သရက်ထောင်တွင် အကျဉ်းသားများကို တိုက်ပိတ်၍ ငွေခြိမ်းခြောက်တောင်းပြီး မူးယစ်ဆေးဝါးရောင်းချနေဟု မဟုတ်မမှန် လုပ်ကြံရေးသား

နေပြည်တော်   ဩဂုတ်    ၂၈
သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူးက   အကျဉ်းသားများကို    တိုက်ပိတ်၍ ငွေခြိမ်းခြောက်တောင်းပြီး မူးယစ်ဆေးဝါးရောင်းချ  နေဟု Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၂၂ ရက်တွင် မဟုတ်မမှန်  လုပ်ကြံသတင်း ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ     သရက်အကျဉ်းထောင် တာဝန်ခံအရာရှိသည် အကျဉ်းထောင်ဥပဒေ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ရန်နှင့် မည်သည့်အကျဉ်းသားကိုမှ မတရားရိုက်နှက် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေကြေးတောင်းခံခြင်း မပြုလုပ်ရန် မှာကြားပြောဆို ကြပ်မတ်လျက်ရှိပြီး အကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါး၊ တယ်လီ ဖုန်း စသည့်တားမြစ်ပိတ်ပင်ပစ္စည်းများ ဝင်ရောက်မှု မရှိရေးအတွက်  နေ့စဉ်သာမန်ရှာဖွေခြင်း၊  အထူး ရှာဖွေခြင်းများကို  ဝန်ထမ်းများဖြင့်   ဆောင်ရွက် လျက်ရှိသည့်အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ကာ   နှစ်ပတ်တစ်ကြိမ်    အထူးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊   အကျဉ်းထောင် အတွင်း၌ တားမြစ်ပစ္စည်းများ ရှာဖွေ သိမ်းဆည်းရ မိပါက  တည်ဆဲဥပဒေနှင့်အညီ    အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။
ထိရောက်စွာအရေးယူသွားမည်
အကျဉ်းထောင်မှ  ချုပ်သစ်၊  ကျသစ်များကို လက်ခံရရှိသည်နှင့် တိုက်ခန်းတွင် Quarantine ၁၄ ရက်  သီးခြားထိန်းသိမ်းထားရှိပြီး   သတ်မှတ် ကာလပြည့်သူများကို တာဝန်ခံအရာရှိ၏ ကြီးကြပ်မှု ဖြင့် အိပ်ဆောင်များသို့ ပြောင်းရွှေ့နေရာချထားပေး လျက်ရှိပြီး ချုပ်သစ်၊ ကျသစ်များကို တိုက်ပိတ်ပြီး ခြိမ်းခြောက်၍ ငွေတောင်းခြင်းမရှိဘဲ ငွေတောင်းခံ ကြောင်း   စစ်ဆေးပေါ်ပေါက်ပါက    ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်ကို ဝန်ထမ်း၊ အကျဉ်း သားနှင့် ၎င်းတို့၏ မိသားစုများကိုလည်း အသိပေး ထားပြီးဖြစ်ကြောင်း။
အကျဉ်းသားအရာရှိ၊ အလုပ်ကြပ်အကျဉ်းသား နှင့် ညကင်းစောင့်  အကျဉ်းသားများကို   အကျဉ်း ထောင်   လက်စွဲဥပဒေနှင့်အညီ   ခန့်အပ်တာဝန် ပေးအပ်၍ ဝန်ထမ်းများမှ အနီးကပ်ကြပ်မတ်ကွပ်ကဲ စေလျက်ရှိပြီး အကျဉ်းသားများအား လက်သပ်မွေး ခြင်းမျိုး   မရှိကြောင်း၊  အကျဉ်းထောင်တိုင်းတွင် ပင်ပန်းသည့်အလုပ်မရှိဘဲ အကျဉ်းသားအများစုကို ၎င်းတို့၏ အိပ်ဆောင်၊ အခန်းနှင့် အိပ်ဆောင်ပတ်ဝန်း ကျင်များ၏သန့်ရှင်းရေးကိုသာ တာဝန်ပေးအပ်စေ ခိုင်းပြီး မတန်တဆအလုပ်ကြမ်းခိုင်းစေခြင်းမျိုး မရှိ ကြောင်း။  
Khit   Thit   အမည်ခံ   Facebook   Page က ဖော်ပြခဲ့သည့်  လက်ထောက်ကြီးကြပ်ရေးမှူး(၁) ကျော်ဇေယျာစိုးသည်   မည်သည့်အကျဉ်းသား/အချုပ်သားကိုမှ     အကြောင်းမဲ့တိုက်ပိတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊     မတရားရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုးမရှိဘဲ  မူးယစ်ဆေးဝါး ရောင်းချခြင်းလည်းမရှိကြောင်း   အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရသည်။
ဟုတ်မမှန်လုပ်ကြံရေးသားထား
သရက်အကျဉ်းထောင်တွင် အကျဉ်းထောင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊  စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များကို အကျဉ်းထောင်အက်ဥပဒေ၊ လက်စွဲဥပဒေများနှင့်အညီ    အထူးအလေးထား ဆောင်ရွက်လျက်ရှိသည့်အတွက်    Khit   Thit အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူ အများ  အထင်အမြင်လွဲမှားစေရန်   မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။
ကိုဖြိုး