ကိုဗစ်-၁၉ စတုတ္ထလှိုင်းနှင့် ပေါ့ဆ၍မရသည့် တစ်ကျော့ပြန် အိုမီခရွန်
ခင်ရတနာ
ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားသူ တစ်ဦးရှိခဲ့တာကို ကြားသိ လိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဩဂုတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ်စာရင်းတွေ တိုးလာခဲ့တာ နှစ်ရာခိုင်နှုန်းအထက် ရောက်လာတာမို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် သတိပေးခေါင်းလောင်းသံမြည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။



