သတင်းအမှားတွေကို မယုံပါနဲ့။ မိမိဉာဏ်စွမ်းနဲ့ချင့်ချိန်ပြီး ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်ကိုသာ ယုံကြည်ပါ။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးတည်ဆောက်ပြီး ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်တားဆီးကြပါစို့

ဒေါက်တာခင်ခင်ကြီး

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
 

 

ထက်လျှံ
 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၁၆ ရက် ည ၈ နာရီ   သတင်း အပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။


အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွား         နေတာနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊   ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊     ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနဲ့ တွေ့ဆုံ မေးမြန်းသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးမေးခွန်းအနေနဲ့ ဇူလိုင်လ ၁၇ ရက်ကနေ ၂၅ ရက်အထိ ရုံးပိတ်ရက်ရှည် သတ်မှတ်ထားတာနဲ့ ပတ်သက်ပြီး Stay at Home အဖြစ် သတ်မှတ်ထားပါတယ်။ အပြင်မှာ Lockdown ချတယ်ဆိုပြီး ပြောကြားနေမှုတွေနဲ့ပတ်သက်ပြီး ဆရာမအနေနဲ့ ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။    ။    လက်ရှိအခြေအနေမှာ    ကိုဗစ် - ၁၉         ရောဂါဖြစ်ပွားမှုက     မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုတွေက များနေဆဲဖြစ်ပါတယ်။ သေဆုံးမှုတွေကလည်း တစ်နေ့ ထက်တစ်နေ့ များနေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိုင် ဖို့အတွက် နည်းလမ်းပေါင်းစုံ ဆောင်ရွက်ပါတယ်။  နည်းလမ်းပေါင်းစုံ ကနေပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ဆောင်ရွက် ပါတယ်။


ဒီလိုဆောင်ရွက်တဲ့အခါမှာ ဖြစ်ပွားမှုများတဲ့ မြို့နယ်တွေကို Stay at Home အဖြစ် သတ်မှတ်တာရှိပါတယ်။ လက်ရှိမှာ Stay at Home မြို့နယ် ၇၄ မြို့နယ်ရှိပါတယ်။   တစ်ဆက်တည်း  ပြောရမယ်ဆိုရင် Stay at Home သတ်မှတ်ခြင်းသည် ရောဂါဖြစ်ပွားမှုနှုန်းများတဲ့ မြို့တွေ ကိုသာ ရွေးချယ်သတ်မှတ်ခြင်း မဟုတ်ပါဘူးဆိုတာကို သိစေချင်ပါ တယ်။ Stay at Home သတ်မှတ်ဖို့အတွက် ရောဂါဖြစ်ပွားမှုနှုန်းများ တာက တစ်ချက်ပါဝင်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းက တောက်လျှောက် တက်နေတယ်၊ ဖြစ်ပွားသေဆုံးမှုနှုန်းကလည်း များနေတယ်။ နောက် တစ်ခုက အဲဒီဒေသမှာရှိတဲ့    ကျန်းမာရေးစောင့်ရှောက်မှုစနစ်က လည်း ထပ်တိုးလာတဲ့ လူဦးရေအပေါ်ကို  လုံလောက်မှုရှိဖို့က အခက် အခဲရှိတယ်။


ဒါ့အပြင် ပြည်သူတွေရဲ့ ကိုဗစ်ရောဂါဆိုင်ရာ   စည်းကမ်းတွေကို လိုက်နာနိုင်မှုကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။  ပြီးရင်    စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေ စသဖြင့် ဒီလိုနေရာမှာလည်း စည်းကမ်းတွေက အဆင်ပြေပြေရှိနေရဲ့လားဆိုတာကိုလည်း စဉ်းစား ပါတယ်။ ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်း၊ အစိုးရဆေးရုံ၊ ကုသရေးစင်တာ တွေမှာ ကိုဗစ် - ၁၉ ရောဂါ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု စတာတွေကို ကြည့်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျန်းမာရေးအသိပညာပေးတာတွေ၊ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိနိုင်မှုအဆင့်ကို လျှော့ချတဲ့နေရာမှာ ပြည်သူလူထုရဲ့ ပါဝင်ဆောင်ရွက်မှုဒါတွေကိုလည်း    ကြည့်ပါတယ်။ ဒီအချက်တွေကိုကြည့်ပြီး Stay at Home သတ်မှတ်တာ ဖြစ်ပါတယ်။


Stay at Home သတ်မှတ်တဲ့မြို့နယ်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေဖြစ်တဲ့ လုံးဝမလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ အိမ်ထဲ မှာဘဲနေပါ။ လိုအပ်လို့အပြင်ထွက်တာ၊ ဈေးသွားတာတို့ကို တစ်ယောက် ပဲသွားပါ။ တကယ်လို့ ဆေးရုံသွားဖို့လိုအပ်ရင်  အဖော်တစ်ယောက် ထပ်မံ ခေါ်သွားနိုင်တယ်။ လိုအပ်ချက်ရှိလို့ သက်ဆိုင်ရာနဲ့ချိတ်ဆက်ကာ လိုအပ်ချက်ပေါ်မူတည်ပြီး သွားလာခွင့်ပြုတယ်။ သို့သော် တချို့စက်ရုံ အလုပ်ရုံတွေ၊ ဈေးဆိုင်တွေ၊ ဆက်သွယ်ရေးကိစ္စရပ်တွေ၊ ဆီဆိုင်တွေ၊ လျှပ်စစ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေ စသဖြင့် အခြေခံလိုအပ်ချက်တွေမှာ လုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေအနေနဲ့က လုပ်ငန်းခွင်ကို   သွားရမှာ ဖြစ်ပါတယ်။ ဒါကို သိစေချင်ပါတယ်။ အခြေခံလိုအပ်ချက်တွေအတွက် အကုန်လုံးကို ဖွင့်ပေးထားပါတယ်။ သို့သော်   ပြည်သူလူထုအနေနဲ့ အိမ်မှာနေဖို့   ဖြစ်ပါတယ်။   မဖြစ်မနေက     အိမ်ပြင်မထွက်စေချင် ပါဘူး။


ဒီလိုပါပဲ Stay at Home မဟုတ်တဲ့ မြို့နယ်တွေမှာလည်း ကိုဗစ် ရောဂါဆိုင်ရာ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုအပ်သလို၊ ဒေသန္တရ အလိုက် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း လိုက်နာဖို့လိုပါတယ်။ ဒီလိုမျိုးဆောင်ရွက်တာက ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ဆောင်ရွက် ခြင်း နဲ့အတူ တစ်ပြိုင်နက်တည်းမှာပဲ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။


ဒီပိတ်ရက်တွေက   ဇူလိုင်လ  ၁၇  ရက်ကနေ  ၂၅   ရက်အထိ တရားဝင်ပိတ်ရက်ရှည်အဖြစ်နဲ့ သတ်မှတ်လိုက်ပါတယ်။  ကြားမှာ ဖွင့်ရက် ၂ ရက်ကိုပါ ထည့်သွင်းပြီး ပိတ်ရက်အဖြစ်နဲ့ သတ်မှတ်လိုက်ပါ တယ်။ ဒီအကျိုးကျေးဇူးကိုအရယူပြီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ရေးကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီပိတ်ရက် ကိုးရက်မှာ ဝန်ထမ်း တွေကိုပါ လုပ်ငန်းခွင်ကို မသွားခိုင်းဘူး။ မိမိအိမ်မှာဘဲ   နေစေတယ် ဆိုတာကြောင့် ကိုဗစ် - ၁၉ ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှု စက်ဝန်းကို ဖြတ်တောက်ချင်လို့ ဖြစ်ပါတယ်။


ဘာဖြစ်လို့လဲဆိုရင် မီးလောင်တဲ့အခါမှာ တစ်နေရာနဲ့တစ်နေရာ မီးမကူးအောင် မီးတားလမ်းတွေ ဆောင်ရွက်ရပါတယ်။   မီးလက်ရှိ လောင်နေတဲ့နေရာမှာ နောက်ထပ်လောင်စာတွေမရှိအောင် ဆောင်ရွက် ရပါတယ်။ ဒီသဘောအတိုင်းပါပဲ။ ကိုဗစ် - ၁၉   လက်ရှိဖြစ်ပွားမှုတွေ မြင့်တက်နေဆဲကာလမှာ ရောဂါဖြစ်ပွားမှုရှိနေတဲ့သူ အပြင်မထွက် တော့ဘူး၊ အပြင်ကို ကူးလူးဆက်သွယ်မှု မရှိတော့ဘူးဆိုရင်  သူနဲ့ Social Contact လို့ခေါ်တဲ့ ထိတွေ့မှုတွေက နည်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုနည်းသွားတဲ့အခါမှာ ရောဂါကူးစက်မှုက    တစ်ယောက်ကနေ တစ်ရာဆိုသလို ကူးစက်မှုတွေက လျော့သွားမှာ ဖြစ်ပါတယ်။ 


လက်ရှိ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုအနေနဲ့ ပထမဦးဆုံး စတင် ဖြစ်ပွားစဉ်တုန်းက ဗိုင်းရပ်စ်ဟာ လူတစ်ယောက်ကနေ နှစ်ယောက်ခွဲနဲ့ နှစ်ယောက်ခွဲကျော်ကျော် ကူးစက်နိုင်ပါတယ်။ နောက်ပိုင်းမှာ မျိုးဗီဇ တွေပြောင်းလာတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေမှာ စပြီးတွေ့ရတဲ့ မျိုးဗီဇ ပြောင်းကူးစက်မှုက    ၃ ယောက်အထိ  ရှိပါတယ်။   သို့သော် ရောဂါ ဖြစ်ပွားမှုကို ပိုပြီး မြန်ဆန်စေတဲ့ ဗီဇပြောင်းမျိုးကွဲတွေ ဖြစ်လာတဲ့အခါ မှာ ‘အယ်လ်ဖာ’ ဆိုတဲ့ ယူကေနိုင်ငံမှာ စတွေ့တဲ့ ဗီဇပြောင်းမျိုးကွဲရဲ့ ကူးစက်နိုင်မှုက   ၄ ယောက်ကနေ ၅ ယောက်အထိ ဖြစ်လာပါတယ်။ ဒီအချိန်မှာ ‘ဒယ်လ်တာ’ က ၈  ယောက်အထိ ကူးစက်နိုင်ပါတယ်။
ဒီလိုမျိုး တစ်ယောက်ကနေ ကူးစက်မှုများစေတဲ့ ဗီဇပြောင်းမျိုးကွဲ တွေဆိုတာက ယခုလက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပွားမှုရဲ့တရားခံတွေ ဖြစ်ပါ တယ်။ ဒီဗီဇပြောင်းမျိုးကွဲတွေထဲမှာမှ ‘ဒယ်လ်တာ’ ဆိုတဲ့ ဗိုင်းရပ်စ် ပိုးမျိုးက  ကမ္ဘာ့နိုင်ငံ   ၁၁၁  နိုင်ငံကို    ရောက်ရှိနေပြီဖြစ်ပါတယ်။ နောက်ထပ် ၃ နိုင်ငံမှာ ဖြစ်ပွားနေတာက ‘ဒယ်လ်တာ’ ဗိုင်းရပ်စ် ဟုတ်/ မဟုတ်ဆိုတာကို သုတေသနပြုနေဆဲ ဖြစ်ပါတယ်။ ဒါပါထည့်တွက်ရင် ကမ္ဘာပေါ်က ၁၁၄ နိုင်ငံလောက်ဟာ ‘ဒယ်လ်တာ’ ဆိုတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားမှုတွေ များနေတယ်။


တချို့သုတေသနပြုချက်တွေအရ ‘ဒယ်လ်တာ’ ဗိုင်းရပ်စ်က ပိုပြီး ပြင်းထန်မှုတွေကို ခံစားရတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါဆိုရင် ယူကေ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့  အိမ်နီးချင်းနိုင်ငံတွေမှာ    မျိုးဗီဇ ပြောင်းဗိုင်းရပ်စ်ပိုးတွေ ရောက်နေပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း ‘အယ်လ်ဖာ’ နဲ့ ‘ဒယ်လ်တာ’ အပြင် နောက်ထပ် ‘ကပ်စ်ပါ’ ပါရောက်ရှိ နေပြီလို့ သိထားတဲ့အတွက်ကြောင့် လက်ရှိဖြစ်နေတဲ့ ရောဂါကူးစက် မှုများစေတဲ့ လက်သည်တရားခံသည် ဗီဇပြောင်းမျိုးကွဲလို့ သတ်မှတ်ပြီး သူရဲ့ ကူးစက်မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။


ဒီပိတ်ရက်အခွင့်အရေးကို အရယူရမှာ ဖြစ်ပါတယ်။ ဒါဆို ဒီပိတ်ရက် က Lock down လုပ်တာလား၊ Lock down လုပ်တာ မဟုတ်ပါဘူး။ Lock down နဲ့ Stay at Home က မတူပါဘူး။  Lock down မှာဆိုရင် Transport တွေ အကုန်လုံး လေယာဉ်၊ ရထား စတဲ့  Public Transport တွေ အကုန်လုံးပိတ်တာတွေ ပါပါတယ်။ သတ်မှတ်ထားတဲ့ နေရာက လွဲပြီး လုံးဝမထွက်ရတာတွေ၊ တချို့နေရာတွေမှာဆိုရင်  ညမထွက်ရ အမိန့်တွေပါဝင်ပြီး ဆောင်ရွက်ထားတာရှိပါတယ်။ ဒါကိုချိုးဖောက်ရင် ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စတွေ ပါတယ်။ 
အခုက Stay at Home ဖြစ်ပါတယ်။ Stay at Home သည် မိမိ အိမ်မှာပဲ နေထိုင်မယ်။ အပြင်ကို ကိစ္စမရှိရင် မထွက်ဘူး။ ဒီလိုလုပ်ခြင်း အားဖြင့် မိမိမှာ ရောဂါပိုးတွေရှိနေမယ်၊ ရှိနေနိုင်တယ်ဆိုရင်တောင်မှ အခြားလူကို ကူးစက်မှုတွေမဖြစ်ပေါ်စေဘဲ ဒီရောဂါပိုးရဲ့ ၂ ရက်ကနေ ၁၄ ရက်ဆိုတဲ့ အတိုင်းအတာမှာ ကူးစက်နိုင်ဆုံးသည်   ပထမအပတ် ဖြစ်ပါတယ်။


ဒီတစ်ပတ် ကိုးရက် Stay at Home လုပ်ဆောင်ခြင်းသဘောနဲ့ ပိတ်ရက်တွေကို ပေးလိုက်ခြင်းသည် ကူးစက်နိုင်စွမ်းနည်းပါးအောင်လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိတ်ရက် ကိုးရက် ပြီးလို့ နောက်ပိုင်းမှာဆိုရင် ရောဂါကူးစက်မှုတွေ အတိုင်းအတာတစ်ခု အထိ လျော့ကျသွားမယ်လို့ ယုံကြည်ရပါတယ်။ ဒါဟာ ပြည်သူပြည်သား တစ်ဦးတစ်ယောက်ချင်းနဲ့ ဝန်ထမ်းတွေ အကုန်လုံးရဲ့ ပူးပေါင်းကူညီမှုနဲ့ ပါဝင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်။
ဘာဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေရသလဲဆိုတော့ ဒါဟာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပါတယ်။ လူသားတစ်ရပ်လုံးရဲ့ ကျန်းမာရေး နဲ့ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ကစပြီး တစ်ဦးတစ်ယောက် ချင်းစီကသာ ရောဂါပိုးမကူးစက်အောင် ကာကွယ်ခြင်းသည် ကိုယ့်ရဲ့ ချစ်တဲ့မိသားစုဝင်တွေကို ရောဂါမကူးစက်အောင် ကာကွယ်ရာရောက် သလို မိမိပတ်ဝန်းကျင်ကိုလည်း   ရောဂါပိုးကူးစက်စေသူ၊ ရောဂါပိုး ဖြန့်ဝေသူမဖြစ်အောင်   ကာကွယ်ရာရောက်တဲ့အတွက်     ဒီပိတ်ရက် ကိုးရက်ကိုတော့ ကျွန်မတို့တွေ သေသေချာချာ ကိုဗစ်စည်းကမ်းတွေကို လိုက်နာပြီး Stay at  Home  နေကြဖို့  အထူးမေတ္တာရပ်ခံလိုပါတယ်။


Stay at Home ဖြစ်ပေမယ့် တကယ့်အခြေခံလိုအပ်တဲ့ ဆေးဆိုင်၊ ဆေးပစ္စည်းတွေ၊ ကျန်တဲ့ လူသုံးကုန်ပစ္စည်းရောင်းဝယ်တဲ့ ကိစ္စရပ်တွေ၊ Transport အတွက် ဆီရောင်းဝယ်ရေးတွေ၊ လျှပ်စစ်နဲ့ဆိုင်တဲ့ကိစ္စရပ် တွေ၊ ဆက်သွယ်ရေးကိစ္စရပ်တွေ မပါဝင်ပါဘူး။  အဓိက မေတ္တာရပ်ခံ လိုတာက ဒီကိုးရက်ကိုသာ ကျကျနန အခွင့်အရေးယူတတ်မယ်ဆိုရင် သေချာတာကတော့  ကိုဗစ် - ၁၉  ရောဂါဟာ  ကျွန်မတို့ရဲ့ အဝေးကို ရောက်ရှိသွားနိုင်ပါတယ်။ ဒီအခွင့်ကောင်းကို အရယူကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။ 


အစီအစဉ်မှူး။    ။     ပြည်သူတွေအနေနဲ့ အာဟာရပြည့်ဝစေဖို့ စားသုံး         တဲ့အခါ ကြက်ဥအစား အခြားသီးနှံတွေကို စားသုံး လို့ရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက   ကြေညာ ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ  ရှုထောင့်ကနေ ဖြေကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။    ။     ဟုတ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်လာ         ပြီ။ ကမ္ဘာပေါ်မှာလည်း သေဆုံးမှုတွေက သိန်း ၄၀ ကျော် သေနေပြီ။ ကမ္ဘာ့လူဦးရေရဲ့ ၁၈၉ သန်း ဖြစ်နေပြီဆိုတော့ ပေါ့ဆလို့မရတဲ့ရောဂါဆိုတာ အားလုံးသဘောပေါက်ကြမှာ   ဖြစ်ပါ တယ်။ ဒီနေရာမှာ မည်သူမဆို ကိုယ်ခံအားကောင်းရင် ကိုယ့်ရဲ့ ချစ်လှ စွာသော မိသားစုကို ဒီရောဂါဆိုးကြောင့် ရောဂါပြင်းထန်စွာ ခံစားရ တာတွေ မတွေ့ချင်ပါဘူး။ ဒီရောဂါကြောင့် သေဆုံးရတဲ့အဖြစ်မျိုးကို လည်း ဘယ်မိသားစုကမှ မဖြစ်စေချင်ပါဘူး။ ဒါက မိမိမိသားစုတွေ အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။ 


အချို့သော ဝိသမလောဘသားတွေ၊  မတည်မငြိမ်ဖြစ်စေချင်တဲ့ အချို့သောသူတွေက အောက်ဆီဂျင်ကိစ္စမှာလည်း အောက်ဆီဂျင်တွေ မလိုအပ်ဘဲ ပြည်သူလူထုတွေက စိုးရိမ်ပြီး အောက်ဆီဂျင်တွေ မရမနေ လိုက်ဝယ်တဲ့ အဖြစ်မျိုးတွေ ဆောင်ရွက်နေသလို၊  အခြားတစ်ဖက် ကလည်း ကြက်ဥတွေကိုစားရင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်တယ် ဆိုပြီး သတင်းအမှားတွေလွှင့်နေပြီး အချို့တွေမှာ   ကြက်ဥတွေကို လိုအပ်တာထက်ပိုပြီး အများကြီးလိုက်ဝယ်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ကြက်ဥတွေ ပြတ်လပ်သွားတာ၊ ဈေးအဆ မတန်မြင့်သွားတာ တွေရှိရပါတယ်။ 


WHO ကထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များလာတဲ့အခါ အာဟာရပြည့်ဝအောင် ဘယ်လိုစားသောက်ရမလဲဆိုတဲ့ Nutrition Advice ကို တင်ပြချင်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရပြည့်ဝအောင် စားတယ်။ ရေဓာတ်ကိုဖြည့်တယ်ဆိုရင် ကျွန်မတို့ ခန္ဓာကိုယ်က ကျန်းမာ နေမယ်။ ကိုယ်ခံစွမ်းအားစနစ်ကလည်း ကောင်းမွန်စွာရှိနေမယ်။ အားရှိ နေမယ်။ အားကောင်းနေမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလည်း ဖြစ်ပွားနိုင်တဲ့ အန္တရာယ်အနေနဲ့လည်း နည်းပါး သွားနိုင်သလို ကူးစက်နိုင်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ ဒါဟာ အရေးကြီးပါတယ်။


သန့်ရှင်းလတ်ဆတ်ပြီး ပြုပြင်ထားခြင်းမရှိတဲ့ အစားအစာတွေ စားဖို့လိုအပ်ပါတယ်။ ဒါမှသာ ဗီတာမင်စီတွေရမယ်။ Minerals တွေ ဓာတ်ပစ္စည်းတွေရမယ်။ ပြီးရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့   အမျှင် ဓာတ်တွေရရှိမှာ ဖြစ်ပါတယ်။ ပရိုတင်းတွေရမယ်။ ခန္ဓာကိုယ်အတွက် ကင်ဆာကနေ ကာကွယ်ပေးတဲ့ Antioxidants တွေရရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်ခံစွမ်းအားစနစ်က ကောင်းစွာအလုပ်လုပ်နိုင်မှာ  ဖြစ်ပါ တယ်။ ရေကိုလည်း လုံလောက်စွာသောက်ရမယ်။ သကြားတွေ၊ ဆီတွေ၊ ဆားတွေကို တတ်နိုင်သမျှ  လျှော့စားရမှာ ဖြစ်ပါတယ်။ ဒါတွေကို လျှော့စားခြင်းဖြင့် အဝလွန်ကဲတာ၊ နှလုံးရောဂါ၊   လေဖြတ်လေငန်း ရောဂါတွေ၊ ဆီးချိုရောဂါနဲ့ အချို့ကင်ဆာရောဂါတွေကနေ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ 


ဘယ်လိုအာဟာရပြည့်ဝတဲ့  အစားအစာတွေ    စားရမလဲဆိုရင် အသီးအနှံတွေစားပါ။ ဟင်းသီးဟင်းရွက်တွေ စားပါ။ ပဲတောင့်ရှည် တွေ၊ ပဲနီလေး၊ ပဲဝါလေးတွေ စားပါ။ အခွံမာအသီး၊ အစေ့အဆန်တွေ စားပါ။ ဂျုံ၊ စပါးတွေစားပါ။ ပြောင်းဖူးတွေ၊ ဂျုံ၊ ဂျုံနဲ့လုပ်တဲ့အစားအစာ တွေ စားပါ။ ဆန်လုံးညိုစားပါ။ အာလူးတွေ၊ ကန်စွန်းဥတွေ၊ ပီလောပီနံ တွေစားလို့ရပါတယ်။ အသားတွေ၊ ငါးတွေ စားလို့ရပါတယ်။ ဥတွေ စားလို့ရပါတယ်။ နို့လည်း သောက်လို့ရပါတယ်။ 


ဒါဆိုရင် ကြက်ဥသည် စားသင့်တဲ့ အစားအစာထဲက တစ်ခုဆိုတာကို သဘောပေါက်လို့ ရပါတယ်။ ကြက်ဥတစ်မျိုးတည်းစားရုံနဲ့ ကိုဗစ်-၁၉ ကို ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို မရပါဘူးဆိုတာ ပြောချင်ပါတယ်။ အသီးအနှံနဲ့  ဟင်းသီးဟင်းရွက်တွေကို  ကိုယ်စားတဲ့အစားအစာရဲ့ တစ်ဝက်လောက်စီ မျှခြေလောက်စားဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။ သရေစာတွေ စားမယ်ဆိုရင်လည်း အသင့်စားတွေကို မစားဖို့၊ အသီး အနှံ လတ်လတ်ဆတ်ဆတ်တွေကိုစားဖို့ပါ။ အထူးသဖြင့်   သကြား၊ ဆီနဲ့ဆားတို့ကို လျှော့စားဖို့ဖြစ်ပါတယ်။ အရေးကြီးတဲ့ နောက်တစ်ချက် က ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အကျက်လွန်အောင် မချက်ဖို့လိုပါတယ်။ အကျက်လွန်ရင် အရေးကြီးတဲ့ ဗီတာမင်တွေ ဆုံးရှုံးလို့ ဖြစ်ပါတယ်။ 


နံပါတ် နှစ်အချက်က ရေများများသောက်ဖို့ပါ။ ရေကို တစ်နေ့ကို ရေဖန်ခွက် ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ရဲ့ ပမာဏအများစုက ရေနဲ့တည်ဆောက်တာ ဖြစ်ပါတယ်။ ရေသောက် ခြင်းသည် ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အာဟာရတွေ၊ ဓာတ်တွေကို သွေးဆီ ကို ပို့ဆောင်ပေးတဲ့အခါမှာ အရေးကြီးပါတယ်။ ပြီးရင် ခန္ဓာကိုယ်ရဲ့ အပူ၊ အအေးကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင်   မလိုအပ်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်ရာမှာလည်း ကူညီပေးတဲ့အပြင်  ခန္ဓာ ကိုယ်ရဲ့ အရိုးအဆစ်တွေကိုလည်း ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာ တွေ လုပ်ဆောင်နိုင်ဖို့ ချောဆီအဖြစ်နဲ့ ဆောင်ရွက်ပေးပါတယ်။ 


ဒါကြောင့် ရေကို လုံလောက်အောင် သောက်သင့်ပါတယ်။ တချို့ တွေက ပြောကြပါတယ်။ အချိုရည်တွေ သောက်လို့မရဘူးလား။ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်လို့ မရဘူးလားဆိုတော့ ရပါတယ်။ သို့သော် သိပ်ပြီးချိုလွန်းတာတွေ သောက်လို့မရပါဘူး။ ကော်ဖီ၊ လက်ဖက်ရည် တွေကိုလည်း အသင့်အတင့်လောက်ပဲ သောက်ဖို့လိုပါတယ်။ တန်ဆေး လွန်ဘေးဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆိုဒါတွေပါတဲ့    အချိုရည် တွေ မသောက်သင့်ပါဘူး။ လတ်ဆတ်တဲ့ အသီးအနှံဖျော်ရည်တွေကို သောက်သင့်ပါတယ်။ 


တတိယအချက်အနေနဲ့ အဆီနဲ့ ဆီတွေကိုလည်း သင့်တင့်အောင် စားရမှာဖြစ်ပါတယ်။ မပြည့်ဝဆီကို ပိုပြီးတော့စားရမှာဖြစ်ပါတယ်။ မပြည့်ဝဆီက ငါးမှာရှိပါတယ်။ အသီးအနှံဆိုရင် ထောပတ်သီးမှာရှိတယ်။ အခွံမာသီးနဲ့ သံလွင်သီး၊ ပဲပိစပ်၊ နေကြာဆီ၊ ပြောင်းဖူးဆီတွေမှာ ရှိပါ တယ်။ ဒါတွေက ခန္ဓာကိုယ်အတွက် အကျိုးပြုပါတယ်။ စားသင့်တဲ့ ဆီတွေ ဖြစ်ပါတယ်။ အဖြူရောင်အသားတွေဖြစ်တဲ့  ကြက်သား၊ ဘဲသား၊ ငါးတွေကိုလည်း စားပေးသင့်ပါတယ်။ သူတို့မှာ အဆီနည်းပါတယ်။ အနီရောင်ရှိတဲ့ အသားတွေထက်စာရင် ကျန်းမာရေးအတွက် ပိုကောင်း ပါတယ်။ ပြုပြင်ထားတဲ့၊ အခြောက်ခံထားတဲ့၊ အေးခဲထားတဲ့ အသား တွေကို ရှောင်သင့်ပါတယ်။ အဆီတွေနဲ့  ဆားများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နို့တွေလည်း သောက်လို့ရပါတယ်။ အဆီထုတ်တားတဲ့ နို့တွေက ပိုသင့်တော်ပါတယ်။ သင့်တင့်တဲ့အဆီကလည်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အတွက် စားပေးရမှာဖြစ်တဲ့အတွက် သင့်တင့်သလောက် စားပေးဖို့လိုပါတယ်။ အေးခဲထားတဲ့    အသင့်သုံးအစားအစာတွေ၊ အေးခဲထားတဲ့ ပီဇာတွေ၊ ကွတ်ကီးတွေ၊ အသင့်စားတွေကို မစားသင့် ပါဘူး။


နံပါတ် လေးအချက်က  အစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့ အခါ ဆားတို့၊ သကြားတို့ကို တတ်နိုင်သလောက် လျှော့စားကြရမှာ ဖြစ်ပါတယ်။ နံပါတ် ငါးအချက်က အပြင်ကို ထွက်မစားဖို့ တိုက်တွန်း ထားပါတယ်။ အပြင်ကိုထွက်စားရင် ကိုယ့်အတွက် ရောဂါကူးစက်ဖို့ အခွင့်အလမ်းတွေ များပါတယ်။ အိမ်မှာပဲစားခြင်းဟာ အန္တရာယ်ကင်း ပါတယ်။ ကိုယ့်အတွက် ရောဂါပိုးဝင်နိုင်တဲ့ အခွင့်အလမ်းကို  လျှော့ချ ပြီးသားဖြစ်သွားမယ်။ 


ဒါကြောင့် ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ နိုင်ငံတော်အနေနဲ့ လမ်းညွှန်ထားတာ ရှိပါတယ်။ ဒီမှာလည်း ဖြစ်နိုင်ရင်  ဆိုင်ထိုင်စား မလုပ်ဖို့ လမ်းညွှန်ထားပါတယ်။ နောက်တစ်ခုက   စားသောက်ဆိုင်တွေရဲ့ စားပွဲတွေ၊ မျက်နှာပြင်တွေမှာလည်း ရောဂါပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေကို လက်နဲ့ကိုင်မိမယ်။ မိမိရဲ့ မျက်နှာနဲ့ နှာခေါင်းတွေကို ကိုင်မိရင် ကူးစက်နိုင်ပါတယ်။ နောက်ပြီး စားပြီဆိုကတည်းက ကိုယ့်ရဲ့ နှာခေါင်းစည်းကို ချွတ်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါ ရောဂါပိုးဝင်ဖို့အတွက် အခွင့်အလမ်းပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်    မဖြစ်မနေ အပြင်ထွက်ပြီး  စားရမယ်ဆိုရင်တောင်မှ    လက်ကိုသေချာဆေးဖို့၊ တတ်နိုင်သမျှ အိမ်မှာပဲနေဖို့အတွက် တိုက်တွန်းထားပါတယ်။ 


နံပါတ်ခြောက်အချက်က အခုအချိန်မှာ ကိုဗစ်-၁၉ အတွက် အကုန် လုံးက စိုးရိမ်နေကြတယ်။ သတင်းမှန်နဲ့သတင်းအမှားတွေကလည်း ရောယှက်နေတယ်။ ကြောက်လန့်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် တဲ့သတင်းတွေကလည်း အများကြီးရှိပါတယ်။ တစ်ခါတလေ  ပုံမှား ရိုက်ပြီး သတင်းအမှန်ကို သတင်းအမှားကြားမှာညှပ်ပြီး    သတင်းမှန် ယောင်ယောင် ဖော်ပြတာမျိုးတွေလည်းရှိပါတယ်။ သတင်းတွေက ဖောင်းပွနေပြီး Infodemic လို့တောင် ပြောကြပါတယ်။


ဒီအခါမှာ ဘယ်သတင်းက မှန်တယ်၊ ဘယ်သတင်းက  မှားတယ် ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်းတွေက ကျသွားပါတယ်။ စိုးရိမ်ပူပန်တဲ့စိတ်ရှိတဲ့ အတွက် မှန်၏၊ မမှန်၏ စဉ်းစားတာကို အဟန့်အတား ဖြစ်သွားစေပါ တယ်။ ဒီလိုအခါမျိုးမှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို မိသားစုအတွင်း မှာ နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ စိုးရိမ်မကြီးဖို့ အရေးကြီး ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားနိုင်ဖို့လိုသလို တစ်ဖက်မှာလည်း စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစုအချင်းချင်း အားပေးပါ။ နှစ်သိမ့်ပါ။   ကိုဗစ်-၁၉ ဟာ ရောဂါဆိုးဖြစ်တယ်။ သို့သော် ဖြစ်တဲ့လူတိုင်း မသေပါဘူး။ 


ကိုဗစ်-၁၉ ဖြစ်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းသည်   မိမိမှာဖြစ်လို့ ဖြစ်မှန်းမသိ သာမန်လက္ခဏာလောက်ပဲခံစားရမယ်။ ဥပမာ - ဖျားမယ်၊ ချောင်းဆိုးရင် ဆိုးမယ်၊ ခေါင်းကိုက်ရင် ကိုက်မယ်။   အနံ့ပျောက်ရင် ပျောက်မယ်။ စသဖြင့် သာမန်လက္ခဏာလောက်ပဲခံစားရပြီး ပျောက် ကင်းသွားပါတယ်။ ပျောက်ကင်းတဲ့ သုတေသနတွေလည်း အများကြီး ရှိပါတယ်။ WHO က ၈၀ ရာခိုင်နှုန်းသည် မစိုးရိမ်ရဘူးလို့ ပြောထား ပြီးသားဖြစ်ပါတယ်။ ဒီအထဲမှာ   ကိုယ်ဟာပါဝင်ပါတယ်။    ရောဂါ လက္ခဏာတစ်ခုခု ခံစားနေရပြီဆိုတာနဲ့ အသက်ရှူမဝဖြစ်တယ်၊ နေလို့ မကောင်းဘူး၊ အောက်ဆီဂျင်များလိုမလား၊ တစ်ခုခုတော့ ဖြစ်နေပြီ ဆိုပြီး အစားအသောက်ကို အာဟာရပြည့်ဝစွာစားဖို့အတွက်နဲ့စာရင် ပူပန်မှုတွေ   ဖြစ်လာပြီဆိုရင်   နောက်ဆက်တွဲအနေနဲ့ မောလာမှာ၊ အောက်ဆီဂျင်ကျလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 
ဒါကြောင့်  ဖြစ်လာပြီဆိုရင် နောက်ခံရောဂါတွေလည်းမရှိဘူး၊ အသက်ကလည်းငယ်မယ်၊ မိမိက    ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်ထားတဲ့လူဆိုရင် မိမိဟာ ၈၀ ရာခိုင်နှုန်းထဲမှာ ပါဝင် နိုင်တယ်ဆိုတာ သဘောထားပြီး သောကတွေကို လျှော့ဖို့လိုပါတယ်။ ၁၅ ရာခိုင်နှုန်းတော့ ရောဂါလက္ခဏာပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ သူတို့တွေကတော့ အောက်ဆီဂျင်လိုကောင်းလိုနိုင်ပါတယ်။ ၁၅ ရာခိုင် နှုန်းလိုတယ်လို့   ဆိုလိုခြင်းမဟုတ်ပါဘူး။ ဆေးရုံတက်ရောက်ရနိုင် ပါတယ်။ လိုအပ်တဲ့ အောက်ဆီဂျင်ပေးပြီး လိုအပ်တဲ့ကုသမှုတွေကို ဆောင်ရွက်လိုက်မယ်ဆိုရင် သူတို့တွေကလည်း ပြန်ကောင်းသွားနိုင် ပါတယ်။ 


ဘယ်လိုအခြေအနေတွေအပေါ် မူတည်နေသလဲဆိုရင် ဖြစ်တဲ့လူနာ ရဲ့ အသက်အရွယ်၊ နောက်ခံရောဂါတွေ ခံစားနေရတာ ရှိ/မရှိ၊ ဘာတွေလဲ ဆိုရင် အသက်အရွယ်ကလည်း  ၆၀  ကျော်   ဖြစ်မယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်မကောင်းတာ၊ အဆုတ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တာ၊ သွေးနီဥတွေရဲ့   ပုံသဏ္ဍာန်ပျက်ယွင်းနေတာ၊ ကင်ဆာဝေဒနာခံစားနေရသူတွေ၊ နဂိုကတည်းက   ကိုယ့်ရဲ့ကိုယ်ခံ အားက ကိုယ့်ကိုတိုက်ထုတ်နေတဲ့ Auto  Immune Diseases ကို ခံစား နေရ သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ BMI ၄၀ အထက် ဝတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ ဒီလိုမျိုးဆိုရင်တော့ ၁၅ ရာခိုင်နှုန်းထဲ ရောက်ရှိနိုင် ပါတယ်။ အထူးသတိထားရမှာ    ဖြစ်ပါတယ်။ ကိုယ်ဟာ ၁၅ ရာခိုင်နှုန်း ထဲဝင်ရင်လည်း မသေနိုင်ပါဘူး။ ဒါလေးကိုလည်း သိစေချင်ပါတယ်။ 


ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းကို ကြည့်လိုက်မယ် ဆိုရင် ၂ ရာခိုင်နှုန်း ရှိပါတယ်။   ပြောချင်တာကတော့   ၁၀၀  ဖြစ်ရင် ၂ ယောက်ပဲ သေစေနိုင်တယ်ဆိုတာ သိစေချင်ပါတယ်။ ၂ ရာခိုင်နှုန်းထဲ ပါဖို့က အခွင့်အလမ်းနည်းပါတယ်။ ကိုယ်ရဲ့စိတ်ဓာတ်ကို   ဒီလိုမျိုး မြှင့်တင်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်တွေကို ပြုပြင်မယ်။  လိုအပ်တဲ့ အိပ်ရေးဝဝအိပ်ခြင်း၊   စိတ်သောကတွေကို   တတ်နိုင်သလောက် လျှော့ခြင်းစတာတွေကို ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် မိမိရဲ့ ကိုယ်ခံ စွမ်းအားက  တက်လာမှာဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားတက်လာတာ နဲ့အတူ ရောဂါပိုးဝင်ရောက်နိုင်တဲ့ အခွင့်အလမ်း၊ ဝင်ရောက်ရင်တောင်မှ ပွားများနိုင်တဲ့ အခွင့်အလမ်း၊ ပွားများထားရင်တောင်မှ ရောဂါဖြစ်ပွား နိုင်တဲ့အဆင့်အထိ ရောက်ဖို့ခဲယဉ်းပါတယ်။ ရောဂါဖြစ်ပွားတဲ့အဆင့် အထိရောက်ရင်တောင်မှ ပြင်းထန်တဲ့အဆင့်အထိရောက်ဖို့ ခဲယဉ်းပါ တယ်။ 


ဒါကြောင့် ဖေ့ဘွတ်ပေါ်မှာ၊ ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်ကမှန်းမသိ၊ ကိုယ်နဲ့မရင်းနှီး၊ မသိတဲ့လူတွေက ပြောတဲ့စကားတွေကို ယုံကြည်သင့် သလား၊ မိမိကိုယ်သာကိုးကွယ်ရာ ဖြစ်ပါတယ်။   ဒါနဲ့ပတ်သက်ရင် WHO, CDC တို့  စတဲ့ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေ၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနဆိုရင်လည်း ဖြစ်ပေါ်လာတဲ့ အခြေအနေ အပေါ်မူတည်ပြီး  ပြည်သူတွေကို    အသိပညာပေးတဲ့ကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ www.mohs.gov.mm မှာ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ 


အဲဒီမှာ Scan ဖတ်ပြီးလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကြည့်ရှုနိုင်အောင် ဆောင်ရွက်ထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် သတင်းအမှားတွေကို မယုံပါနဲ့။  မိမိဉာဏ်စွမ်းနဲ့ချင့်ချိန်ပြီး  ယုံကြည် စိတ်ချရတဲ့  အရင်းအမြစ်ကိုသာ ယုံကြည်ပါ။   ကိုယ်ခံစွမ်းအားကို အကောင်းဆုံးတည်ဆောက်ပြီး ကိုဗစ် - ၁၉ ရောဂါကို ကာကွယ်တားဆီး ကြပါစို့လို့ ကျွန်မအနေနဲ့ ပြောကြားလိုပါတယ်။


အစီအစဉ်မှူး။    ။     အခုလို      ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့         အတွက် ကျေးဇူးတင်ပါတယ်။