ဂျပန်နိုင်ငံ စနစ်တကျကိုင်တွယ်ဖြေရှင်းနေရသည့် ဖူကူရှီးမားဓာတ်ပေါင်းဖို အဏုမြူစွန့်ပစ်ပစ္စည်းအခက်အခဲ
တက္ကသိုလ်မောင်ရူပ
ယမန်နေ့မှအဆက်
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Greenpeace ကလည်း ဂျပန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ကုန်ကျစရိတ် သက်သာစေရေး ကိုသာကြည့်ရှုတဲ့ အစီအစဉ်ဖြစ်ပြီး သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးစေမယ့် အလားအလာတွေကို လျစ်လျူရှုထားကြောင်း ဝေဖန်ခဲ့ကာ ဂျပန်အစိုးရ အနေနဲ့ ပြုပြင်ပြီးရေများ သိုလှောင်နိုင်မယ့် လှောင်ကန်များ ထပ်မံဆောက်လုပ်ရေးကို စဉ်းစား သင့်ကြောင်း ပြောကြားခဲ့ပါတယ်။