လူမှုရေး

အမျိုးသားစာပေ တစ်သက်တာဆုရပုဂ္ဂိုလ် ကျမ်းပြုစာဆို မောင်မောင်ညွန့် (မန်းတက္ကသိုလ်)

 

ရွှေသာဦး (စာပေဗိမာန်)
 

 

“… ပညာရှာသူတို့အတွက် ကျေးဇူးများ သော ဤကျမ်းကို ပြုစုရသောကောင်းမှု ကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပညာ ကြီးမားပြီး အများအကျိုးကို ဆောင်ရွက် နိုင်သောကိုယ် ဖြစ်ရပါလို၏။ ကြံစည်ကာ မျှဖြင့် မိမိ၏အကျိုးစီးပွားများ ပြီးပြည့်စုံ သကဲ့သို့ သတ္တဝါတို့၏ လိုအင်ဆန္ဒဟူသမျှ သည်လည်း လွယ်လွယ်ကူကူနှင့် ပြီးစီး အောင်မြင်ပါစေသတည်း”   ဆရာကြီး မောင်မောင်ညွန့်  (မန်းတက္ကသိုလ်)  ၏ (“ရှေးခေတ် မြန်မာစာပေဆိုင်ရာကျမ်း များ  လေ့လာမှု”  စာအုပ်၊  နိဂုံးနှင့် ဆုပန်လွှာမှ ကောက်နုတ်ချက်)

 

မုန်တိုင်းကြားက မျိုးချစ်တပ်မတော်နှင့် ပြည်သူများ

 

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

 

မြင်ကွင်း (၁)


ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသားလူမျိုးအသီးသီးနဲ့  ဖွဲ့စည်းထားတဲ့နိုင်ငံ၊  ပထဝီအနေအထား၊ ရာသီဥတုမျှတကောင်းမွန် ၍ နေချင်စဖွယ်ရှိတဲ့ နိုင်ငံ၊ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံ ပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တယ်။  

 

မြေကြီးက ရွှေသီးရမည်

 

မာလွေလိန်း

 

လွန်ခဲ့သော နှစ်ပေါင်း  (၅၀)  ကျော်က  အခြေခံပညာမူလတန်းအဆင့်တွင် သင်ကြားခဲ့ရသော  သင်ရိုးထဲကဖြစ်သည့်  “မြေကြီးက  ရွှေသီးရမည်” ဟူသော    ဆိုရိုးစကား၏    အဓိကဆိုလိုရင်းမှာ    မြန်မာနိုင်ငံသည် တွင်းထွက်သဘာဝသယံဇာတပစ္စည်း        ကြွယ်ဝသော    တိုင်းပြည်၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့်           တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော  တိုင်းပြည်ဖြစ်ကြောင်း  နောင်လာနောက်သားများ သိရှိခံယူနိုင်ရန်ရည်ရွယ်ကာ  တင်စားဖော်ကြူးလျက် ကျောင်းသင် ခန်းစာ၌   ထည့်သွင်းပြဋ္ဌာန်းခြင်းဖြစ်သည်ဟု  ယူဆသည်။

 

ခိုင်မြဲတဲ့မူဝါဒ၊ နွေးထွေးတဲ့စိတ်ဓာတ်နဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

 

ဝင်းဇေယျာထွန်း

 

ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတွေအချင်းချင်း   ဒေသ အလိုက်သော်လည်းကောင်း၊  မူဝါဒအရသော် လည်းကောင်း ပူးပေါင်းဆောင်ရွက်တဲ့  ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များစွာဟာ အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒါဟာ  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု(Multilateralism) ရဲ့ အစိတ် အပိုင်းတစ်ရပ်လည်း  ဖြစ်ပါတယ်။  နိုင်ငံတွေဟာ ဘာဖြစ်လို့  အခုလို   အစုအဖွဲ့အလိုက်   ပူးပေါင်း ဆောင်ရွက်ကြတာလဲဆိုတာ   သိသင့်တဲ့မေးခွန်း တစ်ခု ဖြစ်ပါတယ်။

 

သီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေဖို့ ပျားမွေးမြူရေးလုပ်ငန်းဖြင့် တွဲဖက်လုပ်ကိုင်ကြပါစို့

 

တာရာ

 

အဝါရောင်တောက်တောက် ပွင့်ဖတ်လွှာ၊ အညိုရင့်ရောင် ဝတ်ဆံ၊ အစိမ်းရောင်အရွက်နှင့် ရိုးတံများက အရောင်အသွေးကျလိုက်ဖက်ညီကာ နေဘက်ကို မျက်နှာမူ၍ ဖူးပွင့်နေကြသည်။ ပန်းကလေးနေကြာသည် သူ၏အဆင်းဖြင့်သာ လောကကို ဤသို့ဤပုံ အလှဆင်နေခြင်းမဟုတ်၊ လူသားတို့အတွက် အာဟာရ လိုအပ်ချက်ကိုလည်း တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနေသည့်  စိုက်ပျိုးသီးနှံဖြစ်သည်။

Subscribe to လူမှုရေး