တာဝန်ကိုယ်စီ ရှိကြသည်

Type

 

ပြည်ကြီးမွန်

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၌  ငွေကြေး လိမ်လည်ကောက်ခံသူ ဒေါက်တာစိုင်းပြည့်စုံချမ်းကို ဖမ်းဆီးရမိကြောင်း သတင်းကြေညာသွားသည်။ စိုင်းပြည့်စုံချမ်း ၅၁နှစ် (ဘ) ဦးချမ်းအေး အထူးကု ဆရာဝန် (အထွေထွေဆေးပညာ)ဆိုသူမှာ ဆရာဝန် မဟုတ်ပါ။ လူလိမ်လူညာတစ်ဦးသာ ဖြစ်ပါသည်။ “လူလိမ်လူညာ စိုင်းပြည့်စုံချမ်းတော့ ထပ်လိမ်လို့ နောက်တစ်ကြိမ်   အဖမ်းခံသွားရပြန်ပြီဗျို့” ဟု သူငယ်ချင်းဖြစ်သူအား ဖုန်းဆက်ပြောမိသည်။


တွဲဖက်တာဝန်ပေးထားရှိ


၂၀၁၇ ခုနှစ်က မန္တလေးမြို့ ၆၅လမ်း၊ (၂၆x ၂၇) လမ်းကြားရှိ စားသောက်ဆိုင်တစ်ဆိုင်၌  မိတ်ဆွေ တစ်ဦး၏ ဧည့်ခံစားပွဲဝိုင်းတွင်  တွေ့ကြုံဖူးသည်။ ထိုအချိန်က  စိုင်းပြည့်စုံချမ်းက  “သူသည် ရဲမှူးကြီး တစ်ဦးဖြစ်ကြောင်း၊ တပ်မတော်အထူးကုဆရာဝန် ဗိုလ်မှူးဘဝမှ  ရဲတပ်ဖွဲ့သို့    ပြောင်းရွှေ့တာဝန်ပေး ခံရကြောင်း၊   ယခုအခါ   ဇီးပင်ကြီးဗဟိုဝန်ထမ်း တက္ကသိုလ်သို့  တွဲဖက်တာဝန်ပေးထားရှိကြောင်း၊ လိုအပ်ပါက   အကူအညီတောင်းခံနိုင်ကြောင်း”  ပြောကြားပါသည်။ စားသောက်ဆိုင်ဝိုင်းများတွင် မကြာခဏတွေ့ရှိနေရပြီး တစ်ခါတစ်ရံ ကျွန်တော် တို့ ဝိုင်းတွေဘက်လည်း ရောက်ရှိလာတတ်ပါသည်။


ခပ်တည်တည် လိမ်ညာ


မကြာမီ စိုင်းပြည့်စုံချမ်း၏ ဇာတိရုပ်ပေါ်လာ ပါပြီ။ ရွှေဘိုခရိုင် ရဲမှူးကြီးထံသွားပြီး ရဲမှုခင်းတစ်ရပ် ကို စစ်ဆေးရန်ရှိကြောင်း၊ အထက်အဖွဲ့အစည်းမှ တာဝန်ပေးထားသူဖြစ်ကြောင်း၊   ယခု သူသည် ဇီးပင်ကြီးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေရာမှ လာရောက်ကြောင်း၊    ရဲမှူးကြီးတစ်ဦးအဖြစ် ခပ်တည်တည် လိမ်ညာပါတော့သည်။


ရွှေဘိုခရိုင် ရဲမှူးကြီးက မယုံပါ။ လိမ္မာပါးနပ်စွာ ဧည့်ခံထားပြီး ဇီးပင်ကြီးမှာ    စိုင်းပြည့်စုံချမ်း ဆိုသည့် တွဲဖက်ထားသော ရဲမှူးကြီးရှိ၊ မရှိ စုံစမ်း ပါတော့သည်။ မရှိကြောင်း ပြန်ကြားချက်ရရှိပြီး အတုအယောင်၊    ရဲဟန်ဆောင်လိမ်ညာသူဖြစ် ကြောင်း ဖမ်းဆီးစစ်ဆေးပေါ်ပေါက်၍  တရားစွဲဆို ခြင်းခံရကာ ပြစ်ဒဏ်ကျသွားသည်ဟု ကြားသိခဲ့ ရပါသည်။


ငွေကြေးလိမ်လည်ကောက်ခံသူဖြစ်


ဇွန်လ  ၂၁   ရက်နေ့ ရတနာပုံသတင်းစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပေးအပ်ရမည်ဟုဆိုကာ   ငွေကြေးလိမ်လည် ကောက်ခံသူကို    ပြည်ကြီးတံခွန် မြို့နယ်၌    ဖမ်းဆီးရမိဆိုသည့် သတင်းခေါင်းစဉ်ဖြင့် စာမျက်နှာ(၂၁)တွင်   ဓာတ်ပုံ၊   ဆေးလက်မှတ် ထောက်ခံစာအတု၊ စိစစ်ရေးကတ်အတုများဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ သတင်းတွင် ဇွန် ၁၉ ရက် ညနေပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်း  သာယာဝတီမင်းကြီးလမ်းနှင့်   မြဝတီ မင်းကြီးလမ်းကြားရှိ   ဘီယာဆိုင်တွင်  ငွေကြေး လိမ်လည်ကောက်ခံသူဖြစ်ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက    ဝင်ရောက်ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း  ဖော်ပြထားပါ သည်။


အဆိုပါ ဖမ်းဆီးရမိသူ၏  ထွက်ဆိုချက်အရ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများတွင်   ကျန်းမာရေး စောင့်ရှောက်သူအဖြစ်      အကြိမ်ကြိမ်လိုက်ပါခဲ့ ကြောင်း၊ မတ်လတတိယပတ်ခန့်မှစတင်ကာ CDM လှုပ်ရှားမှုကိုအခြေခံပြီး အဖျက်အမှောင့်လုပ်ငန်း များ ဆောင်ရွက်နေသူများကို   အကျဉ်းထောင် အတွင်းမှ  လွတ်မြောက်အောင်     ကူညီမည်ဟု လိမ်လည်ပြောဆိုပြီး    ဖမ်းဆီးခံထားရသူတစ်ဦး ဖြစ်သည့်  ဟိန်းထက်အောင်၏    ဖခင်ဖြစ်သူထံမှ ငွေကျပ်  ၁၀  သိန်းကို    လုံခြုံရေးအဖွဲ့များအား ပေးအပ်ရမည်ဟု လိမ်လည်တောင်းခံခဲ့ကြောင်းနှင့် အဆိုပါငွေကြေးများကို ၎င်းတစ်ဦးတည်းမှ ရယူ ခဲ့ကြောင်းသိရှိရသဖြင့် ဒေါက်တာစိုင်းပြည့်စုံချမ်း ကို ဥပဒေနှင့်အညီ  အရေးယူနိုင်ရေး   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားပါသည်။  ကြေးမုံသတင်းစာ၊ မြန်မာ့ အလင်း သတင်းစာများတွင်လည်း   ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။


အတု၊ အတုလေးတွေက    နေရာတကာမှာ ပေါ်ပေါက်နေသည့် ခေတ်ကာလကြီးပါ။ ဆေးဝါး အတု၊ နို့မှုန့်အတု၊   ဆန်အတု၊    သကြားအတု၊ အချိုမှုန့်အတု၊ ငါးပိအတု၊ ငံပြာရည်အတု၊ ဆီအတု၊ ခံတက်ချဉ်အတု၊ အရက်အတု၊  မိုးမဆုံး၊ မြေမဆုံး တဲ့ အတုကမ္ဘာကြီးပါ။
ဆေးအတုက လူကိုမြန်မြန်သတ်ပြီး စားသောက် ကုန်ပစ္စည်းအတုကတော့ ဖြည်းဖြည်းချင်း ရောဂါ ပေါင်းစုံ ခံစားပြီးမှ သေစေတာပါ။ 


ဆရာဝန်အတု၊      လုံခြုံရေးတပ်ဖွဲ့ဝင်အတု၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲအတုများအဖြစ် ဟန်ဆောင်လိမ်ညာမှုက နိုင်ငံဝန်ထမ်းအဖွဲ့အစည်း၊ ပြည်သူ့ရဲ၊ တပ်မတော်၏ဂုဏ်ကို အလွန်ပင်ထိခိုက် လှပါသည်။ အတုအယောင်သတင်း၊ ကောလာဟလ သတင်းများကြောင့် မလိုလားအပ်သော အဖျက် အမှောင့်များ၊   အချို့မီဒီယာသတင်းဌာနများ၏ မှုခင်း၊ ပြစ်မှုဖြစ်ရပ်မှန်စသည့်    ဖော်ပြချက်များ ကြောင့် နိုင်ငံဂုဏ်သိက္ခာကျဆင်းခြင်း၊ အရှက်တကွဲ အကျိုးနည်းခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။ 


စိုင်းပြည့်စုံချမ်းသည်    ဆရာဝန်အထူးကု  မဟုတ်ကြောင်း၊ အတုအယောင်သာဖြစ်ကြောင်း၊ ပြစ်မှုဟောင်းများရှိကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲများတွင်     သတင်း ထုတ်ပြန်ပြီး   ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး ဆောင်ရွက်မည်ဟု ထင်မြင်ယူဆပါသည်။


ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့


မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်   ၁၁၂/၂၁ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ကာ ပြစ်မှု ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့ပါသည်။ ၁၁၃/၂၁ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်၊  ၁၁၄/၂၁ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် (နိုင်ငံခြားသား)၊ (ပြည်နှင် ဒဏ်)အမိန့်များဖြင့်လည်း    ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့ပါသည်။ အဆိုပါ ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့စဉ်က နောက်တစ်ကြိမ်    ပြစ်မှုထပ်မံ ကျူးလွန်လျှင်    ထိရောက်စွာအရေးယူခံရမည် ဖြစ်ကြောင်း ထည့်သွင်းကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခင်ပြစ်မှုဟောင်းများမှ   ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရရှိပြီး နောက်တစ်ကြိမ် ထပ်မံကျူးလွန်သူဖြစ်ပါက ပိုမိုထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဟု မျှော်လင့်မိပါသည်။ 


အထူးဂရုစိုက်ကြဖို့လို


အတုအယောင်   လိမ်ညာဟန်ဆောင်သူများ သည် တစ်ဖက်လူ၏ အားနည်းချက်ရှိချိန်၊   ဒုက္ခ ရောက်နေချိန်ကို အခွင့်ကောင်းယူပြီး လိမ်ညာကြ ခြင်းဖြစ်ပါသည်။ မိမိတို့ကိုယ်တိုင် လိမ်ညာခံရခြင်း မရှိအောင် ကာယကံရှင်များက အထူးဂရုစိုက်ကြဖို့ လိုပါသည်။ ရာထူးတစ်နေရာရအောင်   ခန့်ထား ပေးမည်ဟု ငွေကြေးလိမ်ညာတောင်းယူတတ်ကြ ပါသည်။ ဘဏ်များမှ ငွေထုတ်ယူရန် အခက်အခဲ ကြုံတွေ့နေစဉ် ရာခိုင်နှုန်းဘယ်လောက်ပေးလျှင် ငွေဘယ်လောက်ထုတ်ခွင့်ရမည်၊   ဆက်သွယ်ပေး မည်ဟု လိမ်ညာနေကြပါသည်။ 


ကောလာဟလ သတင်းအတုများအား အလွယ် တကူ မယုံကြည်ကြရန်နှင့်  သတင်းအတု  အစစ် ချင့်ချိန်ခွဲခြားနိုင်တတ်စေရန်    ပြည်သူပြည်သား အားလုံးမှာ   တာဝန်ကိုယ်စီရှိပါသည်။ တက်ကြွ နိုးကြားသည့်သတိဖြင့်    အတုအယောင်များကို ကာကွယ်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက် ရပါသည်။         ။