝန်ထမ်းတွေကတော့  ကိုဗစ်-၁၉ ကာလရဲ့ မွန်းကျပ်မှုတွေကို     တစ်ပတ်ကျော်လောက် ဖော်ထုတ်ခဲ့ပြီးချိန်မှာ   ဆိုးလို့လည်း  ဝသွားပြီ၊ မိုက်လို့လည်းဝခဲ့ပြီ  ဖြစ်တာကြောင့်   လမ်းမှား        ကနေ လမ်းမှန်ကို ပြန်လှည့်လာပြီး အပြုံးမပျက်ဘဲ ရုံးပြန်လည်တက်နေကြပြီဖြစ်တဲ့အတွက်  ဘဝ အနေမပျက်  ဆက်လက်ရပ်တည်နေနိုင်တာတွေ ကို တွေ့မြင်ကြားသိရတာကလည်း ဝမ်းသာစရာ ပါပဲ။ သီချင်းထဲကလိုပဲ လမ်းမှန်နဲ့ ပို၍ပို၍ အဝေး ကို ရောက်သွားကြပြီး CDM ဆိုတဲ့ လမ်းမှားကို လျှောက်နေကြတဲ့   နိုင်ငံ့ဝန်ထမ်းတွေအတွက်    လည်း  ဆုတောင်းပေးရုံမှတစ်ပါး အခြားမရှိတော့ သလို  လမ်းမှန်ကို ပြေးဝင်လာပြီး ရုံးပြန်တက် ကြမယ့်   နိုင်ငံ့ဝန်ထမ်းများကိုလည်း   လုပ်ဖော် ကိုင်ဖက်တွေ၊  ဆရာသမားတွေက  နွေးထွေးစွာ ကြိုဆိုနေကြမယ်ဆိုတာ ယုံကြည်နေမိတယ်။
လူသားတွေရဲ့ စိတ်ဆိုတာက မကောင်းမှုမှာ မွေ့လျော်တတ်တာကြောင့် မကောင်းမှု စရိုက်ဆိုး တွေကို   မပြုလုပ်မိဖို့၊  မကျူးလွန်မိဖို့အတွက် မင်္ဂလသုတ်အစမှာကို ‘အသေဝနာ စ ဗာလာနံ’ဆိုပြီး တားမြစ်ထားတာ ဖြစ်ပါတယ်။ ‘မကောင်းမှုတွေ ဟူသမျှကို မတွေ့ခင်က ရှောင်ကြဉ်လေ။ တွေ့ကြုံ လာရင် မလွန်ကျူးနဲ့ အထူးသဖြင့် စောင့်စည်းနေ’ ဆိုတဲ့ မင်္ဂလာတရားတော်လာ အဆုံးအမအတိုင်း ကိုယ့်စိတ်နှလုံးကို  ပူလောင်စေမယ့်၊  ဆင်းရဲဒုက္ခ ရောက်စေနိုင်မယ့်  CDM မှာ  ပါဝင်ခြင်းတွေကို မပြုလုပ်မိအောင်၊ သွေးထိုးလှုံ့ဆော်မှု မပြုမိအောင် နိုင်ငံ့ဝန်ထမ်းအသီးသီးက   ဝိုင်းဝန်းထိန်းသိမ်း လိုက်နာကြဖို့ လိုပါတယ်။
သီတဂူဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒ စကား တစ်ခုကို  ထုတ်နုတ်ဖော်ပြရရင်  “အမှားလုပ်ပြီး လူချစ်မခံပါနဲ့၊  အမှန်လုပ်ပြီး  လူမုန်းခံလိုက်ပါ၊ အဲ့ဒီအမှန်တရားက သံသရာမှာ အားဆေးတစ်ခွက် ဖြစ်လိမ့်မယ်” လို့ မိန့်ကြားထားတာ မှတ်သားထား ခဲ့ဖူးတယ်။  မကောင်းမှုအမှားကို  ဆက်လုပ်ရင် ‘အပြစ်’  ဆိုတဲ့ အကျိုးသက်ရောက်မှုကလည်း မဖိတ်ခေါ်ဘဲ   ဘဝထဲကို  ရောက်ရှိလာတတ်ပြီး  စိတ်နှလုံးကို ပူလောင်စေတတ်တယ်ဆိုတာကို မမေ့ လျော့စေချင်ပါဘူး။ 
ဒါကြောင့် CDM  ဆိုတဲ့  ခေတ်မမီတော့တဲ့ အတွေးအခေါ်အမှားတွေကို  ဟန်ရေးတပြင်ပြင်နဲ့ မာန်မချဘဲ  ဆက်လုပ်နေကြမှာလား။  ပြည်သူ      တွေအတွက် မှန်ကန်တည့်မတ်တဲ့ နိုင်ငံ့တာဝန်    ကို ထမ်းဆောင်ဖို့  ရုံးပြန်လည်တက်ကြမလား ဆိုတာကို ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေက မှန်ကန်သောလုပ်ရပ်ကို သံသရာအတွက် အမြန်ဆုံး ရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက် ရပါတယ်။        ။