စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်သားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်)
ကိုရင်မောင်
မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ မလွတ်ကင်းတဲ့နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ရေကြီးရေလျှံတာတွေ၊ မုန်တိုင်းတိုက်ခတ်တာတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ကဘင်္ဂလား ပင်လယ်အော်မှ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဟာ ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ရခိုင် ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ရွာတွေသာမက ချင်းပြည်နယ်အတွင်းက မြို့ရွာတွေ ကိုပါ အငြိုးတကြီး တိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်။