လူမှုရေး
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ်များကို အကာအကွယ်ရယူခြင်းနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်မှုများကို အရေးယူခြင်း
ဦးကျော်ကျော်(တရားရေး)
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်လာပြီဖြစ်၍ ယင်းဥပဒေအရ စွဲဆိုမှုများ၊ အငြင်းပွားမှုများလည်းတိုးပွားလာမည်ဖြစ်ပါသည်။ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် အခွင့်အရေးပိုင်ရှင်များအနေဖြင့် မိမိတို့၏အခွင့်အရေးကိုကာကွယ်ရန်လိုအပ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း အခြားသူ၏ အမှတ်တံဆိပ် အခွင့်အရေးကို ချိုးဖောက်ရာမရောက်အောင် သတိပြုရန်လိုအပ်မည်ဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များမှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်တင်ပြအပ် ပါသည်။
အလှူဒါန ပြုကြသူငှာ
ခင်သန်းမြင့်
ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်ဓမ္မာရုံက ဆွမ်းအောင်ပွဲ အဖြစ် လှူဒါန်းကျွေးမွေးတဲ့ စတုဒိသာအလှူပွဲလေး တစ်ခုကို ကျွန်မ တကူးတက သွားစားဖြစ်တယ်။ တကူးတကဆိုတာက ဓမ္မာရုံက ရင်းနှီးတဲ့ဓမ္မမိတ်ဆွေ တွေက ဆက်ဆက်ကြွလှမ်းခဲ့ဖို့မှာလို့ပါ။ ညနေပိုင်း ကျွန်မရောက်တဲ့အချိန်မှာ အကျွေးအမွေးက စနေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အရပ်လေးမျက်နှာက လူကြီး၊ လူငယ်၊ ကလေးတွေကအစ လက်လုပ် လက်စား၊ ဆိုက်ကားဆရာတွေအဆုံး လူတန်းစား မရွေး အားရပါးရ စားသောက်နေကြတာတွေ့ရ တယ်။
- Read more about အလှူဒါန ပြုကြသူငှာ
- Log in to post comments
လူမှုဘဝဖွံ့ဖြိုးဖို့ စာတတ်မြောက်ရေးဝိုင်းကူစို့
ဇေထက်လှိုင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့် တိုင်းတာလေ့ရှိသည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးတစ်ယောက်၏ဘဝနှင့် လူနေမှုအဆင့်အတန်းကိုသာမက မိမိပတ်ဝန်းကျင်ရှိ လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်ပြီး အသိပညာဖွံ့ဖြိုးတိုးတက်မှုမှာလည်း စာတတ်မြောက်မှုအပေါ် များစွာအမှီသဟဲပြုနေသဖြင့် စာတတ်မြောက်မှုကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့
ပါမောက္ခဒေါက်တာကိုကို
ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်