လူမှုရေး

လူဦးရေတစ်သန်းခန့် ဓာတ်အားတိုးတက်သုံးစွဲစေနိုင်မည့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း

 

လင်းသစ်

ဒွါရာဝတီ ခေါ် သံတွဲမြို့ကို   ရခိုင်ရိုးမတောင်စွယ်   တောင်တန်းများက   ဝိုင်းပတ်ကာရံထားသည်။ မြို့ကိုဝန်းရံထားသည့် ရိုးမတောင်စွယ်တောင်တန်းများပေါ်မှ စီးဆင်းလာသော  ချောင်း  မြောင်းများ ကလည်း မြို့အနီးမှ  ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏အရှေ့မြောက်ဘက်မှ စီးဆင်းနေသော သူဌေးချောင်းရေကို အသုံးပြု၍ ပြည်နယ်အတွက်   နိုင်ငံအတွက်   လိုအပ်သော   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

နာမည်ကျော် စာရေးဆရာ လက်ဖက်ရည်ဆိုင်

 

မြင့်မောင်စိုး

နာမည်ကြားကတည်းက  ဒီလက်ဖက်ရည်ဆိုင်ကို  သွားချင်နေတာ။ စာရေးဆရာနဲ့  လက်ဖက်ရည်ဆိုင်က  ဘယ်လိုများပတ်သက်နေတာလဲ၊  ဘာကြောင့်များ နာမည် ကျော်ရတာလဲ၊ ဘယ်လိုအခင်းအကျင်းတွေနဲ့ တွေ့ရမှာလဲ၊  ဘယ်မှာရှိတာလဲ စတဲ့မေးခွန်းတွေက အတွေးထဲ အလိုလိုဝင်ရောက်လာပါတယ်။ ဒီနေရာဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ရဲ့ လူသိများတဲ့နေရာဆိုရင် မမှားပါဘူး။ လက်ဖက်ရည်ဆိုင်နာမည်က အင်္ဂလိပ်လို LAOSHE TEAHOUSE တဲ့။ တရုတ်လိုတော့ LAOSHE (စာရေးဆရာ)၊ Cha guan (လက်ဖက်ရည်ဆိုင်) လို့ အဓိပ္ပာယ်ရပါတယ်။ ဒီလက်ဖက်ရည်ဆိုင်ရဲ့ တည်နေရာက ပေကျင်းမြို့ Qianmen West Street တဲ့။

မလေးရှားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေး မဟာဗျူဟာများနှင့် စီးပွားရေးပုံစံသစ်ကို လေ့လာခြင်း

 

ခန့်ဇော်(ကျေးလက်)

 

မလေးရှားနိုင်ငံသည် ၁၂၇၇၂၀ စတုရန်းမိုင်ကျယ်ဝန်းပြီး မလေး၊ တရုတ်၊ အိန္ဒိယလူမျိုးများ နေထိုင်ကြကာ ၂၀၂၃ ခုနှစ် လူဦးရေစစ်တမ်းအရ လူဦးရေ ၃၄ သန်းကျော်ရှိ၍ ကမ္ဘာပေါ်တွင် ၄၄ ခုမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည်။ စည်းမျဉ်းခံ ရွေးကောက်ခံဘုရင်စနစ်ကျင့်သုံးသော ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ဖက်ဒရယ်နိုင်ငံ ဖြစ်ပါသည်။ မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးပေါ်လစီမှာ ကြားနေဝါဒအပေါ်တွင် အခြေခံထားပြီး မည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည့်နိုင်ငံဖြစ်စေ မလေးရှားကမူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဖြင့်သာ ဆက်ဆံသည်ကို တွေ့ရပါသည်။

နိုင်ငံရေးအမြတ်ထုတ် စားပေါက်ထွင် လုပ်စားနေသူတွေကို ရှုတ်ချကြပါစို့

 

ကိုရင်မောင်

မကြာသေးမီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထူးတဲ့သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရပါတယ်။ သတင်းကောင်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ပြည်ပနိုင်ငံမှ အတိုက်အခံပါတီ တစ်ခုက အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေအလိုကျ မျက်နှာလိုမျက်နှာရ လှုံ့ဆော်လိုက်တဲ့ အကွက်ဆန်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အတိုက်အခံပါတီ BNP ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က “Rohingya Crisis and Repatriation Strategy” ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲမှာ BNP အနေနဲ့ ဘင်္ဂါလီတွေရဲ့ အကျပ်အတည်းအတွက် ထိရောက်စွာဖြေရှင်းနိုင်ဖို့ အချက် ၁၆ ချက်ကို အဆိုပြုခဲ့ကြောင်း သတင်းဆောင်းပါးတစ်ပုဒ်မှာ တွေ့လိုက်ရပါတယ်။

Subscribe to လူမှုရေး