ထိုင်းဖိတ်ခေါ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အဆင့် ၅ နေရာသာရရှိ

 

 

ရန်ကုန်   ဧပြီ   ၂၆
NSDF ထိုင်းဖိတ်ခေါ်  အမျိုးသမီးဖူဆယ် ပြိုင်ပွဲ နောက်ဆုံးနေ့ကို  ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ၌    ဆက်လက်ကျင်းပရာ မြန်မာအသင်း     ရှုံးပွဲထပ်မံကြုံတွေ့ပြီး အဆင့် ၅ နေရာသာရရှိခဲ့သည်။
မြန်မာအသင်းသည်    နောက်ဆုံးပွဲ အဖြစ်    သြစတြေးလျကလပ်   South Perth   အသင်းနှင့်    ယှဉ်ပြိုင်ကစားရာ သုံးဂိုး-နှစ်ဂိုးဖြင့်       အရေးနိမ့်ခဲ့သည်။  ချန်ပီယံဆုအတွက်     အဆုံးအဖြတ်ပွဲတွင် ထိုင်းနှင့် အင်ဒိုနီးရှားအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့ပြီး ထိုင်းအသင်းက   ဂိုးကွာခြား ချက်အသာဖြင့်      ချန်ပီယံဖြစ်ခဲ့သည်။ 
နိုင်ပွဲမရသေးသည့်      မြန်မာနှင့် သြစတြေးလျကလပ်အသင်းတို့  တွေ့ဆုံ‌ ခဲ့သောကြောင့်  နှစ်သင်းစလုံး ပထမဆုံး နိုင်ပွဲရရန်     ကြိုးပမ်းခဲ့ရာ   အပြန်အလှန် သွင်းဂိုးများဖြင့်                မြန်မာအသင်း 
အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းအတွက်      ဂိုးများကို ဇင်မိုးပြည့်နှင့်   ခိုင်သဇင်ဦးတို့က သွင်းယူခဲ့သည်။
ပြိုင်ပွဲအပြီးတွင်     ထိုင်း အသင်းက   ရမှတ် ၁၀ မှတ်ဖြင့် ချန်ပီယံ၊  အင်ဒိုနီးရှားအသင်းက ရမှတ် ၁၀ မှတ်ဖြင့်  ဒုတိယ၊ ထိုင်း All Stars အသင်းက ကိုးမှတ်ဖြင့် တတိယ၊    သြစတြေးလျကလပ် South Perth အသင်းက သုံးမှတ် ဖြင့် အဆင့် ၄ နှင့် မြန်မာအသင်းက လေးပွဲစလုံးရှုံးပြီး အမှတ်မရရှိဘဲ ဇယားအောက်ဆုံး          နေရာ၌ ရပ်တည်ခဲ့သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-Futsal Thailand