ဂုဏ်ယူစရာအခွင့်အလမ်းတစ်ခုမှာ အတူရှိစေချင်ပါသည်
မိုးကေနိုင်
ခေတ်အဆက်ဆက် ဆက်ခံကြသည့် သမိုင်းအမွေအနှစ်များစွာတွင် အနုပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မွန်မြတ်သော မြန်မာ့ရုပ်ရှင်သည်လည်း အစဉ်အလာ ကောင်းများစွာဖြင့် သမိုင်းမော်ကွန်းကောင်းများကို စိုက်ထူနိုင်ခဲ့သည်ချည်းဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူချစ်သောအနုပညာရှင်များသည် မြန်မာ့ယဉ်ကျေးမှုကို ရသအစုံဖြင့် သရုပ်ဖော်ခဲ့ကြပြီး သရုပ်ပျက်ယဉ်ကျေးမှုကို တိုက်ဖျက်နိုင်စွမ်းရှိခဲ့သည်။ ဖြေဖျော်ရေးသာမက တိုင်းပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာစောင့်ရှောက် လိုစိတ်များကို ပေးစွမ်းနိုင်ခဲ့သည့်အပြင် ဘဝအတွက် ပညာပေးသင်ခန်းစာများကိုလည်း အတုယူဖွယ် ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။
- Read more about ဂုဏ်ယူစရာအခွင့်အလမ်းတစ်ခုမှာ အတူရှိစေချင်ပါသည်
- Log in to post comments