ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)
ကိုရွှေမိုး (UEC)
နိဒါန်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ်မဲပေးစက် (Electronic Voting Machine – EVM) ကို အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါ သည်။ သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်အသုံးပြုရန်မလိုဘဲ မဲပေး နိုင်တော့မည် ဖြစ်ပါသည်။