နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား အတွက် ခေတ်စနစ်နှင့်လျော်ညီစွာ အကောင်အထည်ဖော်ကြရ သူများဖြစ်သည်။ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများ အလိုက် ကဏ္ဍအသီးသီးတွင် ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်း ထားပြီး ဖွဲ့စည်းပုံအရ ရာထူးတာဝန်အဆင့်ဆင့်၌ ဝန်ထမ်းများ ကို အရည်အချင်းသတ်မှတ် စိစစ်ရွေးချယ်ခန့်ထားခြင်းဖြစ် သည်။ နိုင်ငံ့ဝန်ထမ်းဟူ၍ ဖြစ်လာသည်နှင့် တာဝန်၊ ကျင့်ဝတ် စည်းကမ်းတို့ကိုပါ တစ်ပါတည်း ခံယူကြရသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်က ပြဋ္ဌာန်း ခဲ့ရာ ယင်းဥပဒေအခန်း(၁၀) စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်း ကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာခြင်း၊ ပုဒ်မ ၃၇ အရ “ဝန်ထမ်းသည် ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းလိုက်နာရမည့်အပြင် ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝနှင့် ဝန်ထမ်းအမျိုးအစား အလိုက် သီးခြားသတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင် စည်းကမ်းများကိုလည်း စောင့်ထိန်းလိုက်နာရမည်။”ဆိုသော ပြဋ္ဌာန်းချက်ကိုလည်း လိုက်နာကြရသည်။
ဝန်ထမ်းတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မိမိအားပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ အရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်း ခြင်း၊ ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြည်သူကို ရိုသေလေးစားခြင်းဆိုသည့်အချက်များကို လိုက်နာကြရန် တာဝန်ရှိသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်တွင် မည်သည့်အစိုးရ က မည်သည့်မူဝါဒဖြင့် အုပ်ချုပ်စီမံသည်ဖြစ်စေ မိမိတို့၏ တာဝန် မှာ လိုက်ပါအကောင်အထည်ဖော်ပေးရခြင်းပင်ဖြစ်သည်။ ယခု အခါ နိုင်ငံ့ဝန်ထမ်းအချို့သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်မှ စတင်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့နိုင်ငံရေး အပေါ် ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများနောက် လိုက်ပါကာ CDM ခေါ် ဥပဒေနှင့်မညီသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက် နေသူ နိုင်ငံ့ဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင် ခြင်း၊ ဖိအားပေးခြင်းတို့ ပြုလုပ်လျက်ရှိကြသည်။
CDM ပြုလုပ်ခြင်းမှာ နိုင်ငံတော်ယန္တရား ရပ်တန့်သွားစေရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း နိုင်ငံတော်ယန္တရားဟူသည် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် လည်ပတ်နေရခြင်းဖြစ်သည်။ အချို့ဝန်ထမ်းအဖွဲ့အစည်းများမှ ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် များကို ပစ်ခွာသွားမှုသည် ပြည်သူကို တိုက်ရိုက်မထိခိုက်ဘဲ သွယ်ဝိုက်၍ ထိခိုက်စေပြီး အချို့မှာ တိုက်ရိုက်ထိခိုက်စေသည်။ ပြည်သူကိုသာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီး ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်မှာမူ ပေါက်မြောက်အောင်မြင်မှုမရှိ။ ထို့အပြင် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း ချိုးဖောက်ကျူးလွန် မှုကြောင့် ဖြစ်ပေါ်လာမည့် အရေးယူမှုများကိုလည်း ရင်ဆိုင်ကြ ရမည်ဖြစ်ရာ နိုင်ငံအတွက်၊ ပြည်သူအတွက် ၊ ဌာနအတွက်၊ မိမိအတွက် ကောင်းကျိုးရလဒ် ဘာတစ်ခုမျှမရနိုင်။ အနှောင့် အယှက်၊ အဟန့်အတား၊ အခက်အခဲများကြားမှ မိမိတို့ ထမ်းဆောင်ရမည့် တာဝန်များကို နိုင်ငံရေး အသွေးအရောင်မရှိ ကျေပွန်စွာ ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား တာဝန်သိပြည်သူတိုင်းက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရပါမည်ဟု နှိုးဆော်တိုက်တွန်း အပ်ပါကြောင်း။ ။
Remark Type