ထိုင်း - လာအို နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားခရီးစဉ် စမ်းသပ်ပြေးဆွဲ

ဘန်ကောက်    ဇူလိုင်    ၁၃
ထိုင်း - လာအို နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထား ပြေးဆွဲမှုကို ဇူလိုင် ၁၂ ရက်က  စတင်စမ်းသပ် ခဲ့ပြီး    ထိုင်း - လာအိုအကြား ရထားလမ်းဆက်သွယ်မှုတိုးမြှင့် လာမှုနှင့်အတူ တရုတ် - လာအို  ရထားလမ်းနှင့်လည်း ချိတ်ဆက် ပေးခဲ့သည်။
နယ်စပ်ဖြတ်ကျော်ခရီးသည် တင်ရထားသည် ဘန်ကောက်မှ ထွက်ခွာပြီး   နွန်ခိုင်နယ်စပ်ကို ဖြတ်သန်းကာ   ဗီယင်ကျန်းမြို့ ရှိ     ခမ်ဆာဗတ်သ်ဘူတာသို့ ရောက်ရှိမည်ဖြစ်ကြောင်း ထိုင်း အစိုးရ   မီးရထားဌာနမှ   သိရ သည်။
ထိုင်းအစိုးရ မီးရထားဌာန ၏     အုပ်ချုပ်မှုဗျူရို     အကြီး အကဲ အီကရတ်ဆရီယာယန်ဖွန် က နယ်စပ်ဖြတ်ကျော် ခရီးသည် တင်ရထားပြေးဆွဲမှုကို  စတင် လိုက်ခြင်းသည် ရထားပို့ဆောင် ရေးကဏ္ဍတွင် များစွာတိုးတက်ကောင်းမွန်လာမှုနှင့်အတူ ထိုင်း နှင့်   လာအိုအကြား   နယ်စပ် ကုန်သွယ်ရေးကို    မြှင့်တင်ရန်၊ ထိုင်းနိုင်ငံကို အဓိကကမ္ဘာ့ခရီး သွားလုပ်ငန်း   ဗဟိုချက်အဖြစ် အဆင့်မြှင့်တင်ရန်နှင့် ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများကြား စီးပွား ရေး၊ ကုန်သွယ်မှုနှင့် ခရီးသွား လာရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်း    မျှော်လင့် ကြောင်း ပြောကြားသည်။
ထိုင်း - လာအို နယ်စပ်ခရီး  သည်တင်ရထား   ပြေးဆွဲမှုကို ဇူလိုင် ၁၉ ရက်တွင် တရားဝင် စတင်ပြေးဆွဲရန် စီစဉ်ထားသည်။
ဆင်ဟွာ