ထိုင်းအိုးပင်း ၁၆ ဦးအဆင့်တွင် ပြိုင်ဘက်ကို အနိုင်ယူပြီး ဝက်ဆန် ကွာတားဖိုင်နယ်တက်

 

ထိုင်းအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဗြိတိန်တင်းနစ်မယ် ဟဲသာဝက်ဆန်သည် တောင်ကိုရီးယားတင်းနစ်မယ် ဟာနာလဲ့ကို နှစ်ပွဲ-တစ်ပွဲ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။   

 


အဆိုပါပွဲစဉ်တွင်  ဝက်ဆန်သည်   ပြိုင်ဘက်ကို   ၂ နာရီ  ၃၃  မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၆-၃၊ ၅-၇၊ ၆-၄ ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သော ဝက်ဆန် သည် ကွာတားဖိုင်နယ်တွင် နိုင်ခြေအဆင့် (၇) ရှိ တရုတ်တင်းနစ်မယ် ဝမ်ရှီယုနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 

 


၎င်းသည် အဆိုပါပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် ကာဇက်စတန်တင်းနစ်မယ် ပူတင့်ဆီဗာကို ၅-၇၊ ၆-၄၊ ၇-၆ (၇-၅) ဖြင့် နိုင်ပွဲရရှိထားသူ ဖြစ်သည်။ လက်ရှိ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၆၀ ရှိသော ဝက်ဆန်သည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်၌ အမြင့်ဆုံးအဖြစ် ၃၈ အထိ တက်လှမ်းနိုင်ခဲ့သည်။ 

မိုးဇက် - စုစည်းသည်