ထိပ်ဆုံးမှာ တွေ့ကြမယ် ရည်မှန်းချက်များ တကယ်လိုသလား

Type

(၁၆-၉-၂၀၂၁ ရက်နေ့မှ အဆက်)
ဂိုးတိုင်မရှိရင်ကစားလို့မရ 


ရည်မှန်းချက်ပန်းတိုင်များ၏ အရေးပါမှုကို ဘတ်စကက်ဘော ဗိုလ်လုပွဲတစ်ပွဲတွင် ဆုံးဖြတ်မှုကိစ္စနှင့်ပတ်သက်၍ နမူနာကြည့်ပါ။ အသင်းသားများအနေဖြင့် သွေးပူလေ့ကျင့်ခန်းများလည်း ပြုလုပ် ပြီးပြီ၊  ကစားရန်လည်း အဆင်သင့်ဖြစ်နေပြီ၊ ဗိုလ်လုပွဲနှင့်ပတ်သက်၍ ကစားသမားများအားလုံးက တက်တက်ကြွကြွဖြင့် ရှိနေကြပြီ။ သူတို့၏ အဝတ်လဲခန်းများသို့ ပြန်ဝင်လာသည့်အခါတွင် နည်းပြဆရာ က ပွဲမစမီ နောက်ဆုံးလှုံ့ဆော်သည့်စကားများကို ပြောလိုက်သည်။ “ကဲ-ကိုယ့်လူတွေ၊ တို့နိုင်လျှင်နိုင်၊ ရှုံးလျှင်လည်းရှုံး၊ ဘယ်သူကမျှ မင်္ဂလာဆောင်တစ်ခုက သတို့သားအရန် သတို့သမီးအရန်တွေကို အမှတ်ရနေကြတာမဟုတ်ဘူး။ ဒုတိယရတဲ့လူကိုလည်း ဘယ်သူမှ သတိရကြမှာ မဟုတ်ဘူး။ ဒီနေ့ညကတော့ အဆုံးအဖြတ်ပေးမယ့် ပွဲပဲ”ဟု ပြောလိုက်သည်။ 


ကစားသမားများက သိပ်ပြီး စိတ်အားထက်သန်နေကြသဖြင့် ကွင်းထဲသို့ဝင်လာသည့်အခါတွင် ဆင်နားရွက်တံခါးများသည်ပင် ကျိုးလုမတတ်ဖြစ်သွားကြသည်။ ကွင်းထဲသို့ရောက်သွားသည့်အခါ၌မူ ရုတ်တရက်ဇဝေဇဝါနှင့် ဒေါသများ၊ သောကများ ဖြစ်ကုန်ကြသည်။ ဂိုးတိုင်မရှိဘဲနှင့် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဂိုးတိုင်မရှိဘဲ ဘယ်လိုလုပ်ကစားမလဲဟု စိတ်ဆိုးမာန်ဆိုးဖြင့် မေးကြသည်။ သူတို့ အနေဖြင့် ဂိုးတိုင်မရှိခဲ့လျှင် အောင်ပွဲအတွက် အမှတ်မရနိုင်။ သူတို့ ဘောလုံးကထိသလား၊ လွဲသလားဆိုသည်ကို မသိနိုင်။ ပြိုင်ပွဲမှာ အခြေအနေကောင်းသလား၊ ဆိုးသလား၊ ရည်မှန်းချက်အတိုင်း ဖြစ် သည်၊ မဖြစ်သည်တို့ကို မည်သည့်အခါမျှ မသိနိုင်ပေ။ တကယ်တော့ ရည်မှန်းချက်ပန်းတိုင်များ၊ ဂိုးတိုင်များ မရှိခဲ့လျှင် ဘတ်စကက်ဘောပွဲ ကို မည်သူမျှမကစားချင်ကြပေ။ ထို့ကြောင့် ဘတ်စကက်ဘောပွဲစဉ် တစ်ခုနှင့်ပတ်သက်၍ ဂိုးတိုင်များသည် အရေးပါနေသည် မဟုတ်ပါ လား။ ခင်ဗျားအတွက်ရော ဘယ်လိုလဲ၊ ခင်ဗျားကဂိုးတိုင်မရှိဘဲနှင့် ကစားနေပါသလား။ ထိုသို့ကစားနေခဲ့လျှင် ခင်ဗျား၏ ရမှတ်များက မည်သို့ရှိနေမည်နည်း။ 


ဘဝသည်တန်ဖိုးရှိသည် 


အပန်းဖြေအနားယူစခန်းများနှင့် နိုင်ငံတစ်ဝန်းရှိ ဘိုးဘွားရိပ်သာ များ၌ စိတ်ဝင်စားစရာကောင်းသည့်  ဖြစ်ရပ်တစ်ခု ရှိနေသည်။ အားလပ်ရက်များနှင့်     ထူးခြားသည့်    မင်္ဂလာနှစ်ပတ်လည်နေ့ သို့မဟုတ် မွေးနေ့ကဲ့သို့သော ရက်များမတိုင်မီ၌ သေဆုံးသည့်နှုန်းများ သည် သိသိသာသာ ကျဆင်းသွားလေ့ရှိသည်။ လူအများစုအနေဖြင့် ခရစ္စမတ်နေ့ တစ်ရက်ပိုနေရန်၊ နှစ်ပတ်လည်အခမ်းအနားတစ်ခု ပိုင်ဆိုင်နိုင်ရန်၊ လွတ်လပ်ရေးနေ့တစ်နေ့ပိုရရန် စသည်ဖြင့် မျှော်လင့် ရည်မှန်းထားကြသည်။ ထိုပွဲလမ်းသဘင်များ ပြီးစီးသွားသည့်အခါ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိပြီးသည့်အခါများတွင် အသက်ရှင် နေချင်စိတ်များ လျော့ပါးကျဆင်းသွားကြမည်။ ထိုအခါ သေနှုန်းများက ချက်ချင်းထိုးတက်သွားကြသည်။ မှန်ပါသည်။ ရည်မှန်းချက်များရှိနေ သမျှ ဘဝသည်လည်း တန်ဖိုးရှိပြီးလျှင် ဆက်လက်တည်တံ့နေနိုင်မည်။ ဘဝနှင့်ပတ်သက်၍  ရည်မှန်းချက်များသည်  အလွန်အရေးကြီး ကြောင်းကို လူတိုင်းလိုလိုက သိရှိကြသည်။ သို့သော် ဂရုစိုက်နိုင်၍သော် လည်းကောင်း၊ သက်သက်မဲ့သော်လည်းကောင်း သာမန်လူအများ စုသည် လမ်းပေါ်၌ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် လျှောက် သွားနေတတ်ကြပြီးလျှင် တိတိကျကျရေရေရာရာ မရှိကြပေ။ 


ကွယ်လွန်သူ မက္ကဝဲလ်မော့က စာအုပ်တစ်အုပ်ကို ရေးသားခဲ့ သည်။ ထိုစာအုပ်ကို ခင်ဗျားဖတ်ရှုရန်အတွက်သာမဟုတ်ဘဲ ဝါးမျိုပစ် ရန်အတွက်လည်း ကျွန်တော်ရည်ညွှန်းလိုပါသည်။ ထိုစာအုပ်ကို ခင်ဗျားနှင့် ခင်ဗျား၏ နေထိုင်ပုံနေထိုင်နည်းတို့၏ တစ်စိတ်တစ်ပိုင်း ဖြစ်စေချင်ပါသည်။ စာအုပ်ခေါင်းစဉ်မှာ “ဆိုက်ကို-ဆိုက်ဘာနက်တစ်” ဟု အမည်ရသည်။ နာမည်က ခက်သယောင်ဖြင့်ရှိသော်လည်း တကယ် တော့ ထိုစာအုပ်သည် လှလှပပရေးသားထားပြီး လူတိုင်း လွယ်လွယ် ကူကူ နားလည်နိုင်သည့်    စာအုပ်တစ်အုပ်ဖြစ်သည်။  မော့က လူများသည် စက်ဘီးနှင့် အလားသဏ္ဌာန်တူသည်ဟု ပြောခဲ့သည်။ လူတစ်ယောက်အနေဖြင့် ရည်မှန်းချက်တစ်ခုရှိရာသို့ လျှောက်လှမ်းရာ တွင် ရှေ့တိုးမလာလျှင်သော်လည်းကောင်း၊ အပေါ်သို့မတက်နိုင်လျှင် သော်လည်းကောင်း လိမ့်ကျလဲပြိုသွားမည်ဟု ဆိုခဲ့သည်။ 
ရည်မှန်းချက်ပန်းတိုင်တစ်ခုသည် ပြိုင်မြင်းတစ်ကောင်၏ အနိုင်ရ ခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ဂျူလီက သူ၏မြင်း အိုင်းရစ်ကို သိပ်ချစ် သည်။ သို့သော် ယခုအချိန်၌မူ သူကနာကျင်၊ စိတ်ပျက်၊ သောကများဖြင့် ပင်ပန်း၍ နှလုံးနာလျက်ရှိနေသည်။ ရက်သတ္တပတ်ပေါင်းများစွာကပင် ကြိုတင်၍ ဧရာမပြိုင်ပွဲကြီးတစ်ခုအတွက် မြင်းကို သန့်ရှင်းရေးလုပ်ပေး ထားသည်။ အမွေးအမှင်များကိုလည်း ပွတ်တိုက်ထားပြီး သေသေချာချာ လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။  နံနက်တိုင်း  သုံးနာရီကတည်းက ထပြီးလျှင် အသေးစိတ်ဂရုစိုက်ရသည်။ သေသေချာချာ သပ်သပ်ရပ်ရပ် ဖြစ်နေအောင် အမြီးကအစ   ဂရုတစိုက်ဆောင်ရွက်ထားရှိသည်။ မြင်းကုန်းနှီးကိုလည်း သံများဖြင့် တန်ဆာဆင်ထားသည်။ ခွာများသည် လည်း နေရောင်အောက်တွင် တောက်တောက်ပြောင်ပြောင် ဖြစ်နေကြ ပြီးလျှင် မြင်းပိုင်ရှင်ဖြစ်သူ ဂျူလီကလည်း အရုပ်ကလေးတစ်ရုပ်နှင့်ပင် တူနေသည်။ ပြိုင်ပွဲတွင် ဘာဖြစ်သွားသည်ဟု  ထင်ပါသလဲ။ ဘာမှကို မဖြစ်လိုက်ပါ။ ခုန်လိမ့်မည်ဟု မျှော်လင့်ထားသည့် မြင်းတစ်ကောင်က မခုန်နိုင်ဘဲရှိနေသည်။ တကယ်တော့ ခြေပင် မမြှောက်ခဲ့ပါ။ နာရီပေါင်း များစွာ ကြိုးစားပမ်းစားလုပ်ပြီးနောက် ဆုလာဘ်တစ်ခုကို စိတ်ကူးယဉ် ခဲ့သမျှ မြင်းက ပထမအကြိမ်ခုန်ရန်ကိုပင် သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ သဖြင့် ပြိုင်ပွဲမှထုတ်ပယ်ခြင်းခံလိုက်ရသည်။ 


သူက အိုင်းရစ်အတွက် ဈေးနှုန်းတစ်ခုသတ်မှတ်လိုက်ပြီးလျှင် သတင်းစာထဲမှာ ကြော်ငြာထည့်သည်။ ဝယ်သူက ဈေးဆစ်သည်ကို ငြင်းပယ်ပြီး သူလိုချင်သည့်ဈေးကိုရအောင် ရောင်းနိုင်ခဲ့သည်။ ရောင်းရ ငွေကို ဘဏ်စာရင်းထဲ၌ ထည့်ထားပြီး နောက်ထပ်မြင်းတစ်ကောင်ကို အသည်းအသန်လိုက်ရှာသည်။   ဒေသအတွင်းရှိ မြင်းဇောင်းများ၊ ပြပွဲများကို လိုက်ကြည့်သည်။ မြင်းနှင့်ပတ်သက်၍ ထုတ်ဝေထားသမျှ ရေးသားသမျှအရာအားလုံးကို   လိုက်ရှာဖတ်သည်။  နောက်ဆုံး၌ ဘတ်တားရမ်အမည်ရှိ  မြင်းတစ်ကောင်ကို  တွေ့ရသည်။ ထိုမြင်းကို တွေ့လျှင်တွေ့ချင်း ဂျူလီက သဘောကျသွားသည်။ သို့သော် ပြဿနာ အနည်းငယ်ရှိနေသည်။ ပြဿနာမှာ အိုင်းရစ်ကိုရောင်းတုန်းကရသည့် ငွေနှင့် ဘတ်တားရမ်၏ပေါက်ဈေးက တအားကွာဟနေသည်။ အဖေ နှင့်အမေက ငွေစိုက်ထည့်ပေးမည်ကိုလည်း လက်မခံပေ။ ဂျူလီသည် သူလိုချင်သည့်အရာတစ်ခုအတွက်    တစ်စုံတစ်ခုလုပ်မှဖြစ်မည် ဆိုသည်ကို  နားလည်သည့်သူတစ်ယောက်   ဖြစ်သည်။  ရည်မှန်း ချက်ပန်းတိုင်ကို     ရအောင်ယူနိုင်မည့် အခြေခံနိယာမကိုလည်း ကောင်းကောင်းနားလည်သည်။ ခင်ဗျားအနေဖြင့် ခင်ဗျားသွားနိုင် သလောက်အထိ ဝေးဝေးသွားမိသည့်အခါတွင် ရှေ့သို့ပို၍ ကျယ်ကျယ် ပြန့်ပြန့်တွေ့မြင်လာနိုင်လိမ့်မည်။  အိုင်းရစ်ကိုရောင်း၍ရသည့်ငွေ များနှင့် စရန်ပေးချေလိုက်ပြီးလျှင် ကျန်ငွေကို အရစ်ကျပေးချေသည့် စနစ်ဖြင့် ဘတ်တားရမ်ကို ဝယ်ယူလိုက်သည်။ ထို့နောက် ပေးစရာရှိ သည့်ငွေများကို  ဆပ်ရန်အတွက် သူက အလုပ်တစ်ခုရှာခဲ့သည်။ ဘတ်တားရမ်၏ လေ့ကျင့်ပျိုးထောင်စရိတ်ကိုလည်း သူ့ဘာသာသူ ရှာဖွေခဲ့ရသည်။ မြင်းအတွက်လည်းကောင်း၊   သူ့အတွက်သော်လည်း ကောင်း အမြဲတမ်းပင်   ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သည်။ မကြာမီ၌ ဘတ်တားရမ်နှင့် ဂျူလီတို့ ဆုတံဆိပ်များစွာရခဲ့ကြသည်။ ဂျူလီ၏ အခန်းနံရံ၌ အရောင်မျိုးစုံသောဖဲကြိုးများကို တွေ့ရှိလာရသည်။ ဘတ်တားရမ်အတွက် ပေးလိုက်ရသည့်ငွေပမာဏထက် လေးဆခွဲ ကျော် ဝင်ငွေရရှိခဲ့သည်။ 


ဤဇာတ်လမ်းနှင့်ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသည်မှာ ဂျူလီသည် ကျွန်တော်၏သမီးငယ်တစ်ယောက်  ဖြစ်သော်လည်း ရည်မှန်းချက်အလွန်ပြင်းထန်သည်။ ကျွန်တော်တို့က တစ်စုံတစ်ရာ ကို ပြင်းပြင်းထန်ထန်လိုချင်ခဲ့လျှင် တိတိကျကျ ရေရေရာရာ ရည်မှန်း ချက်တစ်ခု သတ်မှတ်ရမည်ဖြစ်ကြောင်းကို သင်ခန်းစာရရှိနိုင်သည်။ ကျွန်တော်တို့ မဆုံးရှုံးနိုင်သလိုပင် အခြားကိစ္စတော်တော်များများ တို့ကိုလည်း ဆုံးရှုံးမှုမဖြစ်အောင် အကူအညီပေးတတ်လာသည်။ 
စွမ်းအားကိုအသုံးချခြင်း 


နှစ်အတန်ကြာက နိုင်ရာဂရာရေတံခွန်သို့ ပထမဆုံးအကြိမ် သွားရောက်ခွင့်ကြုံခဲ့ရသည်။ ထိုရေတံခွန်နှင့် နီးကပ်လာသည့်အခါတွင် လေယာဉ်မှူးက “လူကြီးမင်းများခင်ဗျာ၊ ခင်ဗျားတို့ရဲ့ လက်ဝဲဘက်မှာ နိုင်ရာဂရာရေတံခွန်ရှိပါတယ်။  ကောင်းကင်မှနေပြီး ရေတံခွန်ကို မကြည့်ဖူးတဲ့သူတွေဟာ လေယာဉ်ရဲ့လက်ဝဲဘက်သို့ လာကြပါ။ ဒီမြင်ကွင်းဟာသိပ်လှတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်”။ သူ့ စကားကို နားထောင်ကာ မိုင်ပေါင်းများစွာဝေးကွာနေသော်လည်း ကောင်းကင် သို့ ပေရာပေါင်းများစွာ ပန်းထွက်နေသည့် ရေတံခွန်ကိုကြည့်ရသည့်အခါ တွင် ထိုနိုင်ရာဂရာရေတံခွန်၏ ဧရာမစွမ်းအားများကို တွေ့မြင်ခံစားနိုင် ပါသည်။ 


ထိုရေပန်းများကိုကြည့်နေစဉ်    စိတ်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာသည်။ နှစ်ပေါင်းများစွာကပင် ရေဂါလန်သန်းပေါင်း များစွာတို့သည် ပေ ၁၈၀ အမြင့်မှ အောက်သို့ကျလာပြီးနောက် ဘာမျှဖြစ်မလာဘဲနှင့် ပျောက်ကွယ်ဆုံးရှုံးသွားကြရသည်။ သို့သော် တစ်ရက်၌ စီမံကိန်းရှိသည့်ပုဂ္ဂိုလ်တစ်ဦးက ထိုဧရာမစွမ်းအားကြီး၏ တစ်စိတ်တစ်ဒေသကိုယူကာ ထိန်းချုပ်မှုပြုလုပ်သည်။ ထိုရေတံခွန်၏ ရေအားတစ်စိတ်တစ်ဒေသကို ရည်မှန်းချက်တစ်ခုသို့ ဦးတည်ပေး လိုက်ပြီးလျှင် ရေအားလျှပ်စစ်လုပ်ငန်းများမှဘီးများကို လည်ပတ် စေကာ လျှပ်စစ်ဓာတ်အား ကီလိုဝပ်သန်းထောင်ပေါင်းများစွာကို ထုတ်လုပ်ပေးလိုက်သည်။ အိမ်ထောင်ပေါင်းများစွာကို လျှပ်စစ် ပေးနိုင်ပြီး စားနပ်ရိက္ခာ တန်ပေါင်းများစွာကို စိုက်ပျိုးရိတ်သိမ်း နိုင်ခဲ့သည်။ လူသုံးကုန်ပစ္စည်းပေါင်းများစွာကိုလည်း ထုတ်လုပ်ဖြန့်ဖြူး နိုင်ခဲ့ကြသည်။ အလုပ်အကိုင်များရရှိကြပြီးလျှင် ကလေးများကိုလည်း ပညာသင်ပေးနိုင်သည်။ လမ်းများဖောက်ပြီး အဆောက်အအုံများ၊ ဆေးရုံများကိုလည်း ဆောက်ပေးနိုင်ခဲ့သည်။ ဤသို့ပြုလုပ်နိုင်သည်မှာ လျှပ်စစ်စွမ်းအားအရင်းအမြစ်    အသစ်တစ်ခုကြောင့်သာလျှင် ဖြစ်သည်။ ထိုမှ အကျိုးခံစားရသည့်စာရင်းကို   ပြောမည်ဆိုလျှင်မူ ဆုံးနိုင်မည်မဟုတ်ပါ။ သို့သော် ထိုအရာများအားလုံးတို့သည် စီမံကိန်း ရှိသည့်လူတစ်ယောက်က ရေတံခွန်မှ စွမ်းအားတစ်စိတ်တစ်ဒေသ ကိုယူပြီး  တိကျသောရည်မှန်းချက်တစ်ခု    ပန်းတိုင်တစ်ခုဆီသို့ ဦးတည်ပေးလိုက်နိုင်၍သာ ဖြစ်သည်။  ထို့ကြောင့် ကျွန်တော်က ခင်ဗျားကိုလည်း ထိုအတိုင်းပင်လုပ်ဆောင်ရန် တောင်းဆိုနေခဲ့ခြင်း ဖြစ်သည်။ 


N စာမျက်နှာ ၁၆ မှ
ရည်မှန်းချက်များက ဘယ်သူ့အတွက်လဲ 
အဘိဓာန်များ၌ ရည်မှန်းချက်ဆိုသည်မှာ ဦးတည်ချက်တစ်ခု၊ ရည်ရွယ်ချက်တစ်ခုဟု ဖော်ပြထားလေ့ရှိကြသည်။ ရည်မှန်းချက်ဆို သည်မှာ စီမံကိန်းတစ်ခုပင် ဖြစ်သည်။ ခင်ဗျားက လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားသည့် အရာတစ်ခုလည်း ဖြစ်သည်။ ခင်ဗျား ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘယ်နေရာပဲရောက်ရောက်၊ ဘာပဲလုပ်နေလုပ်နေ ခင်ဗျားမှာ ရည်မှန်းချက်ရှိနေရမည့်အကြောင်းကို ခြွင်းချက်မရှိ ပြောပြလိုပါသည်။ ဂျေစီပင်နီက ထိုအကြောင်းကို ဤသို့ လှလှပပဖွဲ့ဆိုခဲ့သည်။ “ရည်မှန်း ချက်ရှိသည့် စတော့စာရေးတစ်ယောက်ကိုပေးပါ။  သူ့ကို ရာဇဝင် တွင်တဲ့သူတစ်ယောက်ဖြစ်လာအောင် လုပ်ပေးမယ်၊ ရည်မှန်းချက် မရှိတဲ့လူတစ်ယောက်ကို ပေးပါ။ ကျွန်တော်က သူ့ကိုစတော့စာရေး တစ်ယောက်ဖြစ်အောင်သာ လုပ်ပေးနိုင်တယ်”ဟု ပြောခဲ့သည်။ မိခင်များသည်လည်း ရည်မှန်းချက်ရှိသင့်သည်။ အရောင်းစာရေးများ၊ အိမ်ရှင်မများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ ဆရာဝန်များနှင့် အားကစားသမားများ စသည်တို့မှာလည်း ရည်မှန်းချက်များရှိနေ သင့်သည်။ နိုင်ရာဂရာရေတံခွန်ကြီးလို ခင်ဗျားအနေဖြင့် မြို့တစ်မြို့ကို မီးထွန်းလင်းမပေးနိုင်။ သို့သော် ရည်မှန်းချက်တိတိကျကျရှိခြင်းအား ဖြင့် ခင်ဗျား၏ ကိုယ်ပိုင်စွမ်းအားများကို ထုတ်လုပ်နိုင်ကာ ခင်ဗျားဖြစ် ချင်သည့်အရာများမှာ စတင်ဖြစ်မြောက်စပြုလာခဲ့ပြီ။  
ရည်မှန်းချက်များ၏ လျှို့ဝှက်ချက်ကို အလေးအနက်ပြောကြား ရလျှင် ဧဝရက်တောင်ကို ပထမဆုံးတက်သည့် ဆာအက်ဒ်မန်ဟီလာရီ က ထိုအောင်ပွဲကို ဘယ်သို့ဘယ်ပုံရယူခဲ့ကြောင်း ပြောပြပုံကို စဉ်းစား ကြည့်စမ်းပါ။ တစ်ရက်မှာ အိမ်အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ရင်း နှင့် ကမ္ဘာမှာအမြင့်ဆုံးတောင်ကြီးတစ်ခု၏ ထိပ်ဖျားသို့ ရောက်ရှိသွား သည်ဟု ပြောလိမ့်မည်ထင်ပါသလား။ လုံးဝမဟုတ်ပါ။ ရည်မှန်းချက် တိတိကျကျမရှိဘဲနှင့် တစ်ခုခုကိုရယူနိုင်သည်ဟု ခင်ဗျားက တွေး မိခြင်းလောက် အူကြောင်ကြောင်နိုင်သည့်အရာမရှိပါ။  


ရည်မှန်းချက် ခုနစ်မျိုးမှာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေး ဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းခွင်ဆိုင်ရာ၊ မိသားစုဆိုင်ရာ၊ စိတ်သဘောထားဆိုင်ရာနှင့် လူမှုရေးဆိုင်ရာတို့ ဖြစ်ကြပါသည်။ ဤစာအုပ်တစ်လျှောက်တွင် ထိုရည်မှန်းချက်များကို ဥပမာအမျိုး မျိုးဖြင့်ဖော်ပြခဲ့သော်လည်း နေရာအကန့်အသတ်ကြောင့် တစ်စိတ် တစ်ဒေသကိုသာလျှင် ကျွန်တော် အာရုံစိုက်နိုင်ပါသည်။ ကျွန်တော်၏ အတွေးအခေါ်များကို စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ထင်ခဲ့လျှင်လည်း ငွေရေးကြေးရေးရည်မှန်းချက်နှင့်ပတ်သက်၍ နေရာအနည်းငယ်ပေး ချင်ပါသည်။ ခင်ဗျားအနေဖြင့် အံ့အားသင့်သွားစရာမလိုပါ။ တရားဝင် ရရှိထားပါသည်ဟု ယူဆခဲ့လျှင် ငွေကြေးဆိုသည်မှာ ခင်ဗျားက ပေးဆပ်သည့် ဖြည့်စွမ်းမှုကို တိုင်းတာနိုင်သည့် ကိုက်တံတစ်ခုပင် ဖြစ်သည်။ ခင်ဗျားဝင်ငွေပို၍ရရှိနေခြင်းမှာ ခင်ဗျားလောက် အစွမ်း အစမရှိသူများ၊ ပါရမီမပါသူများ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိသူများထက် ပိုတော်နေ၍သာ ဖြစ်သည်။ လူအများအနေဖြင့် ငွေကြေးကို မကောင်းမှုအားလုံး၏ အခြေခံဇာစ်မြစ်အဖြစ် မှားယွင်းစွာပြောနေကြ သည်။ တကယ်တော့ ငွေကြေးကို ချစ်မြတ်နိုးနေခြင်းကသာလျှင် မကောင်းမှုဒုစရိုက်အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ 


ထိုကိစ္စအားလုံးကို ပြောပြီးသည့်နောက်တွင် ဘုရားသခင်၏ ပထမပညတ်ချက်ကို အလေးအနက်ထားပြောပါရစေ။ ကမ္ဘာပေါ်တွင် ပညာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်  ဆော်လမွန်က  “ငွေကိုသာ ရှာဖွေနေလိုသူသည် မည်သည့်အခါမျှ မတင်းတိမ်နိုင်”ဟု ပြောခဲ့သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ငွေကြေးက ကျွန်တော်တို့၏ ဘုရားသခင်ဖြစ် လာသောအခါ ကျွန်တော်တို့မှာ ဘယ်လောက်ပင်ရှိရှိ မည်သည့်အခါမျှ ကျေနပ်နိုင်လိမ့်မည် မဟုတ်ပါ။   လွန်ခဲ့သည့် နှစ်နှစ်ခန့်အတွင်း၌ သန်းပေါင်း ထောင်ပေါင်းများစွာကြွယ်ဝသူငါးဦး ကွယ်လွန်သွားခဲ့ ကြပြီး ထိုသို့ကွယ်လွန်ခါနီးအချိန်အထိ ငွေရှာနေကြသည်ကိုကြည့် လျှင် ထိုအချက်ကို သက်သေပြနိုင်သည်။ သန်းကြွယ်သူဌေးကြီး ဟောင်းဝပ်ဟူး “ငွေဘယ်လောက်ချန်ထားခဲ့သနည်း”ဟု တစ်ယောက် ယောက်ကမေးကြည့်သည့်အခါတွင် “အကုန်ချန်ထားခဲ့သည်”ဟု ပြောကြသည်။ ခင်ဗျားကိုလည်း တစ်ယောက်ယောက်က “ဘယ်လောက် ချန်ထားမည်နည်း”ဟု မေးလာခဲ့လျှင် “ဟောင်းဝပ်ဟူး ချန်သလောက် ပင် ချန်ထားခဲ့မည်”ဟုသာ ပြန်ဖြေလိုက်ပါ။ 


တကယ်တော့ ငွေကြေးဆိုသည်မှာ ခင်ဗျားဆောင်ရွက်နိုင်သည့် အကျိုးပြုမှုတစ်ခုကို တိုင်းတာသည့် အတိုင်းအတာတစ်ခုသာဖြစ် သည်။ ခင်ဗျား၏ဝန်ဆောင်မှု၊   ကြိုးစားအားထုတ်မှု  များလေလေ ငွေရေးကြေးရေးဆုလာဘ်က များလေလေဖြစ်မည်။ ခင်ဗျားအနေဖြင့် သိနှင့်နေပြီးသားကိစ္စတစ်ခုမှာ ငွေကို လိုအပ်ပြီဆိုလျှင် အစားထိုးစရာ မရှိပါ။ အခြားအရာများကသာ အတူတူဆိုခဲ့လျှင် ငွေမရှိတာထက် ရှိတာကပိုကောင်းကြောင်းကို သေသေချာချာပြောနိုင်ပါသည်။ ထို့ပြင် ငွေဆိုသည်မှာ လှလှပပအရောင်ခြယ်ထားပြီးလျှင် မည်သည့်အရာ နှင့်မဆို လိုက်ဖက်နိုင်ပါသည်။ 


သံမဏိအိပ်မက်ရှင် 


ရာစုနှစ်ပေါင်းများစွာကပင် ဝေါဟာရကုန်သည်များက အိပ်မက် များ၊ စိတ်ကူးများရှိကြရန်အတွက်  အကြံဉာဏ်များကို တောင်းခံ ခဲ့ကြသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က မာတင်လူသာကင်းသည် နာမည်ကျော်ကြားသော တောင်ထိပ်ပေါ်က မိန့်ခွန်းများ၌ အမေရိကန် လူမျိုးတို့၏အသိဉာဏ်ကို  မွှေနှောက်ထိုးဆွပြီး “ငါ့မှာ အိပ်မက် တစ်ခုရှိသည်”ဟု ကြေညာလိုက်သည့်အခါတွင် ခြေထောက်အစုံ ပေါင်းတစ်သန်းကို ချီတက်စေခဲ့သည်။ အခြားသောအိပ်မက်ရှင် တစ်ယောက်မှာ လူပုသလောက် စွမ်းအားများ တစ်ပုံတစ်ပင်ကြီးရှိပြီး လျှင် ဇီဝစွမ်းရည် မည်သည့်အခါမျှ   မခန်းခြောက်သည့်သူတစ်ဦး ဖြစ်သည်။ သူ၏အမည်မှာ ဒတ်စတာရေဂါ ဖြစ်သည်။ သူ၏မိသားစုဝင် များနှင့် နက်ရှိုင်းသည့်ဆက်ဆံရေးကိုထားရှိပြီး ဘာသာရေးယုံကြည် ချက်လည်း ပြင်းပြသူဖြစ်သည်။ ဒတ်စတာက ယေးတက္ကသိုလ်မှ ပညာသင်ဆုလျှောက်ထားရာတွင် ငြင်းပယ်ခံခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် သူက အောင်မြင်မှုလမ်းကြောင်းပေါ်သို့ အလျင်စလို ရောက်ချင်နေ၍ ဖြစ်သည်။ သူ၏ လွတ်လပ်သော စီးပွားရေးလုပ်ငန်း ရှင်အိပ်မက်သည် Koll Aid တစ်ကရားနှင့်စတင်ခဲ့ပြီး ချက်ချင်းပင် အရောင်းဆိုင်များ၏ စင်ပေါ်သို့ ရောက်ရှိသွားသည်။ ဤသို့စောစောစီးစီးအောင်မြင်မှုများက သူ့ကို လွတ်လပ်သည့်စီးပွားရေးလုပ်ငန်း နယ်ပယ်ထဲသို့ ဆွဲသွင်းလိုက်သည်။ ဒတ်စတာသည် ကားအရောင်း  ကိုယ်စားလှယ်အနေဖြင့် လည်းကောင်း၊ ဆီးယားနှင့် အခြားလုပ်ငန်း များ၏ အရောင်းသမားအနေဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးအနေဖြင့်လည်းကောင်း အောင်မြင်ခဲ့သူ ဖြစ်သည်။ သို့သော် ဒတ်စတာနှင့် သူ၏လုပ်ဖော်ကိုင်ဖက် ဘာဒီတို့ သည် အခြေအနေများစွာပေးသည်အထိ စောင့်ဆိုင်းမနေဘဲ မီရှီဂန် ပြည်နယ်မှ အမ်ဝေးကုမ္ပဏီနှင့် ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ တွင် ပေါင်းစည်းမိခဲ့ကြပြီးလျှင် သူတို့၏ တိုးတက်မှုများနှင့် အောင်မြင် မှုများက မှန်မှန်ဖြစ်ပေါ်လာခဲ့သည်။ 


စိတ်အားထက်သန်စွာဖြင့် နာရီပေါင်းများစွာ ကြိုးစားပမ်းစား လုပ်ကိုင်ကြခြင်းကြောင့် ကတိပျက်မှုများရှိခဲ့သည့် အတိတ်က သူ၏ အိပ်မက်များကို ရေဂါအနေဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယခုအခါ ရေဂါ၏ အဖွဲ့အစည်းသည် ကမ္ဘာအနှံ့တွင် ထင်ရှားသည့်အဖွဲ့ အစည်းကြီးတစ်ခုဖြစ်ပြီးလျှင်  ထောင်နှင့်သောင်းနှင့်ချီ၍ရှိနေပြီ။ ဒတ်စတာရေဂါ၏ အောင်မြင်မှုသည် အမ်ဝေးနှင့် ပေါင်းစည်းလိုက်ပြီး မှသာ ဖြစ်ပေါ်လာခဲ့သည်မဟုတ်ပေ။  ရိုးသားမှု၊ သစ္စာရှိမှု၊ သီလရှိမှု၊ သမာဓိရှိမှု၊ ဘုရားသခင်၌ ယုံကြည်မှုဟူသော အခြေခံကျောက်တုံးများ ပေါ်တွင် နှစ်ပေါင်းများစွာ အခြေခံမှုကြောင့် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအောင်မြင်မှုသည် နှစ်ကာလကြာရှည်စွာကပင် သူ့စိတ် ထဲ၌ ရှိနေခဲ့ပြီးလျှင် ကြိုတင်ပြင်ဆင်မှုများ၊ အခွင့်အလမ်းများနှင့် ကြုံကြိုက်ရသည့်အခါတွင်   အကောင်အထည်ပေါ်လာခဲ့ခြင်းဖြစ် သည်။ ထိုသို့ဖြစ်လာမည်ကိုလည်း ဒတ်စတာက ကောင်းကောင်းကြီး သိရှိထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုစိတ်ကူးများကို ငယ်စဉ် ကလေးဘဝကတည်းကပင် စိတ်ကူးယဉ်ခဲ့၍ပင် ဖြစ်သည်။ အဆိုပါ စိတ်ကူးကို လူလားမြောက်လာသည့်အချိန်တွင် ထပ်မံ၍ ပြုစုကျွေးမွေး ရေလောင်းပေါင်းသင်ခဲ့ပြီးနောက် လူကြီးဘဝသို့ ရောက်ရှိလာသည့် အခါ၌မူ ဖွံ့ဖြိုးရှင်သန်နိုင်ခဲ့သည်။  


ထိုအောင်မြင်မှုဖြစ်စဉ်၌ ဒတ်စတာက သူ့ဘဝနှင့်ပတ်သက်၍ လည်းကောင်း၊ သူ၏စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း မိမိ၏အားထုတ်မှု၊ မြှုပ်နှံမှုအားလုံးကို ပေးဆပ်ခဲ့သဖြင့် ငွေကြေးပြည့်စုံ ပြီး အိပ်ခန်းခုနစ်ခန်းပါ ပေ ၁၁၀၀၀ ကျယ်ရှိ လှပသောနေအိမ်တစ်လုံး၊ ရေကူးကန်၊    ဇိမ်ခံမော်တော်ကားများစသည့်   အရာအားလုံးကို မလွှဲမရှောင်သာဘဲ ရရှိခဲ့သည်။ ဒတ်စတာက သူ၏ သန္နိဋ္ဌာန်ချမှတ်မှုနှင့် အောင်မြင်မှုတို့နှင့်ပတ်သက်၍  မိမိရောက်ရှိနိုင်သည့်နေရာကို  လုံးဝအကန့်အသတ်မထားခဲ့သဖြင့်သာ   အကန့်အသတ်မရှိသော အောင်မြင်မှုများကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒတ်စတာ ပြောသည့်စကားမှာ သူ့ကိုယ်ပိုင်စကားလုံးလည်း ဟုတ်ချင်မှဟုတ်မည်။ သူက ဘယ်သူက မှ သင့်အိပ်မက်ကို ခိုးမယူပါစေနှင့်ဟုဆိုခြင်းမှာ အခြားသူများကလည်း မိမိတို့၏အိပ်မက်ကို ခိုးယူသွားနိုင်ကြောင်းကို ဖော်ပြလိုက်ရာရောက် သည်။    ဒတ်စတာနှင့်  ဘာဒီတို့အနေဖြင့် နှစ်ပေါင်းများစွာကပင် သူတို့၏ စိတ်ကူးများကို သံမဏိအိပ်မက်အဖြစ်  မက်လာခဲ့ကြခြင်း ဖြစ်သည်။ 


ဤဒဿနသည် ဒတ်စတာရေဂါအတွက် အလုပ်ဖြစ်သလိုပင် ခင်ဗျားအတွက်လည်း အလုပ်ဖြစ်ပါလိမ့်မည်။  သူ၏ဇာတ်လမ်းက လည်း ထိပ်ဆုံးမှာတွေ့ကြမည်ဆိုသည့်ဒဿနကို အထောက်အကူ ပြုပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရေဂါအနေဖြင့် ထိပ်ဆုံးသို့ တက်ရောက်ရန်အတွက် လှေကား၌ ဖော်ပြထားသည့် အရာအားလုံးကို ရရှိခဲ့၍ဖြစ်သည်။ ထိပ်ဆုံးသို့ရောက်ရှိအောင် ကိုယ်ကာယနှင့် စိတ်ဓာတ်အင်အားတို့ဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။ ထိုနေရာ၌ ရောက်နေခြင်းမှာ ခိုင်မာသည့်အုတ်မြစ်ပေါ်၌ တည်ဆောက်၍ဖြစ်ပြီး ထိပ်ဆုံးရောက်သည့်ခါ ထိုင်နေလောက်ရန်ပင် နေရာမရှိသည်ကို လည်း တွေ့ရမည်။ ဘဝနှင့်ပတ်သက်၍ သူလိုချင်သမျှအရာများကို ရရှိခဲ့ခြင်းမှာ လူများစွာတို့အား သူတို့လိုချင်သည့် အရာအားလုံးကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူ၏လှပချောမောသည့်ဇနီးသည်နှင့် သူတို့၏ကလေးခုနစ်ယောက် လည်း ပျော်ရွှင်ကျန်းမာပြီး နေတတ် ထိုင်တတ်ကာ ရင်းနှီးမှုရရှိလာခြင်း ပင်ဖြစ်သည်။  ထိုအရာများကို ရရှိနိုင်အောင် သံမဏိအိပ်မက်ရှင် ဒတ်စတာရေဂါက ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ 


ယခုအခါ ခင်ဗျား၏ကိုယ်ပိုင်ရည်မှန်းချက်များနှင့် ပတ်သက်၍ လည်း တစ်စုံတစ်ခုကို  ချမှတ်ဆောင်ရွက်သင့်နေပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ ရည်မှန်းချက်များ၏ စရိုက်လက္ခဏာများကို မည်သို့မည်ပုံ ချမှတ်မည်၊  မည်သို့ကြိုးပမ်းရမည်ဆိုသည်ကို    ဖော်ထုတ်ကြည့်  ကြပါစို့။        ။