ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ခြေစမ်းကစား

 

ရန်ကုန်   ဧပြီ   ၂၉


(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင် မှုအဖြစ် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဧပြီ ၂၉ ရက်က ထိုင်းအမျိုးသမီးဖူဆယ်ကလပ်  Nonthaburi အသင်းနှင့်  ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့သည်။

 


မြန်မာ့လက်ရွေးစင်   အမျိုးသမီးဖူဆယ် အသင်းသည် Nonthaburi အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဧပြီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပသည့် ထိုင်း ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်လေ့ကျင့်နေခြင်း ဖြစ်သည်။  

 


 မြန်မာ့လက်ရွေးစင်  အမျိုးသမီး ဖူဆယ် အသင်းသည် မေလပထမပတ်အထိ ထိုင်းနိုင်ငံ၌   ဆက်လက်လေ့ကျင့်သွားမည်    ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်း သည် နိုင်ငံတကာပြိုင်ပွဲများနှင့် ကာလအတန်ကြာ ဝေးကွာနေသဖြင့် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံ တကာ ခြေစမ်းပွဲများ ဆက်တိုက်ကစားနေခြင်း ဖြစ်သည်။


ရဲရင့်လွင်