ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဗိုင်းရပ်စ်ပိုးများ၏ သဘာ၀အရ ၎င်းပိုးတို့သည် သူတို့၏ ရှင်သန်နိုင်မှု စွမ်းအားကို ကိုယ့်ဘာသာကိုယ် မျိုးဗီဇပြောင်းလဲခြင်းဖြင့် မြှင့်တင် လေ့ရှိသည်။ ထိုဗီဇပြောင်းမျိုးကွဲပိုးများကို ကိုဗစ်ရောဂါ ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများတွင် စတင်တွေ့ရှိလာနေရသည်ဟု အင်္ဂလန် နိုင်ငံက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ ပါသည်။



