
နေပြည်တော် နိုဝင်ဘာ ၁၇
အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး(ခ) မင်းကြီး (၁၉)နှစ်ကို ဖမ်းဆီးရမိခဲ့သည်၊၊
တရားခံ အောင်ဇင်ဖြိုး(ခ)မင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၄ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၆) ရပ်ကွက် ပြည်ထောင်စုလမ်းရှိ Hotel 46 အား ဝင်ရောက်ရှာဖွေခဲ့ရာ အကြမ်းဖက်မှု နှင့် ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် အဓိကတရားခံ ဖြစ်သော မြတ်သူ(ခ)နတ်ဆိုး (၃၂)နှစ် နှင့်အတူ ဇင်ကိုလင်း (၂၅)နှစ်၊ မြသန္တာခိုင် (၂၅)နှစ်၊ လဲ့ရည်ဖြိုး(၂၉)နှစ်၊ အောင် စည်သူခန့် (၂၁)နှစ်တို့ ငါးဦးကို ဖမ်းဆီး ရမိခဲ့သည်။
တရားခံ မြတ်သူ(ခ)နတ်ဆိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် စံပယ်ဖြူကွန်ဒိုအား ဝင်ရောက်ရှာဖွေခဲ့ရာ တေဇာနေလင်း (၂၀)နှစ်၊ မင်းသွေးမြင့် (၂၄)နှစ်၊ စည်သူဟိန်း (၂၈)နှစ်၊ အောင်မင်းခန့် (၁၉)နှစ်၊ မင်းမောင် (၃၁)နှစ်၊ ဝေယံဦး (၂၆)နှစ်တို့ ခြောက်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်စည်သူခန့် ၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၁)ရပ်ကွက် ရန်အောင်လမ်းနေ စိုးသူ(၃၆)နှစ်ကိုလည်းကောင်း၊ တရားခံ စိုးသူ ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)ရှိ Htun Brother သံထည်ဆောက်လုပ်ရေးဝင်းအတွင်းမှ M-4 သေနတ် သုံးလက်၊ M-4 ကျည်အိမ် လေးခု၊ M-16 ကျည်အိမ် နှစ်ခု၊ MK-12 သေနတ် တစ်လက်၊ MK-12 ကျည်အိမ် နှစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၁၄၄ တောင့်၊ ၁၂ ဗို့ ကျည် ၄၀ တောင့်တို့ သိမ်းဆည်းရမိ ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် Rock Star စားသောက်ဆိုင်၌ ဇင်သူလင်း(၂၅)နှစ်၊ ဆွေလင်းအောင် (၂၉)နှစ်နှင့် အောင်ဖြိုး ပိုင် (၂၂) နှစ်တို့ကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
တရားခံ ဆွေလင်းအောင်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် သရက်တောလမ်း စည်ပင်ရုံးအနီးတွင် ဇင်မင်းထွန်း (ခ)ဒိုလေး(၂၆)နှစ်၊ စံသိန်း (၃၁)နှစ်တို့ကို MK-12 တစ်လက်၊ MK- 12 ကျည်အိမ် နှစ်ခု၊ AK-47 နှစ်လက်၊ AK-47 ကျည်အိမ် လေးခု၊ M-16 တစ်လက်၊ M-16 ကျည်အိမ် နှစ်ခု၊ ၁၂ ဗို့ကျည် ၁၅ တောင့်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၀၊ ၇ ဒသမ ၆၂ ကျည်တောင့် ၁၁၀ တို့ဖြင့် လည်းကောင်း၊ လှိုင်မြို့နယ် ကန်လမ်း လှိုင်မြင့်မိုရ်အိမ်ရာ တိုက်(၁၀) သုံးလွှာမှ ရန်မျိုးအောင်၊ ရန်နိုင်ထွန်း၊ အောင်နိုင်ဦး (ခ) အိုစမာတို့ သုံးဦးကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်ဖြိုးပိုင်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၅ ရက်တွင် ဒဂုံ မြို့နယ် ယောမင်းကြီးရပ်ကွက် အမှတ် (၆၁/အေ) ခြောက်လွှာရှိ နေအိမ်မှ ရဲရင့်အောင် (၂၄)နှစ်နှင့် ကျော်ဇောလင်း (၂၀)နှစ်တို့ကိုလည်းကောင်း၊ ဇင်မင်း ထွန်း (ခ) ဒိုလေး ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၃ ရပ်ကွက် ဥဿဖရားလမ်း အမှတ်(မရှိ)နေအိမ်မှ ကျော်သူအောင်(၂၈)နှစ်၊ အိကေခိုင်(၂၈)နှစ်တို့ကို Sigsauer ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၂၄ တောင့်၊ လက်လုပ်ဗုံး လေးလုံး၊ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ဆွေလင်းအောင်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၆ ရက်တွင် မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် (၄)လမ်း အမှတ်(၃၂၄)မှ အောင်မြင့်သိန်း (၃၂)နှစ်၊ ခိုင်ဇင်သော်(၃၁)နှစ်တို့ကို လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် (၂၉)ရပ်ကွက် သစ်ရာပင်လမ်းတွင် Area- 5 အဖွဲ့ခွဲခေါင်းဆောင် အောင်ကိုဦး(ခ) ခေါင်းကြီး (၂၈)နှစ်နှင့် မျိုးမင်းခိုင် (၂၇)နှစ်တို့ကိုလည်းကောင်း၊ တောင် ဥက္ကလာပမြို့နယ် (၉)ရပ်ကွက် ကျော်သူ လမ်း တိုက်အမှတ်(၈၀၃) သုံးလွှာရှိ ထိန်လင်း(၃၂)နှစ်၊ ဝင်းအေး (၂၇)နှစ်၊ ဟိန်းထက်အောင်(၂၀)နှစ်၊ စောဘယ်လ် ဇင်ထူး (၂၁)နှစ်၊ အောင်အောင် (၂၄)နှစ်၊ အောင်ပိုင်ဖြိုး(၂၆)နှစ်တို့ကို Sigsauer ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၂၃ တောင့်တို့နှင့်လည်းကောင်း၊ ဝေယံဦး ၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် စံပယ်ဖြူကွန်ဒိုတွင် မိုးစည်သူ(ခ)မောင်မိုး (၂၄)နှစ်ကို လည်းကောင်း အသီးသီး ထပ်မံဖမ်းဆီး ရမိခဲ့သည်။
တရားခံ အောင်ကိုဦး(ခ)ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် (၃)ရန်ပြေရပ်ကွက် ဗိုလ်မင်းရောင်လမ်း အမှတ်(၂၀) နေအိမ် အား ဝင်ရောက်ရှာဖွေရာ M-16 နှစ်လက်၊ M-16 ကျည်အိမ် လေးခု၊ ၅ ဒသမ ၅၆ ကျည် ၉၉ တောင့်၊ AK-47 နှစ်လက်၊ AK-47 ကျည်အိမ် လေးခု၊ ၇ ဒသမ ၆၂ ကျည် ၁၁၅ တောင့်၊ လက်လုပ်ဗုံး နှစ်လုံး တို့ကိုလည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ် ကြီးပွားရေးရပ်ကွက် သမိန်ဗရမ်း လမ်း အမှတ်(၂၉၁၊ က/ခ) လေးလွှာ၊ နှင်းဆီအခန်းအား ဝင်ရောက်ရှာဖွေရာ သီဟကျော်(၂၃)နှစ်၊ အောင်ကိုလင်း (၂၄)နှစ်၊ အောင်ကျော်ကျော်(၂၁)နှစ်တို့ သုံးဦးကို M-16 နှစ်လက်၊ M-16 ကျည်အိမ် လေးခု၊ MK-12 နှစ်လက်၊ MK-12 ကျည်အိမ် လေးခု၊ Sigsauer ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၅ ဒသမ ၅၆ ကျည်တောင့် ၁၃၀၊ ၁၂ ဗို့ကျည် ၂၈ တောင့်၊ ၉မမ ကျည် ခုနစ်တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ ငစစ်မှာ အမှတ် (၂၉၁၊ က/ခ) ငါးလွှာမှ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့သဖြင့် အသေဖမ်းဆီးရမိခဲ့သည်။
တရားခံ ဆွေလင်းအောင်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၆ ရက်တွင် ဗဟန်း မြို့နယ် ဗိုလ်ချိုရပ်ကွက်၊ အင်ကြင်းမြိုင် အိမ်ရာအနီးတွင် အံ့ကမ္ဘာ (၂၁)နှစ်၊ အားမာန်စိုး(၃၂)နှစ်၊ ခင်စပယ်အောင်(၁၉)နှစ်၊ သီတာအေးစုအောင် (၂၃)နှစ်တို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
b စာမျက်နှာ ၁၆ မှ
တရားခံ အောင်ကိုဦး(ခ) ခေါင်းကြီး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် မရမ်းကုန်းမြို့နယ် အလယ်ဗဟိုလမ်း Apolo Hotel အနီးတွင် ရဲလင်းဦး(ခ) နဘီး(၂၆)နှစ်နှင့် ကေသွယ်ဖြိုး(၂၃)နှစ် တို့ကို MK-12 နှစ်လက်၊ ကာဘိုင် တစ်လက်၊ လက်လုပ်ပစ္စတို သုံးလက်၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ၁၂ ဗို့ကျည် တောင့် ၅၀၊ ၉ မမ ကျည် ၄၅ တောင့်၊ လက်လုပ်မိုင်း လေးလုံး၊ ရီမုတ်မိုင်း လေးလုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ဆွေလင်းအောင်၏ ထွက်ဆို ချက်အရ နိုဝင်ဘာ ၁၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ဆရာစံလမ်း City Mart အနီးတွင် အောင်ဘုန်းကျော်(ခ) O2 (၂၃)နှစ်အား M-79 ဗုံးပစ်လောင်ချာ တစ်လက်၊ M-79 ဗုံးသီး ငါးလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဗဟန်းမြို့နယ် ယူနိုက် တက်ကွန်ဒိုမှ M-16 ခြောက်လက်၊ M-16 ကျည်အိမ် ၂၅ ခု၊ MK-12 တစ်လက်၊ MK-12 ကျည်အိမ် အတို/အရှည် ခြောက်ခု၊ AK-47 တစ်လက်၊ AK-47 ကျည်အိမ် နှစ်ခု၊ မှန်ပြောင်း တစ်ခု၊ ၄၀ မမဗုံးသီး ၁၂ လုံး၊ ၁၂ ဗို့ကျည်တောင့် ၅၀၊ ရှေ့ထွက်မိုင်း လေးလုံး၊ ပစ္စတိုကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၃၅ တောင့်၊ ၇.၆၂ ကျည်တောင့် ၅၀၊ ၅.၅၆ ကျည် ၁၀၈၅ တောင့်၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့် (မီးခိုးရောင်) ခုနစ်ထုပ်တို့ကို သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ KNLA တပ်မဟာ(၆)တွင် ထွက်ပြေးတိမ်းရှောင်နေသော ဖမ်းဆီးရန် ကျန် သန်လျင်မြို့နယ် NLD ပါတီဝင် တရားခံ ဝင်းကို(ခ) စံရှားမှ Special Operation Force-SOF အကြမ်းဖက် အဖွဲ့အား Area-1 မှ Area-7 အထိ ဖွဲ့စည်း ထားပြီး ၎င်းအဖွဲ့ဝင်များအား NUG မှ တရားခံပြေး လွင်ကိုလတ်၏ စေခိုင်းချက် အရ KNLA မှ ရင်းမှူးအဆင့်ရှိ ရန်နိုင်သည် KNLA တပ်မဟာ (၆)နယ်မြေအတွင်း လက်နက်ငယ်သင်ခန်းစာများ၊ ဒရုန်းများ တွင် ဗုံးတပ်ဆင်၍ ဖောက်ခွဲဖျက်ဆီးခြင်း နှင့် အကြမ်းဖက်ဖောက်ခွဲရေး သင်ခန်းစာ များ သင်ကြားပေးခဲ့ကြောင်း၊ သင်တန်း တက်ရောက်စဉ် လွင်ကိုလတ်နှင့် ရန်နိုင် တို့က လာရောက်ကြည့်ရှု၍ သင်တန်းဆင်း ပါက ရန်ကုန်မြို့အတွင်း နယ်မြေအလိုက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ပါက ဖြိုးဇေယျာသော်(ခ)မောင်ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် လိုအပ်သော ငွေကြေး၊ လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများအား ထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ဖမ်းဆီးရမိတရားခံများမှ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက် ခဲ့မှုအနေဖြင့်-
- Area-3 အဖွဲ့မှ တရားခံ ထက်မိုး လွင်သည် စက်တင်ဘာ ၅ ရက် တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင်နှင့်အတူ သာကေတ မြို့နယ် (၅) ရပ်ကွက်ရှိ အမှတ်(၁) ရဲစခန်းအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း။
- Area -1 အဖွဲ့မှ တရားခံ ဇင်မင်း ထွန်းသည် စက်တင်ဘာ ၄ ရက် တွင် မြောက်ဥက္ကလာပမြို့နယ် ဗိုလ်မှူး ဗထူးတံတားထိပ်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား တိုက် ခိုက်ရန်အတွက် ဝင်းကို(ခ)စံရှားထံ တင်ပြခဲ့ရာ ၎င်းက အသုံးပြုမည့် လက်နက်များအား ဆွေလင်းအောင်ထံမှ ရယူရန် ချိတ်ဆက် ပေးခဲ့ကြောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် ဇင်မင်း ထွန်းသည် ဖမ်းဆီးရန် ကျန် တရားခံ ဟိန်းမင်းစိုးနှင့် ရှိုင်းထက် အောင်တို့ကို ပစ်ခတ်သူများ အဖြစ်လည်းကောင်း၊ စည်သူအား ယာဉ်မောင်းအဖြစ် လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ အောင်ထွန်း၊ စစ်နိုင်၊ နိုဗယ်ဦး၊ ဒေါင်းမာန်ချီ၊ အောင်လေး၊ အိကေခိုင်၊ မြတ်သူတို့အား စောင့်ကြည့်သတင်းပို့ ပြုလုပ်သူ များအဖြစ် လည်းကောင်း၊ ဇင်မင်း ထွန်းသည် လက်နက်သိမ်းဆည်း ရေးအဖြစ် လည်းကောင်း အဖွဲ့ဝင် ၁၁ ဦးဖြင့် မြောက်ဥက္ကာလာပ မြို့နယ် တံတားပေါ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
- Area-3 အဖွဲ့မှ အောင်ပိုင်ဖြိုးသည် အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင်၊ သော်က၊ စောဘယ်လ် ဇင်ထူးတို့နှင့်အတူ ဗားကရာ လုံခြုံရေး အဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရန် ဆွေးနွေးခဲ့ ကြောင်း၊ အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လုံခြုံရေး အဖွဲ့ဝင်များအား တိုက်ခိုက်နိုင် ရေး ထက်မိုးလွင်၊ ဟိန်းထက် အောင်၊ စည်သူဟိန်းတို့ဖြင့် စောင့်ကြည့် သတင်းပို့စေခဲ့ ကြောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် စောဘယ်လ်ဇင်ထူးက ယာဉ်မောင်းအဖြစ်လည်းကောင်း၊ သော်ကနှင့် လင်းရောင်တို့က ပစ်ခတ်သူများ အဖြစ် လည်းကောင်း၊ အောင်ပိုင်ဖြိုးက မှတ်တမ်းတင်အဖြစ် လည်း ကောင်း လိုက်ပါ၍ ဗားကရာ လုံခြုံရေး အဖွဲ့ဝင်များအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပန်းလှိုင်လမ်း၌ အသင့်စောင့်ဆိုင်း နေသော ဆွေလင်းအောင် မောင်း နှင်သည့် Honda Insight ယာဉ် ဖြင့် ပြောင်းလဲထွက်ခွာခဲ့ကာ ပစ်ခတ်မှုဖြစ်စဉ်တွင် အသုံးပြု ခဲ့သော Honda Airwave ယာဉ် အား ပန်းလှိုင်လမ်း၌ ထားခဲ့ ကြောင်း။
- Area-2 အဖွဲ့မှ တရားခံ ဇင်သူ လင်းသည် အောက်တိုဘာ ၂၄ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ လင်းရောင်နှင့်အတူ တောင်ဥက္ကလာပမြို့နယ် (၁၂)ရပ်ကွက် ဓမ္မာရုံအနီးရှိ ကင်းတဲ အား လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း။
- Area-2 အဖွဲ့မှ တရားခံ ဇင်ကို လင်းသည် နိုဝင်ဘာ ၆ ရက် တွင် မြတ်သူ (ခ) နတ်ဆိုး ၏ စေခိုင်းမှုဖြင့် အောင်စည်သူခန့် (ခ) သီဟနှင့်အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတွင် လက်လုပ်ရီမုတ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း။
- Area-5 အဖွဲ့မှ တရားခံ အောင်ကို ဦးအား နိုဝင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့ဖြစ်သည့် SOF အဖွဲ့ခေါင်းဆောင် ဝင်းကို(ခ)စံရှားက သာကေတမြို့နယ် ဘက်ခြမ်းရှိ သန်လျင်တံတား လုံခြုံရေး အဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရန် ညွှန်ကြား ခဲ့ရာ နိုဝင်ဘာ ၁၅ ရက်တွင် ဖက်တီး မောင်းနှင်သော Probox အမျိုးအစားယာဉ်ပေါ်တွင် ပီတာ၊ အောင်ကိုဦး၊ ဂျုတ်၊ ဘရာဗိုတို့ သည် ပစ်ခတ်ရေးအဖြစ် လည်း ကောင်း၊ ငစစ်၊ မာရီယို၊ စံပယ်၊ အားမာန်စိုးတို့သည် စောင့်ကြည့် သတင်းပို့အဖြစ် လည်းကောင်း ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန် သစ်ရပ်ကွက်ရှိ Safe House နေအိမ်တွင် လက်နက်/ခဲယမ်း များအား သိုဝှက်ကာ လူစုခွဲခဲ့ ကြောင်း။
- Area -7 အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်တွင် ဝင်းကို(ခ)စံရှား၏ စေခိုင်းမှုဖြင့် ထန်းတပင်မြို့နယ် စစ်ဆေးရေးဂိတ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား CRV အမျိုး အစား လိုင်စင်မဲ့ယာဉ်ပေါ်မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါယာဉ်အား ဖမ်းဆီးရန် ကျန်တရားခံ ခွန်သက မောင်းနှင်၍ ကျားပေါက်နှင့် ကြက်ပေါက်တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်နိုင် ထွန်းနှင့် အောင်နိုင်ဦးတို့က စောင့်ကြည့် သတင်းပို့အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ပစ်ခတ် တိုက်ခိုက်သည့် ဗီဒီယိုဖိုင်အား CRV ယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်တွင် လက်ကိုင်ဖုန်းအား ကလစ်ညှပ်၍ ရိုက်ကူးခဲ့ကြောင်း၊ CRV ယာဉ် အား ရေမြောင်းအတွင်းသို့ ထိုးချ ခဲ့ပြီး လက်နက်/ ခဲယမ်းများအား ကြက်ပေါက်ထံတွင် သိမ်းဆည်း ခဲ့ကြောင်း။
ဖော်ထုတ်သိရှိ
ဖြစ်စဉ်တွင် တရားခံ ကျား ၄၀၊ မ ခုနစ်ဦး ပေါင်း ၄၇ ဦးအား လက်နက်ငယ် မျိုးစုံ ၃၄ လက်၊ ကျည်အိမ်မျိုးစုံ ၇၀၊ ကျည်မျိုးစုံ ၂၁၀၅ တောင့်၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်ဗုံး ၁၀ လုံး၊ ရီမုတ်မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း လေးခု၊ မီးခိုးဗုံး ငါးလုံး၊ ရှို့ပစ် နှစ်လုံး၊ ယမ်းမှုန့် (မီးခိုး ရောင်) ခုနစ်ထုပ်၊ မှန်ပြောင်း တစ်ခုနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဆေးစစ် ချက်အရ မူးယစ်ဆေးဝါးများ သုံးစွဲ၍ အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ လွင်ကိုလတ်သည် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် KNLA တပ်မဟာ(၆)တွင် တိမ်းရှောင်လျက် ရှိသော ဝင်းကို(ခ)စံရှားနှင့် ချိတ်ဆက်ကာ ၎င်းအဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်း၊ လက်နက်/ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်း များ ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ညွှန်ကြားမှုများ ပြုလုပ်ခဲ့
လွင်ကိုလတ်သည် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများအား ပြုလုပ် ရာတွင် Area အလိုက် တာဝန်ပေးထား သူများအနေဖြင့် ဖြိုးဇေယျာသော်(ခ) မောင်ကျော်နှင့် ချိတ်ဆက်၍ အများ ပြည်သူများ ထိခိုက်နစ်နာစေရန်နှင့် အထိတ်တလန့် ဖြစ်စေရေးအတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာ များတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် Zoom Meeting မှ တစ်ဆင့် ညွှန်ကြားမှုများ ပြုလုပ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
SOF အကြမ်းဖက်အဖွဲ့အနေဖြင့် ဖမ်းဆီးရန်ကျန် တရားခံ ဝင်းကို(ခ)စံရှား ၏ စေခိုင်းမှုဖြင့် နိုဝင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ် ဂန္ဓမာဟိုး ဆေးကုန်တိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ရန်ကင်းမြို့နယ် ကျောက်ကုန်း မီးပွိုင့်ရှိ ယာဉ်ထိန်းရုံးတို့အား ယာဉ် နှစ် စီးဖြင့် ပစ်ခတ်နိုင်ရေး စီစဉ်လျက်ရှိ ကြောင်းနှင့် အဖွဲ့အလိုက် သက်ဆိုင်ရာ မြို့နယ်များတွင် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ပစ်ခတ်တိုက်ခိုက်ခြင်းများအား နိုဝင်ဘာ ၁၅ ရက်မှစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် စီစဉ်နေစဉ် တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။
၎င်းတို့အား ထပ်မံဖော်ထုတ်ချက်အရ ၎င်းတို့၏ရည်ရွယ်ချက်မှာ သီတင်းကျွတ် ကာလအတွင်း မိဘပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် ဘုရားကျောင်းကန် သွားရောက်ခြင်း၊ ကုသိုလ်အလှူပွဲများ ပြုလုပ်ခြင်း၊ မိသားစုအေးချမ်းပျော်ရွှင် စွာ အပန်းဖြေခရီးသွားလာမှုများဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်း၍ ပုံမှန် သွားလာစည်ကား ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် မနာလိုမရှုဆိတ် စွာဖြင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားမှုပျက်ပြား စေရန် ဆရာ ဆရာမများကို သတ်ဖြတ် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ် ရေးမှူးများအား သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် ဆောင်ရွက်ထားကြောင်း၊ တန်ဆောင်တိုင်ကာလမတိုင်မီ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ပြည်သူများ ထိတ်လန့် တုန်လှုပ်ချောက်ချားပြီး တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အဖျက် အမှောင့်လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင် ရန် NUG မှ ဇော်ဝေစိုး၊ ရည်မွန်၊ လွင်ကို လတ်တို့က ၎င်းတို့၏ လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား နိုင်ငံအနှံ့ အဖျက်အမှောင့်များနှင့် အကြမ်းဖက် မှုများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း သိရသည်။
အရေးယူဆောင်ရွက်သွားမည်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟို အဖွဲ့မှ နေအိမ်/တိုက်ခန်း ငှားရမ်းနေထိုင် သူများအနေဖြင့် အကြမ်းဖက်မှု ကျူးလွန် ကြောင်း ဖော်ထုတ်တွေ့ရှိပါက ငှားရမ်း သည့် ပိုင်ရှင်များအား တည်ဆဲဥပဒေအရ အရေးယူမည့်အပြင် နေအိမ်/ တိုက်ခန်း များအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သဖြင့် အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/တိုက်ခန်းများနှင့် အကြမ်းဖက် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေးအတွက် ငှားရမ်းပေးသော အိမ်ပိုင်ရှင်များအား တည်ဆဲဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထား ကြောင်း သိရသည်။
သတင်းစဉ်