အပြုံးပန်းတွေဝေဆာဖို့ ငုံးမွေးမြူရေးဖြင့် မိသားစုဝင်ငွေရှာကြစို့
လူငယ်သုတေသီများ(မွေးသု)
ကမ္ဘာကြီးနှင့် ငုံးမွေးမြူရေး
လူငယ်သုတေသီများ(မွေးသု)
ကမ္ဘာကြီးနှင့် ငုံးမွေးမြူရေး
ဒေါက်တာမြတ်မိုး
ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိဖြစ်သည့် ဝါတွင်းသုံးလကာလသည် ကား မြတ်ဗုဒ္ဓ၏ အဆုံးအမတို့တည်ရာ သာသနာဆိုင်ရာ ထူးခြားလေးနက်သော ကာလတစ်ခုဟု ဆိုထိုက်ပါသည်။
ထူးခြားလေးနက်ဓမ္မစက်
ဆန်းဝင်း (ငါးဦးစီး)
ငါးတို့သည် တစ်နေရာတည်းတွင် နေထိုင်လေ့မရှိဘဲ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသွားလာလျက်ရှိပေသည်၊၊ အဓိကအားဖြင့် မိတ်လိုက်ဥချသားပေါက်ရန် ရွှေ့ပြောင်းသွားလာခြင်း (Spawning migration)၊ အစားအစာရှာဖွေစားသောက်ရန်ရွှေ့ပြောင်းခြင်း (Feeding migration)၊ ၎င်းတို့အတွက်လုံခြုံသည့် နေရာရှာဖွေရန် ရွှေ့ပြောင်းသွားလာခြင်း (Overwintering migration) စသည့်အကြောင်းရင်းများကြောင့် ရာသီအလိုက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလာကြပေသည်။
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
(ယမန်နေ့မှ အဆက်)
တစ်နှစ်မှာ သစ်ပင်နှစ်ပင်စိုက်
ကမ္ဘာကြီးပူနွေးတာရဲ့ အကြောင်းတရားနံပါတ် (၃)ကတော့ သစ်တောဟက်တာ သုံးဘီလီယံ ပျက်ပြုန်းသွားခဲ့တာပဲ။ ၁၉၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ ခြောက်ဘီလီယံရှိရာက ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဟက်တာ သုံးဘီလီယံပဲ ကျန်ပါတော့တယ်။ ကျန်ရှိတဲ့ သစ်တောဟက်တာ သုံးဘီလီယံဟာ လေထုတွင်းက ပုံမှန်ရှိနေတဲ့ ကာဗွန်ဓာတ်ငွေ့ကို စုပ်ယူနိုင်စွမ်းကျဆင်းသွားခဲ့ပါ တယ်။ ဒါဟာ ကမ္ဘာကြီးပူနွေးဖို့အကြောင်းတရား ဖြစ်ပါတယ်။
မြင့်မောင်စိုး
တစ်နေ့ စျေးသွားရင်း စျေးကားပေါ်၌ ထိုင်နေစဉ် ပလတ်စတစ်အိတ်တစ်လုံး လမ်းမပေါ်တွင် လေနှင့်အတူ လွင့်ပျံနေသည်ကို တွေ့ရသည်။ ထိုပလတ်စတစ်အိတ်သည် သေးသေးမွှားမွှားမဟုတ်။ ခပ်ကြီးကြီး ခပ်လတ်လတ်အရွယ်မျှဖြစ်သည်။
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
မြန်မာတွေဟာ သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုးတွေဖြစ်ပါတယ်။ သစ်တော၊ သစ်ပင်တွေကို ဘာကြောင့် ချစ်ခင်ရပါသလဲ။ သစ်ပင်စိုက်ရင်အရိပ်ရတယ်၊ ပူပြင်းတဲ့ရာသီမှာ နားခိုရာရလို့၊ ပရိဘောဂ၊ အိမ်ကျောင်း၊ ကျေးရွာဘုန်းကြီးကျောင်းတွေ အဆောက်အအုံဆောက်ဖို့ သစ်ရလို့၊ လောင်စာထင်းမီးသွေး ရလို့ ဖြစ်ပါတယ်။
ငြိမ်းချမ်းမေ
မြန်မာနိုင်ငံတွင် နွေမိုးဆောင်း ရာသီဥတုသုံးပါး၌ ချစ်စရာကောင်းသော ဆယ့်နှစ်လရာသီပွဲများ ရှိပေသည်။ မြန်မာလများဖြစ်သည့် တန်ခူးလမှ တပေါင်းလအထိ လအလိုက်ပွဲတော်များရှိကြသည်။ ထိုလများထဲတွင် ဝါဆိုလသည် ထူးမြတ်၍ ကြည်နူးစရာကောင်းသော လတစ်လဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)နှင့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တို့တွင် အခြားနေ့များထက်ပို၍ ကောင်းမှုပြုရန် စိတ်အားထက်သန်ကြသည်။ မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်များနှင့် ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။
ကောင်းထက်
လှေကို ခြေနှင့်လှော်သောကြောင့်၊ ခရီးကို လှေဖြင့်သွားသောကြောင့်၊ အိမ်ကို ရေတွင်ဆောက်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ၏ စိတ်ဝင်တစား လည်ပတ်သော နေရာတစ်ခုအဖြစ် အင်းလေးကန်သည် ထင်ရှား၏။ ထိုသို့ ကန်နှင့်အတူ ရှင်သန်နေထိုင်သော အင်းသူအင်းသားတို့၏ လူမှုဘဝနှင့် ရိုးရာ ဓလေ့များသာမက ဇီဝမျိုးစုံ မျိုးကွဲများစွာကိုပါ အင်းလေးကန်ဝန်းကျင်ဒေသတွင် လေ့လာနိုင်သည်။
ဒေါက်တာ တင်မာမာဦး
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် လယ်ယာကဏ္ဍအပေါ်တွင် တည်မီလျက်ရှိရာ လယ်ယာကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို အဓိကထား စိုက်ပျိုးလျက် ရှိပါသည်။ စားသုံးဆီသည် ဆန်စပါးပြီးပါက ဒုတိယ အရေးကြီးသော အခြေခံစားကုန်ဖြစ်သည်နှင့်အညီ ဆီဖူလုံရေးသည်လည်း အရေးပါလျက်ရှိသည်။
Copyright © 2026. All rights reserved.
News and Periodical Enterprise