
ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်
နေပြည်တော် စက်တင်ဘာ ၂၅
အကြမ်းဖက် အဖွဲ့အစည်းဖြစ် သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို အဓိကပစ်မှတ် ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော် ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၁၈ ရက် တွင် ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် ကျက်သရေလမ်းနေ တရားခံ နိုင်ဦး(၅၁ နှစ်)ကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မင်းရပ်ကူးတို့လမ်းနေ ဆက်ဦး (၄၃နှစ်)နှင့် ဂန္ဓမာလမ်းနေ ထွန်းဝေ (၅၄ နှစ်) တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နိုင်ဦး၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၉ ရက်တွင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ဂန္ဓမာ လမ်းနေ လေးလေးနွယ် (၄၂ နှစ်)ကို လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် (၂)လမ်းနေ အောင်သူ လတ် (၃၄ နှစ်) ကို လည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ဆန်းချည်ရပ်ကွက်နေ ယွန်း ကလျာဦး (၂၇ နှစ်) နှင့် ဘုမ္မော် ရပ်ကွက်နေ နှင်းနန္ဒာအောင် (၃၀နှစ်) တို့ကို လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ထားဝယ် မြို့ ကြက်စားပြင်ရပ်ကွက် အောင်ဆွေဒဂုံလမ်းနေ သက်ပိုင် ဦး (၂၈ နှစ်) ကို ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံ သက်ပိုင် ဦး၏ ထွက်ဆိုချက်အရ ရေဖြူ မြို့နယ် ကျောက်ထောင့်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုအောင်း နေသည့် စိုင်းမင်းသူ (၃၈နှစ်)၊ အတာစိုး (၃၉ နှစ်)၊ ဝင်းကျော် (၃၅ နှစ်)၊ အောင်နိုင်ထွန်း (၅၂နှစ်)၊ ကိုဦး (၃၇ နှစ်)၊ မြတ်စိုး (၄၇ နှစ်)၊ အောင်ဖြိုး (၃၃ နှစ်)၊ ဝင်းအောင် (၃၇ နှစ်)၊ တင်ထွန်း (၄၈ နှစ်)တို့ ကိုးဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိုင်းမင်း သူ၏ ထွက်ဆိုချက်အရ ထားဝယ် မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက် နေ ထွန်းထွန်းဦး (၃၈ နှစ်)နှင့် မင်းဆက်မှူး (၂၁ နှစ်)တို့ နှစ်ဦး ကို လက်လုပ်သေနတ်အတို တစ်လက်၊ ၉ လုံးကျည် နှစ်တောင့်၊ ဆိုင်ကယ်တစ်စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွန်းထွန်းဦး၏ ထွက်ဆိုချက်အရ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေ ရာဇာထွန်း (၂၄ နှစ်)၊ မျိုးကျော် (၂၂နှစ်)၊ ကျော်မင်းဦး(၂၂ နှစ်)နှင့် ကျော်စွာ လင်း (၄၆ နှစ်)တို့ လေးဦးကို ပွိုင့်-၂၂ သေနတ်အရှည် သုံးလက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ်အတို တစ်လက်၊ တစ်လုံးထိုးသေနတ် အရှည် သုံးလက်၊ ၉ လုံးကျည် နှစ်တောင့်၊ လက်လုပ်မိုင်း ခုနစ် လုံး၊ စိန်ရောင်ခြည်အသံမိုင်း လေးလုံး၊ မူးယစ်ဆေးဝါးများနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှုအနေဖြင့် ကျား ၂၀၊ မ သုံးဦး၊ ပေါင်း ၂၃ ဦး ဖမ်းဆီး ရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက် ခဲယမ်းများအနေဖြင့် လက်လုပ် သေနတ်အတို တစ်လက်၊ ပွိုင့်-၂၂ သေနတ်အရှည် သုံးလက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ်အတို တစ်လက်၊ တစ်လုံးထိုး သေနတ်အရှည် သုံးလက်၊ ပေါင်း ရှစ်လက်၊ ၉ လုံး ကျည် လေးတောင့်၊ လက်လုပ်မိုင်း ခုနစ်လုံး၊ စိန်ရောင်ခြည်လေးလုံး နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၉ ရက် တွင် တိုင်းဒေသကြီး တိုင်းရင်းသား ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပညာ ရေးနှင့် လေ့ကျင့်ရေးဌာန၊ ဦးစီး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်း ဝေလင်းအောင်တို့ နှစ်ဦးကို ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် ဆိပ်ကမ်းလမ်းရှိ တိုင်း ဒေသကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်း အနောက်ဘက် တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်းထက်ဇော်၊ မြတ်ကျော်သူ၊ အောင်ပိုင်ဦးတို့နှင့် အတူ သက်ဦး၊ မင်းဆက်မှူး တို့မှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အလားတူ စက်တင်ဘာ ၂၀ ရက်တွင် ထားဝယ်မြို့ ပိန္နဲတော ရပ်ကွက် ရွှေတောင်စားဘုရား လမ်း၊ မလိငပိတည်းခိုခန်းရှေ့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဘုမ္မော်ရပ်ကွက်စာရေး ဒေါ်စန်း စန်းဝေအား ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ကောင်း ထက်ဇော်၊ မြတ်ကျော်သူတို့နှင့် အတူ ထွန်းထွန်းဦး၊ ရာဇာထွန်းနှင့်မင်းဆက်မှူးတို့မှ မူးယစ်ဆေးဝါး များသုံးစွဲ၍ လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက် သတ်ဖြတ်မှုများ ဆောင်ရွက်ခြင်း မှာ တိုင်းဒေသကြီးတိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းအနီးတွင် ပုန်းခိုနေစဉ် ဦးသောင်းဒန်နှင့် ဝေလင်းအောင်တို့မှ CDM ပြုလုပ် ခြင်းမရှိသောကြောင့် သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်စန်း စန်းဝေမှာလည်း CDM ပြုလုပ်မှု မရှိဘဲ ပြည်သူလူထုကို ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ တွင် ဝိုင်းဝန်းဆောင်ရွက်နေသော ကြောင့် ဒလန်ဟုသတ်မှတ်ပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသည်။
လုပ်ကြံသတ်ဖြတ်ရေးအတွက် လိုအပ်သော လက်နက်/ခဲယမ်း များ ဝယ်ယူနိုင်ရန်အတွက် အောင် သူလတ်၊ ယွန်းကလျာဦး၊ နှင်းနန္ဒာ အောင်နှင့် လေးလေးနွယ်တို့မှ ငွေကြေးထောက်ပံ့ပေးခဲ့ပြီး NLD ပါတီမှ ထားဝယ်မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် ဇော်လေး (ဖမ်းဆီးရန်ကျန်)မှ ထားဝယ်မြို့ နေ အိုက်စိုး(ဖမ်းဆီးရန်ကျန်)နှင့် မေတ္တာမြို့နေ အောင်အောင် (ဖမ်းဆီးရန်ကျန်)တို့ဖြင့် ချိတ် ဆက်၍ လက်နက်/ခဲယမ်းများ ဝယ်ယူခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်နက်/ခဲယမ်းများကို နိုင်ဦး၊ ထွန်းဝေနှင့် ဆက်ဦးတို့မှ သွား ရောက်သယ်ဆောင်၍လုပ်ကြံရေးအဖွဲ့ဝင်များဖြစ်သော ထွန်းထွန်း ဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူနှင့် မင်းဆက်မှူး တို့ထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ရန်နှင့် ဒေသ တွင်း ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရန် အဓိကစီစဉ် ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ် မဲဆန္ဒနယ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်သူ မိုးမိုးသူ(ဖမ်းဆီးရန်ကျန်)နှင့် NLD ပါတီမှ ထားဝယ်မြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင် ဇော်လေး (ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိသူများ ကို ဥပဒေအရထိရောက်စွာ အရေး ယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများကို အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအသိပေးထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်