စီးပွားရေး

စွမ်းအင်ဖူလုံမှုနှင့် နိုင်ငံ့စက်မှုကဏ္ဍ မြှင့်တင်ရေး

 

ထက်ဇေယံ

စွမ်းအင်ကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအဆောက်အအုံကို မောင်းနှင်ပေးသည့် အဓိကသွေးကြောဖြစ်သကဲ့သို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်ပါသည်။

သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ (အပိုင်း-၄)

 

မောင်ပြေ (ဆင်ပေါင်ဝဲ)

တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ အစားထိုးသုံးစွဲမှုနည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် တိရစ္ဆာန်အစာစားကျက်ပဲ မျိုးရင်းဝင်အပင်များ (Pasture Legumes) စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းများနှင့် ပူးတွဲဆောင်ရွက်အသုံးပြုကာ ဓာတ်မြေဩဇာလည်း လျှော့ပေါ့သုံးစွဲနိုင်၊ တောင်သူကြီးများ ဝင်ငွေပိုမိုရရှိနိုင်ခြင်းအကြောင်းကို ဆက်လက်ရေးသားဆွေးနွေးလိုပါသည်။

ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုး ပြည်အကျိုး

 

မင်းမင်း

ပဲဆီကြိတ်ဆုံမှ ထွက်ပေါ်လာသည့် သဘာဝပဲဆီ အနံ့မွှေးမွှေးက စားသုံးသူပြည်သူများအား ဝယ်ယူရန် မာကတ်တင်း (Marketing) ဆင်းစရာမလိုအောင် ဆွဲဆောင်ထားသည်။ တစ်ပတ်ပြီးတစ်ပတ် စက်အားဖြင့်လည်ပတ်နေသော ကြိတ်ဆုံမှရရှိသည့် ဆုံဆီကသဘာဝအတိုင်း ထုတ်လုပ်ထားသည့်အတွက် သန့်ရှင်းသည်၊ အရည်အသွေးကောင်းမွန်သည်၊ ကျန်းမာရေးနှင့် ညီညွတ်သည်။

နွားလှည့် ဆုံဆီထုတ်လုပ်မှုအစား စက်၏လည်ပတ်အားဖြင့် ဆီထုတ်လုပ်ခြင်းကို ပြောင်းလဲထုတ်လုပ်လာကြသော်လည်း သဘာဝအတိုင်းသန့်ရှင်းစွာထုတ်လုပ်ထားသည့်အတွက် ပဲဆီ၏ အရောင်၊ အနံ့၊ အရသာက အရည်အသွေးကောင်းပြီး ကျန်းမာရေးအရ စားသုံးရန်သင့်လျော်သည်။

တောင်သူအကျိုးများစေဖို့ ဆီထွက်နေကြာစိုက်ကြစို့

 

မောင်ဇော်(မိုးကောင်း)

နေကြာဆီသည် ကျန်းမာရေးနှင့်ညီညွတ်သော မပြည့်ဝဆီဖြစ်သည့်အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည်ကို တွေ့ရှိရသည်။ ဈေးကွက်အတွင်း ရောင်းချနေသော နေကြာဆီများသည် ယေဘုယျအားဖြင့် နေကြာဆီအသစ်များပေါ်သည့်အချိန်တွင်သာ ဈေးနှုန်းအနည်းငယ်ကျဆင်းတတ်ပြီး သာမန်အားဖြင့် နေကြာဆီ ၁ ပိဿာလျှင် ငွေကျပ် ၂ သောင်းမှ ၂ သောင်းခွဲ ဝန်းကျင်ခန့်အထိရှိကြောင်း တွေ့ရှိရသည်။

ပို့ကုန်နှစ်ဆတိုးမြှင့်ဖို့ တန်ဖိုးမြင့်ရေထွက်ကုန်များ တိုးထုတ်စို့

 

ဒေါက်တာ တိုးနန္ဒာတင်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရေလုပ်ငန်းကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နိုင်ငံတော်၏ GDP သည်လည်း တိုးတက်လာမည့်အပြင် နိုင်ငံတော်၏စားရေရိက္ခာဖူလုံ‌ရေးနှင့် နိုင်ငံခြားငွေလိုအပ်ချက်ကို အ‌ထောက်အပံ့ပြုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက်ရန် အထူးလိုအပ်လာပါသည်။

ဦးထမ်း ပဲ့ထမ်းကြိုးပမ်းကြမည် ရွှေပြည်သစ်ဆီ ရှေ့သို့ချီ

 

ဇာနည်ဘွား

နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့်စနစ်ကိုကျင့်သုံးသည်ဖြစ်စေ ဦးဆောင်သူအစိုးရနှင့် ပြည်သူတို့လက်တွဲညီညီ ဦးထမ်း ပဲ့ထမ်းကြိုးပမ်းဆောင်ရွက်ကြမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါသည်။

တစ်ခါက နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို သတင်းသမားတစ်ဦးက “မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းက မည်သို့ပံ့ပိုးကူညီနိုင်မလဲ”ဟု မေးရာ မစ္စတာဆာဆာကာဝါက “မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြန်မာတို့ကသာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ဖြေကြားသွားခဲ့ဖူးသည်။

အိုဘယ့် မိခင် ဧရာဝတီ (၃)

တယော (ရေသယံဇာတ)

 

Nuozhadu Dam (နိုဇာဒူးတမံ)အကြောင်း

မြစ်ဆုံတမံတည်ဆောက်မည့်နေရာနှင့် အနီးတွင် ကမ္ဘာ့အမြင့်ဆုံး ကျောက်ဖြည့်တမံများထဲမှ တစ်ခုအပါအဝင်ဖြစ်သော တမံတစ်ခုဖြစ်သည့် Nuozhadu Dam (နိုဇာဒူးတမံ) တည်ရှိပါသည်။ ထိုနိုဇာဒူးတမံသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀ ထုတ်လုပ်ရရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လန်ချန်းမြစ် (မဲခေါင်မြစ်၏ တရုတ်နိုင်ငံဘက် အပိုင်း)၊ ယူနန်ပြည်နယ်၌တည်ရှိသော အမြင့် ၂၆၁ ဒသမ ၅ မီတာရှိသည့် ကျောက်ဖြည့်တမံအမျိုး အစားဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

Subscribe to စီးပွားရေး