မြန်မာ့အလင်းအယ်ဒီတာအာဘော်
အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လမ်းစဉ် ပြည်သူအားလုံး ပြင်းပြင်းထန်ထန်ရှုတ်ချ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိ သည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ယင်းသို့ပြန်လည်ဝင်ရောက်လာသူများအား လိုအပ်သည့် ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသလို လက်နက်ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကိုလည်း ပါရှိလာသည့် လက်နက်ခဲယမ်း များအလိုက် ဆုကြေးငွေများ ထောက်ပံ့ပေးလျက်ရှိသည်။
သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခြေလှမ်း
သံနှင့်သံမဏိထုတ်လုပ်မှုသည် နိုင်ငံတည်ဆောက်ရေးလုပ်ငန်း များအတွက် အရေးပါသကဲ့သို့ နိုင်ငံစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း အရေးပါသည်။ မိမိတို့နိုင်ငံသည် သံနှင့် သံမဏိ လိုအပ်ချက်ကို ပြည်တွင်းထုတ်လုပ်မှုဖြင့် မလုံလောက် သည့်အတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံဖြစ်ရာ ပြည်တွင်း၌ သံနှင့်သံမဏိ တိုးတက်ထုတ်လုပ် ဖြည့်ဆည်း ပေးခြင်းဖြင့် အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
သစ်တောပညာ နှစ်တစ်ရာပြည့်
ယနေ့သည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် နှစ် ၁၀၀ ပြည့်သောနေ့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် အဆင့်သစ်တောပညာကို ၁၉၂၃ ခုနှစ်က ရန်ကုန်တက္ကသိုလ် တွင် Forestry School ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် စတင် ခဲ့ခြင်းဖြစ်ရာ ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်ပြီဖြစ်သည့် အလျောက် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ (၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့) တွင် နေပြည်တော် ဇေယျာ သီရိမြို့နယ်၊ ရေဆင်းရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ ကျင်းပခြင်းဖြစ်သည်။
လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်
မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးသည် အဓိကကဏ္ဍ တစ်ခုဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများ ပါဝင်လုပ်ကိုင်နေကြသည့် ကဏ္ဍ ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့မှာ မြေယာကို အခြေပြု ရသော လုပ်ငန်းများဖြစ်သည့်အလျောက် မြေအသုံးချမှုများနှင့် စပ်လျဉ်း၍ အနာဂတ်အထိပါ မျှော်မှန်းကာ စနစ်တကျ စီမံ ခန့်ခွဲကြရမည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မိမိတို့ နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုးမြေ လုံလောက်စွာ ရှိရန် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေ များကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်” မကြာသေးမီက မှာကြားခဲ့ရာ အနာဂတ်တ
ပညာပြည့်ဝ နှလုံးလှသည့် လူငယ်များဖြစ်အောင်ကြိုးပမ်း
“ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏ အားကသာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက် နေ့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများ အား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။