မြန်မာ့အလင်းအယ်ဒီတာအာဘော်

(၇၇) နှစ် ပြည့်ခဲ့ပြီ

 

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်သဘာဝဘေးအန္တရာယ်များ၏ ၇၀  ရာခိုင်နှုန်းမှာ   မီးဘေးအန္တရာယ်ဖြစ်သည်။   မီးဘေး ကို သဘာဝဘေးအန္တရာယ်များအဖြစ်    စာရင်းသွင်းထား သော်လည်း မီးလောင်ကျွမ်းမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ လူတို့ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ပြီး တစ်နေရာရာတွင်  မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်နှင့် အမြန်ဆုံးရောက်ရှိလာသည်မှာ မီးသတ် တပ်ဖွဲ့ဖြစ်သည်။ 

 

အနာဂတ်အင်အား လူငယ်များ

 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နိုင်ငံတော်အခြေခံမူများ တွင် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက်  ဆောင်ရွက်ရမည်။”  ဟူ၍ ပြဋ္ဌာန်းထားသည်။ ယနေ့ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို     ပခုံးပြောင်းထမ်းဆောင်ကြရမည့် အင်အားစုများဖြစ်သည့်အလျောက် လူငယ်များ ဖွံ့ဖြိုးတိုးတက် ရေး၊ စွမ်းရည်မြင့်မားရေးတို့အတွက် ပြုစုပျိုးထောင်မြေတောင် မြှောက်ပေးသွားရန် လွန်စွာအရေးကြီးသည်။

 

ပင်လယ်ပြင် ငါးသယံဇာတများ ရေရှည်စားသုံးနိုင်ရန် ထိန်းသိမ်း

 

ယခုနှစ် မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေနှင့် ဇွန်လအထိ    သုံးလတာကာလ   သတ်မှတ်ထားသည်။ ငါးသယံဇာတကို ထိန်းသိမ်းခြင်းဖြင့် စဉ်ဆက်မပြတ်ထုတ်ယူ စားသုံးနိုင်ရေးအတွက်  ရည်ရွယ်ကာ  ငါးမဖမ်းရ  ရာသီကို နှစ်စဉ်သတ်မှတ်ပေးနေခြင်းဖြစ်သည့်အတွက် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူအားလုံးက လိုက်နာကြရ မည် ဖြစ်သည်။

 

အဂတိလိုက်စားမှု ကြိုတင်တားဆီးကာကွယ်

 

အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် အဓိကဟန့်တားနှောင့်ယှက်နေသည့် ဘေးအန္တရာယ် တစ်ခုပင်ဖြစ်သည်။    ထို့အပြင်   အဂတိလိုက်စားမှုသည် ကိုယ်ကျင့်သိက္ခာပျက်ပြားမှု၊  ပြစ်မှုကျူးလွန်မှုလည်းဖြစ်ပြီး  အစိုးရနှင့်   လူမှုအဖွဲ့အစည်းများအပေါ်   ပြည်သူလူထု၏ ယုံကြည်မှုကို   လျော့နည်းပျက်ပြားစေသည်။   တရားဥပဒေ  စိုးမိုးမှုကိုလည်း ထိခိုက်စေနိုင်သည်။

 

မိုးကြိုကာလ မိုးကြိုးအန္တရာယ်

 

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က မိုးကြိုးပစ်မှုများ ကြောင့် နှစ်နာရီအတွင်း လူကိုးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံး သူအများစုမှာ     လယ်ယာလုပ်ငန်း    လုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း  နိုင်ငံတကာ  သတင်း တစ်ပုဒ်တွင်  ဖတ်ရှုရသည်။  မိမိတို့ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့်  နှစ်စဉ်  လူနှင့် ကျွဲနွား  သေဆုံးမှုများ ရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်လည်း  လူသေဆုံးမှုများ ရှိခဲ့ပြီ ဖြစ်သည်။

 

ရာသီအလိုက်သဘာဝဘေးအန္တရာယ်များ ကြိုတင်လေ့လာသတိပြုရှောင်ရှား

 

၂၁ ရာစုဦးပိုင်းမှစတင်၍ ရာသီဥတုပြောင်းလဲမှုများ ကမ္ဘာ တစ်ဝန်းလုံးတွင် သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ရာ ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ များနှင့်   ဖြစ်စဉ်များကို  ကြုံတွေ့လာခဲ့ကြရသည်။ ရာသီဥတု ပြောင်းလဲမှုဟု    ဆိုရာတွင်   ကောင်းသောပြောင်းလဲမှုထက် ဆိုးသော ပြောင်းလဲမှုက ပိုမိုများပြားပြီး သဘာဝဘေးအန္တရာယ် များ အရေအတွက်အားဖြင့် ပိုမိုဖြစ်ပေါ်လာသလို ပိုမို၍လည်း ပြင်းထန်လာသည်ဟု   မိုးလေဝသပညာရှင်များက   ပြောဆို သည်။

 

အကြမ်းဖက်ဂိမ်းများ ဝေးဝေးကရှောင်ကြဉ်

 

မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် လူငယ် များ အင်တာနက်ဂိမ်းအလွန်အကျွံကစားခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း မီဒီယာများတွင်  တွေ့ရှိရသည်။  လူငယ်များအကြား  ဂိမ်း စွဲလမ်းမှုပြဿနာမှာ   စိုးရိမ်ဖွယ်ရာဖြစ်လာရသည့်  အခြေ အနေတွင် အသက် ၁၈ နှစ်အောက်  လူငယ်များကို   ရက် သတ္တပတ်၏ နောက်ဆုံးရက်ဖြစ်သော သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေနေ့တို့တွင် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် တစ်ပတ် လျှင် သုံးနာရီထက်ပို၍ ဂိမ်းမကစားရန်အတွက် နည်းပညာဖြင့် ထိန်းချုပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်