သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   ဇူလိုင်   ၄
တရားမဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှု ဖြင့် နေပြည်တော်ကောင်စီနယ်မြေ  အပါ အဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု    တိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍ လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက   ဦးဆောင် သည့်  One Stop Service ဌာနဆိုင်ရာ အဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊  နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေး ရုံးနှင့်  စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊     ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊အပြည်ပြည်ဆိုင်ရာ     ဆိပ်ကမ်း များနှင့်လေဆိပ်များ၊ ကမ်းရိုးတန်း    ဆိပ်ကမ်းများတွင်   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်း များကို  ထိရောက်စွာ ဆောင်ရွက် လျက်ရှိရာ        သတင်းအချက် အလက်ရရှိမှုသည်      အလွန် အရေးပါလျက်ရှိကြောင်း    သိရှိရ သည်။
တာဝန်သိ       ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း သတင်း ရရှိမှု ၄၃ ကြိမ်ရရှိခဲ့ပြီး သတင်းမှား ရှစ်ကြိမ်၊     နောက်ကျသတင်း နှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၃၃ ကြိမ် ဖြစ်သည်။     သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ  အမှုတွဲ ၆၁ မှု ဖွင့်လှစ် ထားပြီး     ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊       လုပ်ငန်းသုံးပစ္စည်း များ၊     လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ    ဖြစ် သော ကုန်ပစ္စည်း ၇၀ မျိုးအပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၀၉၅ ဒသမ ၅၀ သန်းနှင့်   တရားမဝင် ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ    ဖမ်းဆီးရမိ ခဲ့သည်။
၂၀၂၄ ခုနှစ်  ဇွန်လအတွင်း သတင်းပေး     တိုင်ကြားခဲ့သည့် တာဝန်သိ   ပြည်သူများကိုလည်း ဖမ်းဆီးရမိမှု     တန်ဖိုးငွေကျပ် ၁၀၉၅  ဒသမ ၅၀  သန်း၏   ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်  ၂၁၉ ဒသမ ၁ သန်းကို    သတင်းပေး ဆုကြေးငွေအဖြစ်  ချီးမြှင့်ပေးသွား မည်ဖြစ်သည်။       ဌာနဆိုင်ရာ တာဝန်ရှိသူများက     သတင်းပေး ဆုကြေးငွေကျပ်  ၁၈၈ ဒသမ ၁၆၄ သန်းကို  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇွန်လအတွင်း  မြန်မြန်ဆန်ဆန် ချီးမြှင့်နိုင်ရေး    ဆောင်ရွက်ပေး လျက်ရှိပါကြောင်းနှင့်    သတင်း ရရှိမှုကြောင့် ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍လည်း   လစဉ်သတင်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူ များအနေဖြင့် တရားမဝင်ကုန်သွယ် မှုသတင်းများနှင့်    ပတ်သက်၍ လက်ကိုင်ဖုန်း -  ၀၉၄၀၄၃၃၉၉၆၉၊ အော်တို     တယ်လီဖုန်းနံပါတ်- ၀၆၇-၄၀၉၈၈၃   နှင့်     အီးမေးလ် antiillegaltradeinfo @ gmail.com သို့  သတင်းပေးပို့တိုင်ကြား နိုင်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်