
ကျန်းမာရေးဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ
သတိပြုရမည့်အပူဒဏ်အန္တရာယ်များ
(က) အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
q ဂနာမငြိမ်ခြင်း၊
q ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊
q တစ်ကိုယ်လုံး နုံးချည့်ပျော့ခွေခြင်းနှင့် ကြွက်တက်ခြင်း၊
q ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍စိုစွတ်ခြင်း၊
q ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း။
(ခ) အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)
q ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊
q အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့မဟုတ်) ချွေးခန်းခြောက်ခြင်း၊
q ကယောင်ကတမ်းဖြစ်ခြင်း၊
q သတိလစ်ခြင်း၊ တက်ခြင်း။
အပူဒဏ်အန္တရာယ်ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း
v လူနာကို အရိပ်ရပြီးအေးမြသော နေရာသို့ရွှေ့ထားပါ၊
v လေပန်ကာ၊ လေအေးပေးစက် ဖွင့်ထားပေးပါ၊ မရှိပါက ယပ်ခတ်ပေးပါ၊
v လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ၊
v လူနာ၏ အဝတ်အစားများကို ချွတ်ပါ၊
v လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့ကို ရေပတ်တိုက်ပါ၊
v လူနာကောင်းစွာသတိရနေပါက ရေအေးအေး(သို့) ဓာတ်ဆားရည်တိုက်ပါ။
အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့်လက္ခဏာများ ပေါ်ပေါက်ပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်။ နီးစပ်ရာ ဆေးရုံး၊ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ပါ။