ထရမ့်ကို နိုင်ငံ၏အန္တရာယ်ဟု ပြောကြားလိုက်ပြီး ရွေးကောက်ပွဲတစ်လျှောက် ဟားရစ်ကို အပြည့်အဝထောက်ခံသွားမည်ဟု ဘိုင်ဒင်ပြော

ဝါရှင်တန်   ဇူလိုင်   ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပါတီ၏သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကာမလာဟားရစ်ကို လက်ခံယုံကြည်ပေးရန် ပါတီမဲဆွယ်စည်းရုံးရေးဝန်ထမ်းများကို တောင်းဆိုလိုက်ပြီး ၎င်း၏ဆုံးဖြတ်ချက် သည် မှန်ကန်သောလုပ်ရပ်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဟားရစ်ကို ကိုယ်စားလှယ်အဖြစ်
လက်ခံရန်တိုက်တွန်း
ဘိုင်ဒင်သည်  ဇူလိုင်  ၂၂  ရက်က   အရှေ့ပိုင်း ဒယ်လာဝဲလ်ပြည်နယ်     စည်းရုံးရေးဌာနချုပ်တွင်  ဟားရစ်ကို  အခမ်းအနားပွဲသို့   တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဘိုင်ဒင်သည် အဆိုပါအခမ်းအနား၌   ပါဝင်ဆွေးနွေးခဲ့ပြီး ဟားရစ်ကို ကိုယ်စားလှယ်အဖြစ် လက်ခံရန် တိုက်တွန်းခဲ့သည်။ ထိုသို့   တိုက်တွန်း ခဲ့ခြင်းသည်   ဘိုင်ဒင်၏သမ္မတ ပြန်လည်ရွေးကောက် တင်မြှောက်ခြင်းမှ  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က       ကြေညာပြီးသည့်နောက်ပိုင်း   ပထမဆုံးသော    လူသိရှင်ကြား    ပြောကြားချက် ဖြစ်သည်။
မဲဆွယ်စည်းရုံးရေးအဖွဲ့အား မနေ့ကသတင်း သည် အံ့သြဖွယ်ကောင်းပြီး ယုံဖို့ခက်နေမယ်ဆိုတာ မိမိသိကြောင်း၊    သို့သော်လည်း      မှန်ကန်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း      ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဟားရစ်ကို ရွေးကောက်ပွဲတစ်လျှောက်
ထောက်ခံသွားမည်
ဟားရစ်ကို  ရည်ညွှန်းပြီး   ဘိုင်ဒင်က  ၎င်းသည် အကောင်းဆုံးဖြစ်ကြောင်းနှင့်   ၎င်းကိုအားပေး ထောက်ခံကြပါဟု   ပြောကြားခဲ့သည်။   ထိပ်ပိုင်း မှာ နာမည်ပြောင်းသွားသော်လည်း လုပ်ဆောင် ရမည့်    တာဝန်များကတော့     ပြောင်းလဲသွားမှာ    မဟုတ်ကြောင်း   ၎င်းက   ထပ်လောင်းပြောကြား ခဲ့သည်။
ဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို နိုင်ငံ၏ အန္တရာယ် တစ်ခုဟု ပြောကြားခဲ့သည်။  နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရရန် ဟားရစ်ကို ရွေးကောက်ပွဲတစ်လျှောက် ထောက်ခံသွားမည်ဖြစ်ကြောင်း      ဘိုင်ဒင်က ပြောကြားခဲ့သည်။                                        

ဆင်ဟွာ