တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး

Type


 

မောင်သောင်းဝင်း
(တမန်ဟောင်း)
 

လူကုန်ကူးခြင်းသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်သည်။ လူကုန်ကူးခံရသူသည် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းများကို ခါးစည်းခံရလေ့ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များသည် အများဆုံးလူကုန်ကူးခံရလေ့ရှိသည်။ အမျိုးသမီးများသည် လိင်ကျေးကျွန်အဖြစ် ရောင်းချ ခံကြရပြီး ကလေးငယ်များသည် လိင်အကြမ်းဖက်မှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုခံကြရသည်။ လူကုန်ကူးခံရသူများသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ထုတ်ယူခံရသည့် အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။ လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင်  တတိယမြောက်အများဆုံး  ရာဇဝတ်မှုပင်ဖြစ်သည်။ နှစ်စဉ် လူကုန်ကူးခံရသူ သန်း ၂၀ ခန့်ရှိပြီး ထိုလုပ်ငန်းမှတရားမဝင် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့်ရရှိနေသည်ဟုဆိုသည်။ ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်သည်။  
လူကုန်ကူးမှုဆိုသည်မှာ
လူကုန်ကူးမှုဆိုသည်မှာ  လူပုဂ္ဂိုလ်တစ်ဦးဦး သည်  အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းအလို့ငှာ   လူများကို    သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်း ခြင်း၊   ရောင်းချခြင်း၊   ဝယ်ယူခြင်း၊  ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်း ကို   ဆိုလိုပါသည်။  ထိုသို့   လူကုန်ကူးရန်ပြုလုပ်မှု တစ်ရပ်ရပ်ပြုလုပ်ရာတွင်              ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင် အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည် ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစား ပြုခြင်း သို့မဟုတ်  ဘဝရပ်တည်ရန်  ခက်ခဲနေသော အခြေအနေကို    အလွဲသုံးစားပြုခြင်း   တစ်ဦး တစ်ယောက်အပေါ်        ချုပ်ကိုင်နိုင်သောသူ၏  သဘောတူညီချက်ရရှိရန်    ငွေကြေး   သို့မဟုတ်    အကျိုးအမြတ်ပေးခြင်း    သို့မဟုတ် လက်ခံရယူခြင်း တို့ပါဝင်သည်။ ထို့အပြင်   လူပုဂ္ဂိုလ်တစ်ဦးသည် အခြားသူ  တစ်ဦးတစ်ယောက်အား ပြည့်တန်ဆာ ပြုခြင်း၊  ကျေးကျွန်ကဲ့သို့  ခိုင်းစေခြင်း၊  ကြွေးမြီနှင့်    နှောင်ဖွဲ့ခိုင်းစေခြင်း၊     သူတစ်ပါးခန္ဓာကိုယ်၏ အစိတ်အပိုင်းအား     ထုတ်ယူခြင်း၊  ရောင်းချခြင်း တို့ကိုပြုရာမှ  ငွေကြေး၊ အကျိုးအမြတ်  လက်ခံရ ယူခြင်း    သို့မဟုတ်   လက်ခံရန်သဘောတူခြင်းများ သည်လည်း လူကုန်ကူးမှုကျူးလွန်သည့်   လုပ်ရပ် များပင်ဖြစ်သည်။
လူကုန်ကူးခံရသည့် အကြောင်းတရားများ
လူကုန်ကူးခံရသူများသည် အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှု၊ အလွန်အကျွံဆင်းရဲမှု၊ အသိပညာ  ဗဟုသုတနည်းပါးမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် သူငယ်ချင်းများ၊ ဆွေမျိုးများ စသည်တို့က နိုင်ငံရပ် ခြားတွင်  သွားရောက်အလုပ်လုပ်ကိုင်ပါက  ဝင်ငွေ ကောင်းကောင်းရမည်ဖြစ်ကြောင်း ပြောဆိုမှုများကို ယုံကြည်ကာ သွားရောက်ကြသဖြင့် လူကုန်ကူးသည့် မုဆိုးများ၏ ပစ်ကွင်းသို့ သက်ဆင်းသွားကြရသည်။ အချို့သောသူများသည်  အားနာတတ်မှု၊ ရိုးသားမှု၊ မသိနားမလည်မှု၊   နိုင်ငံခြားကို   အထင်ကြီးမှုတို့ ကြောင့် သားကောင်ဘဝ သက်ဆင်းကာ တစ်ဖက် နိုင်ငံတွင်   အခိုင်းအစေအဖြစ်   ရောင်းချခြင်းခံကြရ သည်။ သဘောမတူသူနှင့် ပေးစားကာ လက်ထပ် ထိမ်းမြားပေးခြင်း၊  အဓမ္မအလုပ်စေခိုင်းခံရခြင်း၊ ပြည့်တန်ဆာအလုပ်   စေခိုင်းခံရခြင်းတို့ကို  ခံကြရ သည်။ ထို့အပြင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်လိုသူ  များအပေါ် အကျိုးအမြတ်ရယူလိုသူများ၊ ခေါင်းပုံ ဖြတ်လိုသူများကြောင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှု များ ဖြစ်ပေါ်လာရသည်။ တရားမဝင်ရွှေ့ပြောင်း သွားလာမှု၏  ဘဝနိဂုံးသည်  လူကုန်ကူးခံရခြင်းပင် ဖြစ်သည်။
လူကုန်ကူးသူများသည်    အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လူသားများကို မက်လုံး ပေး စည်းရုံးသိမ်းသွင်း  ရောင်းချလေ့ရှိကြသည်။ လူကုန်ကူးမှုများသည် တစ်စတစ်စကြီးထွားလာ သော နယ်စပ်ဖြတ်ကျော်  ရာဇဝတ်မှုများပင်ဖြစ် သည်။   နိုင်ငံတကာ     အဖွဲ့အစည်းများကလည်း လူကုန်ကူးသူများကို  လူ့အခွင့်အရေး  ချိုးဖောက် သူများအဖြစ်    ပြစ်တင်ရှုတ်ချထားလျက်ရှိသည်။ သို့သော် လူ့အသိုက်အဝန်းကို  ခြိမ်းခြောက်နေဆဲ ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတည်း အတွင်း၌ပင်လျှင် လူကုန်ကူးမှုများ တွေ့ရသည်။ ဆင်းရဲတွင်းနက်နေ သူများ၊  ကလေးငယ်များ၊  အမျိုးသမီးငယ်များသည် လူကုန်ကူးသူများ၏    ပစ်မှတ်ဖြစ်လေ့ရှိကြသည်။ လူကုန်ကူးသူများသည်    အမျိုးသမီးငယ်များကို လိင်ကျွန်ပြုရန်လည်းကောင်း၊   အရွယ်ရောက်သူ အမျိုးသားများကို လုပ်အားခေါင်းပုံဖြတ်ရန်လည်း ကောင်း၊ ကလေးငယ်များကို ကိုယ်လက်အင်္ဂါဖြတ် တောက်ရောင်းချရန်လည်းကောင်း မက်လုံးပေး ဆွဲဆောင်စည်းရုံးရောင်းချလေ့ရှိကြသည်။
လူကုန်ကူးခံရသူများ
လူကုန်ကူးခံရသူတစ်ဦးအား  လိင်ဖျော်ဖြေရေး အတွက် ခေါင်းပုံဖြတ်စေခိုင်းခြင်းကို လိင်ကုန်ကူး ခြင်းဟု ခေါ်ဆိုသည်။ ကလေးငယ်များကို လိင်ကျွန် ပြုခြင်းအပါအဝင်    ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် လိင်ကုန်ကူးသူများက အမြတ်ထုတ်လေ့ရှိကြသည်။ လိင်ကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာ ကြီးထွားလာသော ရာဇဝတ်မှုလုပ်ငန်းတစ်မျိုးဖြစ် နေသည်။ နိုင်ငံတကာ      အလုပ်သမားအဖွဲ့၏ အဆိုအရ လူ ၂၀ ဒသမ ၉ သန်းသည် အဓမ္မအလုပ် စေခိုင်းခြင်းခံနေရပြီး ၎င်းတို့အနက် ၂၂ ရာခိုင်နှုန်းနှင့် ညီမျှသော လူ ၄ ဒသမ ၅ သန်းသည် လိင်ကျွန်ပြုခံ နေရသည်။    လက်ရှိအချိန်တွင်  တစ်ကမ္ဘာလုံး၌ လူကုန်ကူးခံရသူ ၄၀  ဒသမ  ၃  သန်းခန့်သည် လုပ်အားခမရဘဲ ကျွန်ပြုခံနေကြရသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်      လူကုန်ကူးခံရသူများသည် ခြိမ်းခြောက်ခံရ ခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ကြောင့် အနည်းငယ်သောလုပ်အားခ သို့မဟုတ် လုပ်အားခ လုံးဝမရဘဲ အလုပ်လုပ်နေကြရသည်။ နေရာတိုင်း တွင် တရားမဝင်ကျွန်ပြုနေခြင်းဖြစ်သည်။ ဆိုရလျှင် လူကုန်ကူးခံရသူများသည် ခေတ်သစ်ကျေးကျွန်များ ပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှု မြင့်မားခြင်း၊ ကျောင်းနေရန်   အခွင့်အလမ်းမရှိခြင်း တို့ကြောင့် ကလေးအလုပ်သမားများ မြင့်မားနေဆဲ၊ ရှိနေဆဲပင်ဖြစ်သည်။    လူကုန်ကူးသူများသည် ကလေးများကို မက်လုံးပေးဆွဲဆောင်ကာ လုပ်ငန်း ခွင်များသို့ ပြန်လည်ရောင်းချလေ့ရှိကြသည်။
တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး
လူကုန်ကူးမှုပြဿနာသည်  နိုင်ငံတစ်နိုင်ငံရှိ အစိုးရတစ်ရပ်တည်းဖြေရှင်းလို့ မရသည့်ရာဇဝတ်မှု မျိုးဖြစ်သည်။  ကမ္ဘာ့နိုင်ငံအားလုံးပေါင်းစပ်ချိတ် ဆက်ဆောင်ရွက်မှသာ   ထိုရာဇဝတ်မှုလျော့နည်းကျဆင်းလာနိုင်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား  ပေါင်းစပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့်   တာဝန်ရှိသူများ    ပေါင်းစပ် ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်တည်ဆောက်ခြင်း၊ ပြည်သူများအား ဗဟုသုတမျှဝေခြင်း၊ နည်းပညာ ပိုင်းဆိုင်ရာ အထောက်အကူပေးခြင်း၊ လူကုန်ကူးခံရ သူများအား  အပြည့်အဝ   ကာကွယ်စောင့်ရှောက် ခြင်း၊ ပြည်သူများအကြား   လူကုန်ကူးသူများအား ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေး   စိတ်ဓာတ်ကိန်း အောင်းလာအောင် ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန်လိုအပ်သည်။
သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်  လူကုန် ကူးသူများအား ဖမ်းဆီးရမိလျှင် ထိထိရောက်ရောက် အရေးယူပြီး ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်သင့် ပါသည်။ လူကုန်ကူးသည့်တရားခံများကို ပြစ်ဒဏ် ချမှတ်ရာတွင်    ပြည်သူလူထုသိအောင်   သတင်း မီဒီယာများမှ  ကျယ်ပြန့်စွာ   ထုတ်ပြန်သင့်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်   ပေးရာတွင်လည်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူများ၊   လူကုန်ကူးသူ များ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ချန်လှပ် ထားသင့်သည်။ ထိုရာဇဝတ်သားများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်မည်ဆိုလျှင်  အလားတူပြစ်မှု များကို အကြိမ်ကြိမ် ကျူးလွန်နေမည်သာဖြစ်သည်။  မိဘအုပ်ထိန်းသူများအနေဖြင့်   အရွယ်မရောက်သေး သည့် ကျောင်းသားလူငယ်များ၊ အထူးသဖြင့် သမီး မိန်းကလေးများကို ယခင်ကထက် ပိုမိုဂရုစိုက်သင့် သည်။  လူကုန်ကူးသူများသည်   လူငယ်များကို အသွင်မျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းလျက်ရှိကြသည်။ ထို့ကြောင့်  ကလေးငယ်များ၏  ပတ်ဝန်းကျင်တွင် လူစိမ်းများတွေ့နေပြီဆိုလျှင်   မေးမြန်းစုံစမ်းသင့် သည်။   သက်ဆိုင်ရာသို့     သတင်းပို့သင့်သည်။ ကျောင်း၊ ကျူရှင်သွားသည့်ကလေးများ သတ်မှတ် ချိန်အတွင်း   ပြန်မရောက်လျှင်    ချက်ချင်းရှာဖွေ  သင့်သည်။  တတ်နိုင်ပါက  မိဘ၊  အုပ်ထိန်းသူများ ကိုယ်တိုင် အကြို၊ အပို့လုပ်သင့်သည်။
ထို့အပြင်  တိုင်းပြည်အတွင်း  လူကုန်ကူးမှု ဖြစ်စဉ်များ   ပိုမိုလျော့နည်းပပျောက်ရေးအတွက် ၂ဝ၂၁   ခုနှစ်     လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ အောက်ဖော်ပြပါရည်ရွယ်ချက်   ၄  ရပ်ကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်သွားရန်လို အပ်ပါသည်-
(က)    လူကုန်ကူးမှု တိုက်ဖျက်ရေးကို  အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်     သတ်မှတ်၍ 
    နိုင်ငံသားအားလုံး   ပူးပေါင်းဆောင်ရွက် ရန်။
( ခ )    လူကုန်ကူးမှုဆိုင်ရာ     အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်။
( ဂ )        လူကုန်ကူးခံရသူများအား စာနာနားလည် 
    ခြင်းဖြင့်  ကာကွယ်စောင့်ရှောက်နိုင်ရန်။
(ဃ)    လူကုန်ကူးမှုတိုက်ဖျက်ရေး  လုပ်ငန်းစဉ် 
    များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှု 
    ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ 
    အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး 
    ၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်။
အထူးသဖြင့်   လူကုန်ကူးမှုတားဆီးကာကွယ် ရေးအတွက်  အမျိုးသမီးများနှင့်  ကလေးငယ်များ အပါအဝင် ထိခိုက်လွယ်အုပ်စုများ ပညာပေးလုပ်ငန်း များဆောင်ရွက်ခြင်းနှင့်    လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းများ၊ ကယ်တင်ရေးနှင့် ကူညီရေးလုပ်ငန်း များကို  အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ အရေးကြီးဆုံးအချက်မှာ  လူကုန်ကူးခံရသူများသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူများဖြစ် သောကြောင့်  လူ့အသိုက်အဝန်းအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် ၎င်းတို့၏ အသံကို အလေး ထား နားထောင်သွားသင့်ပါသည်။
မည်သို့ပင်ဆိုစေ  မြန်မာနိုင်ငံတွင်  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို   ၂၀၀၅   ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ်  စက်တင်ဘာလ  ၁၃  ရက်ကို  မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ်  သတ်မှတ်ခဲ့ သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပထမ ဆုံးလုပ်ငန်းသည် ပြည့်တန်ဆာလုပ်ငန်းများကို တားမြစ်သွားရေးပင်ဖြစ်သည်။ လူကုန်ကူးမှုသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက်ရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သည်  လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်။ လူကုန်ကူးမှု ဖြစ်ပွားရခြင်းအကြောင်းတရားများကို ကျိုးကြောင်းဆီလျော်စွာ စီမံဆောင်ရွက်သွားမည်ဆို လျှင် လူကုန်ကူးမှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်သည်။ မည်သို့ဆိုစေ လူကုန် ကူးမှုသည်   နေ့ချင်းညချင်း  တိုက်ဖျက်နိုင်မည် မဟုတ်သောကြောင့် တားဆီး၊ ကယ်တင်၊ ကူညီရေး လုပ်ငန်းများအပြင် လူကုန်ကူးခံရသူများ၏ အသံကို လည်း အလေးထား နားထောင်ပေး သွားကြပါစို့ဟုတိုက်တွန်းအကြံပြုသွားလိုပါသည်။       ။