သဘာ၀ကပေးသည့်လက်ဆောင်ဟု တင်စားခေါ်ဝေါ်ရသည့် စျေးကွက်၀င် စက်မှုကုန်ကြမ်းသီးနှံ ၀ဥ
သတင်းဆောင်းပါး- နဒီမင်း၊ ဓာတ်ပုံ- ကိုအောင်(စိုက်ပျိုးရေး)
“ဝဥက ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးတဲ့ လက်ဆောင်ပါ’’ ဟု ဆိုလာသူက ချင်းတိုင်းရင်းသား ကိုဆလိုင်းကျော်ပင်ဖြစ်သည်။ သူ၏ဇာတိမြေ ချင်းတို့ဌာနေသည် သဘာ၀တောတောင်အလှအပများကို ပိုင်ဆိုင်ထားရုံသာမက အရည်အသွေး ကောင်းမွန်သည့် ဝဥပင်တို့ ပေါက်ရောက်ရှင်သန်ရာ၊ အဓိကဖြစ်ထွန်းအောင်မြင်ရာ ဒေသ တစ်ခုဟုဆိုလျှင် မှားမည်မထင်ပေ။



