Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၇-၈-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၂၄/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိအား တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။