ဆည်တာတမံအလိုက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုများ အလေးထားဆောင်ရွက်လျက်ရှိ
မိုးပြည့်
ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုအခြေအနေကို ခန့်မှန်းရသည်မှာ မလွယ်ကူတော့ပေ။ မျှော်သည့်အခါ မရွာ၊ မလိုမှ ရွာသွန်းတတ်သည့် မိုးဖြစ်လာသည့်အတွက် တောင်သူများသည် ဆည်တာတမံများမှ ပေးဝေသည့် စိုက်ပျိုးရေကို အားထားကြရသည်။ ထိုသို့ စိုက်ပျိုးရေပေးဝေလျက်ရှိသည့် ဆည်တာတမံများသည် တောင်သူများကို အကျိုးပြုလျက်ရှိသည် မှန်သော်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဆည်တာတမံများ ထိခိုက်ပျက်စီးကာ ပြည်သူများ ဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် အထူးအလေးပေး စီမံဆောင်ရွက်နေသည်။