
ရန်ကုန် ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင်များ၊ မြို့နယ်လူမှုကူညီ ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ရပ်ကွက်များအတွင်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ထိန်ချုပ်ရေး လုပ်ငန်း များ စဉ်ဆက်မပြတ် အရှိန်အဟုန် မြှင့် ပူးပေါင်းဆောင်ရွက်ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူ များသည် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ၊ အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကလိုရင်းဆေးရည် များ လိုက်လံခတ်ပေးခြင်း၊ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ထား ကြေညာခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင် ရွက်ကြသည်။
ထို့အတူ မြို့နယ်အတွင်းရှိ စျေးများနှင့် အစားအသောက် ရောင်းချသည့်ဆိုင်များ၌ ကျန်းမာ ရေးနှင့် ညီညွတ်စွာ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချကြရန်၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ကြပြီး အများသုံး ရေလှောင် ကန်များအတွင်း ကလိုရင်း ဆေးရည်များ လိုက်လံခတ်ပေးကြ သည်။
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် တွင် ဇွန် ၂၃ ရက်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား မှုများ ဖြစ်ပေါ်ပြီး ယနေ့အထိ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားသူ ၂၁ ဦးအထိ ရှိရာ ပြန်လည်ကောင်းမွန်လာသူ ၁၄ ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူ နေသူ ခုနစ်ဦးရှိကြောင်းနှင့် မြို့နယ် အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် မြို့နယ် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ထိန်း ချုပ်ရေး လုပ်ငန်းကော်မတီအနေ ဖြင့် သက်ဆိုင်ရာ ဌာန/အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)