ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာ
ဒေါက်တာနီနီတင့် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိရာ သဘာဝအရင်းအမြစ်များဆုံးရှုံးမှုကို ရင်ဆိုင် ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုကကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေးဆိုင်ရာသဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။