ဆည်ရေဖြင့် ပိုမိုစိုက်ပျိုး လူမှုစီးပွားဖွံ့ဖြိုး
မောင်တာရာ
ဆည်ရေဖြင့်စိုက်ပျိုးထားသော စပါးစိုက်ခင်းများနှင့် ပဲတီစိမ်းစိုက်ခင်းများကို စိမ်းစိုနက်မှောင်သန်စွမ်း လျက် တွေ့မြင်ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသည့်ဒေသ၌ မိုးရာသီ မဟုတ်သော်လည်း အဆိုပါစိုက်ခင်းများသို့ ရေပေးဝေရန် သွယ်တန်း ထားသည့် မြောင်းမကြီးများတွင် ရေအပြည့်စီးဆင်း လျက်ရှိသည်ကို တွေ့မြင်ရသည်။ တောင်သူများက ထိုရေကို ရေပိုက်များဖြင့် ရယူကာ စိုက်ခင်းများကို ရေသွင်း၍ စိုက်ပျိုးနေကြခြင်းဖြစ်သည်။