သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်)ထိပ်သီးအစည်းအဝေးက ပေါ်ထွက်လာမယ့် ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာတွေနဲ့ စီမံချက်အသစ်တွေကို ကြိုဆိုခြင်း

Type

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ သတ္တမ အကြိမ်  ဂျီအမ်အက်စ်  ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက  အိမ်ရှင်အဖြစ်  ကမကထပြု ကျင်းပမှာ ဖြစ်ပါတယ်။ 


ထိပ်သီးအစည်းအဝေးကို ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ဗီယက်နမ်တို့က နိုင်ငံ့အကြီးအကဲတွေ နဲ့ အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်မှာဖြစ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှုဟာ ဒေသ ခွဲဖွံ့ဖြိုးတိုးတက်မှုအတွက်     အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်များအကြား  ညီညွတ်တဲ့  ပူးပေါင်း ဆောင်ရွက်မှုကို ပြသရာရောက်သလို ပြည်သူများ အကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း တိုးမြှင့်ရာ ရောက်စေလို့  နိုင်ငံအတွက်   အားတက်ဂုဏ်ယူဖွယ် ဖြစ်ပါတယ်။


ထိပ်သီးအစည်းအဝေးများ 


ထိပ်သီးအစည်းအဝေးတွေကို  မဟာမဲခေါင် ဒေသခွဲအစီအစဉ်ရဲ့      (၁၀)နှစ်ပြည့်မြောက်တဲ့ ၂၀၀၂  ခုနှစ်မှစတင်ပြီး     (၃)နှစ်တစ်ကြိမ်     အဖွဲ့ဝင်  ခြောက်နိုင်ငံက  အက္ခရာစဉ်အလိုက်  အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး ပထမအကြိမ် ထိပ်သီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် (၂၀၁၁ ခုနှစ်)က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တာဝန်ယူစဉ်ကာလ ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို    အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပါတယ်။ ထိုစဉ် တုန်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲ ကာလမှာ အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပ နိုင်ခဲ့တာကလည်း  မှတ်တမ်းဝင်ခဲ့ပါတယ်။  ယခု ဆိုရင်  ၁၀  နှစ်အကြာ  ဒီနေ့ကျင်းပတဲ့ ထိပ်သီး အစည်းအဝေးက ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ပထမဆုံး ကျင်းပတဲ့အစည်းအဝေးဖြစ်ပြီး     မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်က အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့အတူ Online က     ပါဝင်တက်ရောက်တာကလည်း မှတ်တမ်းတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ 


ထိပ်သီးအစည်းအဝေးတွေမှာ အနာဂတ်ကာလ ဂျီအမ်အက်စ်က    ကျင့်သုံးမယ့်    မဟာဗျူဟာများ ချမှတ်ခြင်းနဲ့    ဒေသခွဲဖွံ့ဖြိုးရေးအတွက်   နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ ကတိကဝတ်ပြုခြင်းတွေ ပါဝင် သော အရေးပါသည့် ပူးတွဲကြေညာချက်ထုတ်ပြန် ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။  
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ လက်ခံကျင်းပ ခဲ့တဲ့ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးမှာ ၂၀၁၂  ခုနှစ်ကစပြီး ၁၀  နှစ်တာ ကာလ    ကျင့်သုံးဆောင်ရွက်မယ့်   မဟာဗျူဟာ မူဘောင် [Strategic Framework (2012-2022)] ကို အတည်ပြုချမှတ်နိုင်ခဲ့ပါတယ်။    


အဆိုပါ          မဟာဗျူဟာမူဘောင်နဲ့အညီ ဂျီအမ်အက်စ်ဒေသတွင်း  ရင်းနှီးမြှုပ်နှံမှုမူဘောင် (GMS Regional Investment Framework - RIF) ကို အဖွဲ့ဝင်နိုင်ငံတွေအကြား ရေးဆွဲအကောင်အထည် ဖော်ခဲ့တဲ့အတွက် ဒေသတွင်းမှာ အခြေခံအဆောက် အအုံတွေ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပါတယ်။


သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး 


ယခု သတ္တမအကြိမ် ထိပ်သီးအစည်းအဝေးမှာ တော့ ဂျီအမ်အက်စ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀(GMS-2030)၊ ၂၀၂၁  ခုနှစ်မှ  ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်မယ့် ဂျီအမ်အက်စ်   ကိုဗစ်-၁၉  တုံ့ပြန်ရေးနဲ့  ပြန်လည် ထူထောင်ရေးစီမံချက်(GMS COVID–19 Response and Recovery Plan 2021-2023)နဲ့ ထိပ်သီးအစည်း အဝေးပူးတွဲကြေညာချက်     (Joint    Summit Declaration)တို့ကို    အတည်ပြုထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ 
မြန်မာနိုင်ငံက   အိမ်ရှင်အဖြစ်   ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး မှာ ချမှတ်ခဲ့တဲ့ မဟာဗျူဟာမူဘောင် (၂၀၁၂-၂၀၂၂) အပြီး  ယခုထိပ်သီးအစည်းအဝေးမှာ  ချမှတ်မယ့် GMS-2030  ဟာ  ၂၀၃၀  ပြည့်နှစ်အထိ လက်ခံ ကျင့်သုံးသွားမယ့် ဂျီအမ်အက်စ်ရဲ့ တတိယမြောက် မဟာဗျူဟာဖြစ်ပါတယ်။ ဒီဗျူဟာကို ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွေ(Sustainable Development Goals–SDGs)၊ အာဆီယံနဲ့ ဒေသ တွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အပါ အဝင် အခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်များနဲ့      ကိုက်ညှိရေးဆွဲထားတာတွေ့ရလို့ ဒေသခွဲရဲ့    စီးပွားရေးပေါင်းစည်းမှုကို     များစွာ အထောက်အကူပြုမှာ သေချာပါတယ်။ 


GMS COVID–19 Response and Recovery Plan   ကတော့  ကမ္ဘာတစ်ဝန်း  ကာလရှည်ကြာ ဖြစ်ပေါ်နိုင်ဖွယ်ရှိတဲ့    ကိုဗစ်-၁၉    ကပ်ရောဂါရဲ့ မျိုးဗီဇကွဲ ပြန့်ပွားလာနိုင်ခြေရှိမှုတွေ၊ သက်ရောက်မှု တွေအတွက်    ကြိုတင်ပြင်ဆင်ရန်၊    ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေ၊    အရှိန်မြှင့်တင်ရန် အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာလတို၊ ကာလ လတ် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမယ့် စီမံချက်ဆိုတာ  တွေ့ရပါတယ်။  ဒေသခွဲအတွင်း လူနဲ့သက်ရှိတွေအားလုံး    အသက်ရှင်နေထိုင်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာတွေရရှိ ရေးနဲ့ သန့်ရှင်းသာယာသော မြို့ပြတွေဖြစ်ပေါ်လာ ရေးတို့ကို ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တစ်ခုတည်းသော ကျန်းမာရေးစနစ် (One Health Approach) နဲ့  ဆောင်ရွက်သွားဖို့  အစီအမံတွေ ပါဝင်တယ်လို့ သိရပါတယ်။ 


ဂျီအမ်အက်စ်     စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဆိုတာ ဘာလဲ


၁၉၉၂ ခုနှစ်က စတင်ခဲ့တဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု       အစီအစဉ် (Greater Mekong Subregion–GMS Economic Cooperation Program) ဟာ ဆယ်စုနှစ် သုံးခုနီးပါး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ ဒေသဆိုင်ရာ အစီ အစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ 
ဂျီအမ်အက်စ်လို့ပြောရင်   မဲခေါင်မြစ်ကစပြီး ပြောရမှာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်က စတင်စီးဆင်းလာတဲ့ မဲခေါင်မြစ် ဟာ  ကီလိုမီတာ ၄၂၀၀ ရှည်လျားပြီး အရှေ့တောင် အာရှမှာ အရှည်လျားဆုံးဖြစ်ပါတယ်။   ဂျီအမ်အက်စ် ဟာ   မဲခေါင်မြစ်စီးဆင်းရာ   လမ်းကြောင်းတစ် လျှောက်  ဒေသများရဲ့  စီးပွားရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ်ဖြစ်လို့   ကမ္ဘောဒီးယား၊   တရုတ် (ယူနန်နှင့်   ဂွမ်ရှီး)၊   လာအို၊   မြန်မာ၊   ထိုင်းနှင့် ဗီယက်နမ်တို့ဟာ    အဖွဲ့ဝင်နိုင်ငံတွေ    ဖြစ်ကြပါ တယ်။ 


မဲခေါင်ဒေသခွဲဟာ မြေဧရိယာ ၂ ဒသမ ၆ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေသန်း ၃၄၀ ကျော်  နေထိုင်လျက်ရှိပါတယ်။  ဒေသခွဲရဲ့ စုစုပေါင်း ဂျီဒီပီ(GDP)- အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆    ထရီလီယံ၊ ကုန်သွယ်မှု-အမေရိကန် ဒေါ်လာ ၄၈၃   ဘီလီယံနဲ့   ရင်းနှီးမြှုပ်နှံမှု-အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံတို့ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် စာရင်း ဇယားများအရ လေ့လာတွေ့ရှိရပါတယ်။ 


ဂျီအမ်အက်စ်     အဖွဲ့ဝင်  ခြောက်နိုင်ငံဟာ အချင်းချင်းချိတ်ဆက်မှု (Connectivity) ကောင်းမွန် အောင်ဆောင်ရွက်ပြီး        ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness)ရှိတဲ့      အေးအတူ    ပူအမျှ ညီညွတ်စွာနေထိုင်တဲ့ အသိုက်အဝန်း(Community) တစ်ခုဖြစ်ပေါ်ရေး မျှော်မှန်းချက်ဖြင့် ပူးပေါင်းဆောင် ရွက်နေတာ ဖြစ်ပါတယ်။ 


ဂျီအမ်အက်စ်အစီအစဉ်မှာ သယ်ယူပို့ဆောင် ရေး(Transport)၊ စွမ်းအင် (Energy)၊ ဆက်သွယ်ရေး (Information and Communication Technology)၊ လယ်ယာစိုက်ပျိုးရေး (Agriculture)၊ ပတ်ဝန်းကျင် (Environment)၊  ခရီးသွားလုပ်ငန်း(Tourism)၊ ကျန်းမာရေး(Health)၊ ကုန်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး(Transport and Trade Facilitation)၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု (Urban Development) နဲ့ အခြားကဏ္ဍစုံ (Other Multi-sector)  စတဲ့  ဦးစားပေးကဏ္ဍ ၁၀ ခု ရှိပါ တယ်။


ဂျီအမ်အက်စ် အစီအစဉ်ဟာ လုပ်ငန်းစီမံကိန်း အခြေပြုပုံသဏ္ဌာန်နဲ့      အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)ဟာ ဒေသဆိုင်ရာ အဆင့်၊ နိုင်ငံအဆင့်စီမံကိန်းကြီးတွေ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ငွေကြေးအကူအညီ၊ နည်းပညာအကူအညီတွေ ရရှိရေးအတွက် နိုင်ငံဆိုင် ရာ အတွင်းရေးမှူးရုံးအဖွဲ့ (National Secretariat) တွေ၊  ကဏ္ဍအလိုက်  လုပ်ငန်းအဖွဲ့တွေနဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်တွေအကြား ဆက်သွယ်ညှိနှိုင်းသူအဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

ဂျီအမ်အက်စ်အစီအစဉ်မှာ မြန်မာနိုင်ငံပါဝင်မှု


မြန်မာနိုင်ငံဟာ ဂျီအမ်အက်စ်အစီအစဉ် စတင် တဲ့ ၁၉၉၂ ခုနှစ်မှ ယနေ့တိုင် ဂျီအမ်အက်စ် အစီ အစဉ်အားလုံးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေ တာတွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ထိပ်သီးအစည်း အဝေးအပြင်  စတုတ္ထအကြိမ် စီးပွားရေးစင်္ကြံများ ဖိုရမ်ကို  ၂၀၁၂   ခုနှစ်   ဇွန်လမှာ  လည်းကောင်း၊  အကြိမ်(၂၀)မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ အစည်းအဝေးနဲ့ (၁၀)ကြိမ်မြောက် စီးပွားရေးစင်္ကြံ များဖိုရမ်ကို  ၂၀၁၈ ခုနှစ်  နိုဝင်ဘာလမှာလည်း ကောင်း   အိမ်ရှင်အဖြစ်  အောင်မြင်စွာ  ကျင်းပ ဆောင်ရွက်ခဲ့တဲ့ မှတ်တိုင်တွေလည်း စိုက်ထူခဲ့ပြီး ဖြစ်ပါတယ်။ 


ဒေသခွဲအတွင်း စီးပွားရေးစင်္ကြံများဖွံ့ဖြိုးရေးဟာ ဂျီအမ်အက်စ်ရဲ့ ထူးခြားတဲ့ လုပ်ငန်းစဉ်တစ်ရပ် အနေနဲ့တွေ့ရပါတယ်။  စီးပွားရေးစင်္ကြံများဖိုရမ် (Economic Corridors Forum-ECF) ကို ၂၀၀၈ ခုနှစ်မှာ   စတင်ကျင်းပခဲ့ပါတယ်။   ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား၊ အစိုးရနဲ့ ပုဂ္ဂလိကတို့ အကြား   ချိတ်ဆက်မှုကို   တိုးတက်လာစေရန် ရည်ရွယ်တဲ့ တစ်ခုတည်းသောဖိုရမ် ဖြစ်ပါတယ်။

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဆောင် ရွက်ရေး တိုက်တွန်းအားပေး
ယခု ထိပ်သီးအစည်းအဝေးသို့ ဖွံ့ဖြိုးမှုမိတ်ဖက် တွေနဲ့ ပုဂ္ဂလိကကဏ္ဍက စီးပွားရေးလုပ်ငန်းရှင်တွေ လည်း ပါဝင်တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဒီထိပ်သီးအစည်းအဝေးက   ပေါ်ထွက်လာမယ့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အတည်ပြုကြေညာချက် တွေ ထုတ်ပြန်ရန်ရှိတဲ့ မဟာဗျူဟာနဲ့ လုပ်ငန်းစဉ် တွေကို  ဂျီအမ်အက်စ်  အဖွဲ့ဝင်နိုင်ငံအစိုးရများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီညီ ပူး‌ပေါင်းအကောင် ထည်ဖော်ခြင်းဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုနဲ့  ပေါင်းစည်းမှုကို  ပိုမိုမြှင့်တင်နိုင်ပြီး ဒေသခွဲ အတွင်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင် မယ်လို့ အလေးအနက်ထားယုံကြည်လျက် သတ္တမ အကြိမ်   ဂျီအမ်အက်စ်    ထိပ်သီးအစည်းအဝေးကို လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။       ။