
နေပြည်တော် ဒီဇင်ဘာ ၂၅
သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်း ကျွန်းမြို့နယ် နနွင်းကုန်းရပ်ကွက် သုမင်္ဂလာလမ်း တွင် မင်းလှစိုး(ခ)အဖွာရ်အဒ် မောင်းနှင်ပြီး လှချို(ခ)အဒူရာမန်နှင့် ဝေဇင်(ခ)သော်ဇင်လတ် (ခ)အာလာ ဖတ်တို့လိုက်ပါလာသည့် Vigo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲတွင် ၎င်းတို့ ငှားရမ်းနေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွား ရေးရပ်ကွက် ကျန်စစ်သားလမ်း အိမ်အမှတ် (၁၇၀)ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို သုံးဦးကို ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်