လူမှုရေး

အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှသည် ရည်ရွယ်ရာပန်းတိုင်ဆီသို့

 

“တခြားအလုပ် မလုပ်ရသေးခင် စပ်ကြားမှာ မြန်မာ မုန့်တွေလုပ်ပြီးအွန်လိုင်းက ရောင်းတာပါ။ မိသားစု အတွက် အိမ်စရိတ်ကာမိအောင်ပေါ့”   
ကိုဗစ်-၁၉ ကပ်ရောဂါ၏  ရိုက်ခတ်မှု၊ ခေတ် ကာလ အကျပ်အတည်းမျိုးစုံကြား အလုပ်အကိုင် ရှားပါးနေသည့် အခိုက်အတန့် ၎င်းတတ်ကျွမ်းသည့် အိမ်တွင်းမှုပညာဖြင့်  မိသားစု၀င်ငွေကို   တစ်ဖက် တစ်လမ်းမှ    ရှာဖွေပေးနေသည့်    မငြိမ်းစံက ပြောသည်။ 

 

ရေတင်လုပ်ငန်းများဖြင့် တောင်သူစီးပွားတိုးပွားစေမည်

 

ကေကေ 
 

 

ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းမှ စီးဝင်ရေများကို ရေစုပ်စက်ကြီး များဖြင့်   လည်ပတ်စုပ်တင်၍    မြောင်းလက်တံမှတစ်ဆင့်   သီးနှံ စိုက်ကွင်းများအတွင်း  စီးဝင်စေသည်။  ထိုကဲ့သို့   စိုက်ကွင်းများသို့ စိုက်ပျိုးရေများ မြောင်းလက်တံမှ အဆင့်ဆင့် စီးဝင်နေသည့်အတွက် တောင်သူများသည်  သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို  အားတက် သရော ဆောင်ရွက်နေကြသည်။ ထိုနေရာကား ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်အတွင်းရှိ ကျောင်းစုရေတင်လုပ်ငန်းအနီးတွင် ဖြစ်သည်။

 

အဖိုးတန်ရေကို ချွေတာသုံးစွဲသွားစေလို

 

မောင်သောင်းဝင်း(တမန်ဟောင်း)

 

ရေမရှိလျှင် သက်ရှိအားလုံးရှင်သန်ကြွင်းကျန်နိုင်မည် မဟုတ်ချေ။ နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့်ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင်ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုးမကြုံရလေအောင် အဖိုးတန်သောရေကို မိုးရာသီကတည်းက စနစ်တကျ စုဆောင်းထားပြီး ချွေတာသုံးစွဲသွားသင့်သည်။ 

 

ဘဝအခြေခံလိုအပ်ချက်နှင့် စာဖတ်ခြင်း

 

သိန်းထွန်း (IR)

 

ဘဝအခြေခံလိုအပ်ချက်နှင့် စာဖတ်ခြင်းဆိုလို့ စကားလုံးက ကြီးကောင်းကြီးနေမယ်လို့ ထင်စရာပါ။ စကားလုံးက ကြီးလွန်းတယ် ထင်ရပေမယ့် အမှန်တကယ် တွေ့ကြုံခံစားမှုကလည်း ကြီးမားလို့ သုံးနှုန်းလိုက်ရခြင်းပါ။ ဘဝအခြေခံလိုအပ်ချက်အတွက် စာဖတ်ခြင်းဆိုလိုက်လို့ စာပေနဲ့ အသက်မွေးဝမ်းကျောင်းတယ်၊ စာပေသက်သက်ကိုပဲ လေ့လာလိုက်စားတယ်၊ စာပေကိုပဲ တစိုက်မတ်မတ်လုပ်တာကို မဆိုလိုပါဘူး။ 

 

အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး

 

မြင့်မောင်စိုး

 

ယခုတလော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းများမှာ အတော်ပင်စိတ်ဝင်စားဖွယ်ဖြစ်လာသည်။ အကြောင်းမှာကား ယခင်က ဖြစ်တောင့်ဖြစ်ခဲသော အကြောင်းအရာတစ်ခုသည် ယခုအခါ  မကြာခဏဆို သလို တွေ့မြင်လာရခြင်းပင် ဖြစ်သည်။ ဤသည်မှာ ထူးခြားမှုပင် ဖြစ်သည်။ ထိုထူးခြားမှုသည် အခြားမဟုတ် မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း)နှင့် ဘိန်းဖြူတင်ဆောင်လာသော ကုန်တင်ကားကြီးများကို ကားစီးလိုက် မကြာခဏဖမ်းဆီးရမိနေခြင်းပင် ဖြစ်သည်။

 


အိုက်စ်(မက်သ်အဖက်တမင်း) ဖမ်းမိမှုများ
ထိုအိုက်စ်   (မက်သ်အဖက်တမင်း)နှင့်  ဘိန်းဖြူ

Subscribe to လူမှုရေး