ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့များက ထပ်မံမီးရှို့ဖျက်ဆီး

 

နေပြည်တော်  နိုဝင်ဘာ  ၂၅

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့်   တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့်   အချို့ဒေသများ တွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင် လျက်ရှိသော နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်အချို့ အား နိုဝင်ဘာ ၂၄ ရက်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်။ ထိုသို့ အကြမ်း ဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါ ရပ်ကွက်ရှိ သွပ်မိုး၊   ပျဉ်ကာ လူနေအိမ်အလုံး  ၃၀၊ ခြောက်ခန်းတွဲ ဈေးဆိုင်ခန်းတစ်ခန်းနှင့် ဘုရားရှိခိုး ကျောင်း တစ်ကျောင်း  (စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၇၀၀ ကျော်ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 


၇၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံး

အလားတူ      အကြမ်းသမားများအနေဖြင့် အောက်တိုဘာ ၂၉ ရက်တွင် အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် အချို့မီးလောင် လွယ်သည့် ပစ္စည်းများကို စုပုံမီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါရပ်ကွက်အတွင်းရှိ    ဘုရားရှိခိုးကျောင်းနှစ် ကျောင်းနှင့် လူနေအိမ် ၇၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရသည်။    

 


အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG၊ CRPH၊ PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ    အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို မကြာခဏ လုပ်ဆောင် ၍ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့်   နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်လျက်ရှိသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက်   လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများကို    ဆက်လက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်