လူမှုရေး

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ

 

မောင်ငြိမ်းသူ (ကြို့ပင်ကောက်) 
 

 

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို ၂၀၂၂ ခုနှစ် မေ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပရန် ကြိုတင်ပြင်ဆင်နေကြလေပြီ။ 

 

ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည့် ပညာဥယျာဉ်များ ဝေဆာလာတော့မည်

 

ဦးလေးခိုင်
 

 

နိုင်ငံတစ်နိုင်ငံ အောင်မြင်ကြီးပွားခြင်း၏ အဓိကကျသော အကြောင်းအချက်တစ်ခုမှာ နိုင်ငံတွင် ပညာရေးကို ဦးစားပေးရင်းနှီးမြှုပ်နှံပြီး လူသားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရန် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတိုင်း၏ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် အားလုံးလက်ခံထားသည့် အချက်တစ်ခုမှာလည်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျသည့်ကဏ္ဍဖြစ်ပါသည်။ 

 

သတိပြုရမည့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းအတု၊ သတင်းအမှားများ၏ အန္တရာယ်

 

မင်းခန့်

 

မြန်မာနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထပ်တလဲလဲဖြန့်ချိနေကြတာကို နေ့စဉ်ရက်ဆက် တွေ့ရှိနေရပါတယ်။ အထူးသဖြင့် ပြည်သူလူထုအသုံးများတဲ့ Facebook စာမျက်နှာတွေမှာ မီဒီယာအမည်ခံ Account အမျိုးမျိုးနဲ့ သတင်းစာသား၊ ဓာတ်ပုံ၊ ဗီဒီယိုများအသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုတွေ၊ လိုရာဆွဲပြီး အမှန်၊ အမှားရောနှောထားတဲ့ သတင်းအမှားတွေကို ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက လုပ်ဆောင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။

 

ကဆုန်လပြည့် ဗုဒ္ဓနေ့၀ယ် အမုန်းကိုပယ် မေတ္တာကြွယ်၍ အောင်နိုင်သူများ ဖြစ်ပါစေ

 

ဒေါက်တာမြတ်မိုး 
 

ထူးမြတ်မှုများစွာနှင့်အတူ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ဗုဒ္ဓဘာသာဝင်များအတွက် အမွှန်းတင်ဂုဏ်ယူရမည့်နေ့တစ်နေ့အဖြစ် ကုသိုလ်ယူ ပူဇော်ဂုဏ်ပြုလိုက်ကြပါစို့။ ကုသိုလ်ထူးများဖြင့် အရာရာပြီးမြောက်အောင်မြင်ကြပါစေ။

 

 
မြတ်စွာဘုရားသည်    အင်အားကြီးမားသော မာရ်နတ်ရန်ကို   အောင်မြင်တော်မူခဲ့ပြီး ဘုရားဖြစ် တော်မူခဲ့ခြင်းဖြစ်၍ အောင်မြင်ခြင်းများဖြင့် ပြည့်စုံ တော်မူပါပေသည်။ ဘုရားအလောင်းဘ၀က ဖြည့် ကျင့်ခဲ့သော ပါရမီကုသိုလ်တော်တို့ကြောင့်  ရဟန်း ဂေါတမ တစ်ပါးတည်းပင် ကျန်ရစ်နေဦးတော့ ရန်သူ မာရ်နတ်စစ်သည်တို့ကို အောင်မြင်တော်မူခဲ့သည်။ 

 

ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ

 

ဇာနည်ဘွား

 

“ရင်းနှီးနွေးထွေးခြင်းနဲ့  ဆုံကြမယ်၊ ငြိမ်းချမ်းအေးမြခြင်းကို အတူခံစားမယ်၊ စေတနာတရားရဲ့အဓိပ္ပာယ် ရင်းနှီးတဲ့အခါ သိလိမ့်မယ်၊ ရန်ပြိုခြင်းရဲ့အဓိပ္ပာယ် ငြိမ်းချမ်းတဲ့အခါ  သိလိမ့်မယ်”တစ်ခေတ်တစ်ခါက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မကြာခဏထုတ်လွှင့်သော “ငြိမ်းချမ်းရေးပန်းခင်း” တေးသီချင်းကား လက်ရှိကာလအထိ မရိုးနိုင်ပေ။ ခေတ်မီနေဆဲ။

 

၇၅  နှစ်ရှိခဲ့ပြီ


အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက် ကိုင်      ပဋိပက္ခအရှည်ကြာဆုံးနိုင်ငံ  တစ်နိုင်ငံဖြစ်နေသောကြောင့်ပင်။   ၇၅  နှစ်ရှိခဲ့ပြီ။ 

 

နေကြာသီးနှံ ပိုးမွှား၊ ရောဂါ သတိပြု ကာကွယ်နှိမ်နင်းပါ


ဒေါက်တာခင်မာမြိုင်နှင့် ဒေါက်တာသက်ရည်ခိုင် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

Subscribe to လူမှုရေး