
ရန်ကုန် ဇူလိုင် ၂၃
ထိုင်းလိဂ်-၁ နှင့် လိဂ်-၂ ကလပ်အသင်းများ သည် မြန်မာကစားသမားများကို ခေါ်ယူလျက် ရှိပြီး နောက်ခံလူ ငြိမ်းချမ်းနှင့် ဂိုးသမား မျိုးမင်းလတ်တို့ကို ထပ်မံခေါ်ယူခဲ့သည်။
မြန်မာ့လက်ရွေးစင် ဂိုးသမား မျိုးမင်း လတ်မှာ ထိုင်းလိဂ်-၁ ကလပ် ရတ်ချာဘူရီ အသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ သည်။ မျိုးမင်းလတ် အသင်းပြောင်းရွှေ့နိုင်ရန် ရှမ်းယူနိုက်တက်အသင်းက နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပေးခဲ့သည်။
မျိုးမင်းလတ် သည် မြန်မာ့ဘောလုံး ပရော်ဖက်ရှင်နယ် ကူးပြောင်းပြီးနောက်ပိုင်း ပထမဆုံး ပြည်ပ ထွက်ကစားခွင့်ရသူ ဖြစ်လာသည်။ ရတ်ချာ ဘူရီအသင်းသည် မြန်မာနောက်ခံလူ ဟိန်းဖြိုး ဝင်းကိုလည်း ခေါ်ယူထားသည်။
ထိုင်းလိဂ်-၂ ကလပ် ရနောင်းယူနိုက်တက် အသင်းသည် မြန်မာ့လက်ရွေးစင် နောက်ခံလူ ငြိမ်းချမ်းကို တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့ သည်။ ငြိမ်းချမ်းသည် ပြည်ပကလပ်အသင်း တွင် ပထမဆုံး သွားရောက်ကစားခြင်း ဖြစ်သည်။ ငြိမ်းချမ်းသည် ရခိုင်နှင့် ရှမ်းယူနိုက် တက်အသင်းတို့တွင်ကစားခဲ့ပြီး ပြည်ပကလပ် အသင်းများတွင် သွားရောက်ကစားရန် ရှမ်း ယူနိုက်တက်အသင်းနှင့် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ လာမည့် ရာသီတွင် ထိုင်းလိဂ်-၁၊ လိဂ်-၂ နှင့် လိဂ်-၃ ကလပ်အသင်း အသီးသီးတွင် မြန်မာကစားသမားများ ပါဝင် ကစားမည်ဖြစ်သည်။
ရဲရင့်လွင်