အဖျက်အန္တရာယ်များ အပြီးတိုင်ဖယ်ရှား
လက်တစ်ခုတွင် အတိုအရှည်အရွယ်အစားမတူ၊ သဘောသဘာဝ ဂုဏ်ရည် မတူသည့် လက်ချောင်းငါးချောင်း ရှိသည်။ မိသားစုတစ်စု၏ မိသားစုဝင်များ တွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများတွင်လည်း ထိုသဘောသွားအတိုင်းရှိသည်။ တစ်အူထုံ့ဆင်း မိသားစုဝင်များဖြစ်၍ စိတ်သဘောထား၊ ခံယူချက်မတိုက်ဆိုင်မှုများကို နားလည် ခွင့်လွှတ်ကြမည်ဖြစ်သော်လည်း မိသားစုချင်း စိတ်ဝမ်းကွဲပြီး မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားမည့် ပြုလုပ်မှုများကိုမူ မိသားစုဝင်တိုင်းအနေဖြင့် မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။