တစ်မျိုးသားလုံးမူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့

Type
1

 

(၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဂုဏ်ပြုဆောင်းပါး
 

 

ယမန်နေ့မှအဆက်

ပြောင်းလဲလာသောနည်းပညာနှင့်အညီ


မြန်မာနိုင်ငံအနေဖြင့်    ဒေသတွင်း နိုင်ငံများနှင့် လန်ချန်း-မဲခေါင်ဒေသအဖွဲ့ ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး     အဖွဲ့အစည်းများ ဖြင့် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက် လျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။   တစ်ချိန်တည်းတွင်   မူးယစ် ဆေးဝါးထုတ်လုပ်သူများနှင့် တရားမဝင် လုပ်ကိုင်သည့်ပညာရှင်တို့သည်  ဒေသ တွင်းနှင့် ဒေသအပြင်ဘက်မှ ရောက်ရှိ၍ နိုင်ငံဖြတ်ကျော်       မူးယစ်‌ဆေးဝါးဂိုဏ်း များနှင့်   ပါဝင်ပတ်သက်ကာ   မူးယစ် ဆေးဝါး    ထုတ်လုပ်မှုမှာ   တစ်နှစ်ထက် တစ်နှစ်        မြင့်မားလာလျက်ရှိသည်။ မူးယစ်ဆေးဝါးထုတ်လုပ်မှု  နည်းစနစ်နှင့် သယ်ဆောင်ရောင်းဝယ်မှု  နည်းစနစ်တို့ မှာ အချိန်နှင့်အမျှ နည်းပညာမြင့်မားလာ လျက်ရှိရာ ရှာ‌ဖွေထောက်လှမ်း  ဖမ်းဆီး ရာ၌ နည်းပညာမြင့်မားသော   ထောက်ပံ့ ရေးပစ္စည်းများဖြင့်  တန်ပြန်ရှာဖွေ ဖော် ထုတ်မှုသည်    အိုင်တီနည်းပညာခေတ် တွင်    အဓိကလိုအပ်လာလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့်   ၎င်းလိုအပ် ချက်ကို         ဖြည့်ဆည်းပေးလျက်ရှိပြီး Mobile X-Ray   ယာဉ်များ၊  Portable X-Ray စက်များ၊    ဓာတုပစ္စည်းများ စစ် ဆေးသည့် ပစ္စည်းကိရိယာများ အပါအဝင် ခေတ်မီနည်းပညာ   အထောက်အကူပြု ပစ္စည်းများကို  ပြောင်းလဲလာသောနည်း ပညာနှင့်အညီ   နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိသောကြောင့်   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး        လုပ်ငန်းတွင် များစွာ   အထောက်အပံ့ဖြစ်စေလျက်ရှိ သည်။


 မီးရှို့ဖျက်ဆီး 


၂၀၂၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်   အမေရိကန်‌ ဒေါ်လာ ၁ ဒသမ ၀၇၉  ဘီလီယံနှင့်ညီမျှ သော မြန်မာကျပ်ငွေ ၁၄၃၆ ဒသမ ၃၄၁ ဘီလီယံတန်ဖိုးရှိ  မူးယစ်ဆေးဝါးအမျိုး အစား ၁၁၉ မျိုးကို ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော   (၃၃)    ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ   မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်   တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့တွင် ရန်ကုန်မြို့၌  ကျပ် ၂၀၈ ဒသမ ၈၆၉၉ ဘီလီယံ၊ မန္တလေးမြို့တွင် ကျပ်  ၅၉  ဒသမ  ၁၃၀၃  ဘီလီယံ၊ တောင်ကြီးမြို့တွင် ကျပ် ၃၃၇ ဒသမ ၃၈၄၇ ဘီလီယံ၊   လားရှိုးမြို့တွင်   ကျပ် ၆၀၈ ဒသမ ၉၄၇၉၇ ဘီလီယံ၊ ကွတ်ခိုင် မြို့၌ ကျပ် ၃  ဒသမ  ၃၇၈၉၄  ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း တို့ကို    မီးရှို့ဖျက်ဆီးခဲ့ရာ    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျပ် ၁၂၁၇ ဒသမ ၇၁၁၈ ဘီလီယံ   (အမေရိကန်ဒေါ်လာ ၈၃၉ ဒသမ ၈၀၁၂ သန်း) တန်ဖိုးတို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် သည် စံချိန်တင်ဖမ်းဆီး မီးရှို့ဖျက်ဆီးနိုင် ခဲ့သောနှစ်ဖြစ်ပြီး   ယခုနှစ်တွင်လည်း ရန်ကုန်မြို့၌ ကျပ် ၃၂၀ ဒသမ ၁၆၂၃ ဘီလီယံ၊ မန္တလေးမြို့တွင်ကျပ် ၁၈၆ ဒသမ  ၀၃၇၇ ဘီလီယံ၊ တောင်ကြီးမြို့ တွင်  ကျပ်  ၅၆၂  ဒသမ ၄၆၀၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း တို့ကို မီးရှို့ဖျက်ဆီးမည်ဖြစ်ရာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ကျပ် ၁၀၆၈ ဒသမ ၆၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၆၇ ဒသမ  ၉၁၂၉ သန်း)  တန်ဖိုးရှိ မူးယစ် ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းတို့ကို မီးရှို့ ဖျက်ဆီးမည်ဖြစ်သည်။


မျိုးဆက်သစ်တို့ကို အသိပညာပေး 


မူးယစ်ဆေးဝါးပြဿနာ လျှော့ချရေး  တွင်  ကြိုတင်ကာကွယ်ရေးသည် အထိ ရောက်ဆုံးဖြစ်သောကြောင့်    လူငယ်မျိုး ဆက်သစ်တို့            မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သိရှိနိုင်ရန် အသိပညာပေး လုပ်ငန်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ    စဉ်ဆက်မပြတ်  ဆောင် ရွက်လျက်ရှိသည်။      မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့နှင့် UNODC တို့ ပူးပေါင်း၍  ‘မူးယစ်ဆေးဝါးသုံးစွဲမှုကြို တင် ကာကွယ်ရေးလုပ်ငန်းများ   လုပ် ဆောင်မည့်သူတို့အတွက်         လမ်းညွှန် စာအုပ်ကို’ ပြုစု‌ရေးသား၍ နိုင်ငံတစ်ဝန်း သို့ ဖြန့်ဝေခဲ့သည်။ ကျောင်းအခြေပြု၊ ရပ်ရွာအခြေပြု အသိပညာပေးလုပ်ငန်း တို့ကို စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀   ပြည့်နှစ်အတွင်း   ကျောင်းသား လူငယ်နှင့်   ပြည်သူလူထု   ၉၀၀,၀၀၀ ကျော် ကို အသိပညာပေးခဲ့ရာ ပုံစံအမျိုး မျိုးဖြင့်     အသွင်ပြောင်းမူးယစ်ဆေးဝါး များ  စိမ့်ဝင်ပျံ့နှံ့လာမှုကို    တားဆီးနိုင်ခဲ့ ခြင်းသည်  လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်စေမည့်အန္တရာယ်မှ     ကြိုတင် ကာကွယ်ခြင်းပင်ဖြစ်သည်။


ဘိန်းအစားထိုးဖွံ့ဖြိုးရေး 


မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့     အောက်တွင် ‘အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော် ရေး  စီမံခန့်ခွဲမှုအဖွဲ့’မှ   ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်နှင့်  နောင် တရားမြို့တွင်၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာ ရေးနှစ်အထိ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် အစားထိုးဖွံ့ဖြိုးမှု ရှေ့ပြေးစီမံကိန်းကို ဆောင်ရွက်ခဲ့သည်။   ထိုင်းနိုင်ငံ၊   မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် မယ်ဖာ့လုံဖောင်ဒေးရှင်းတို့၏   နည်း ပညာအကူအညီဖြင့်  ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်း၊   စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးလုပ်ငန်း၊ စီးပွား ဖြစ်သစ်တောနှင့်    အသုံးချသစ်တော လုပ်ငန်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ် ခြင်းလုပ်ငန်း၊  ပညာရေး၊  ကျန်းမာရေးနှင့် ဒေသခံ   ပြည်သူလူထု၏ လူမှုစီးပွားမြင့် မားရေးအတွက် ဆောင်ရွက်ခဲ့သည်။ 


အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းမှ ထွက် ရှိသော    အရည်အသွေးမီကော်ဖီများ ဈေးကွက်ရရှိရေးအတွက်  Green Gold ကော်ဖီစိုက် တောင်သူသမဝါယမအသင်း အား           ဖွဲ့စည်းပြီး ပြင်သစ်နိုင်ငံ၊ MALONGO ကော်ဖီကုမ္ပဏီနှင့် ငါးနှစ် အတွင်း   တန်ချိန်   ၆၀၀   တင်ပို့နိုင်ရေး စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ရာ    ယနေ့ အချိန်အထိ ကော်ဖီ ၁၈၂ တန် တင်ပို့နိုင် ခဲ့သည်။ ၎င်းအပြင် ဈေးကွက်သစ်အဖြစ် ဂျပန်နိုင်ငံသို့ ကော်ဖီ  ၀  ဒသမ ၆ တန် တင်ပို့နိုင်ခဲ့သည်။ 


မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး


နိုင်ငံတိုင်း  အဓိကရင်ဆိုင်နေရသော မူးယစ်ဆေးဝါးပြဿနာများမှာ   တရား မဝင် မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ သယ်ဆောင်      ရောင်းဝယ်ခြင်းပင်ဖြစ် သည်။ မူးယစ်ဆေးဝါးကို စိုက်ပျိုးထုတ် လုပ်ရာ၌ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြား သော အခြေခံအကြောင်းတရားများစွာ ရှိသည့်နည်းတူ မူးယစ်ဆေးဝါး ထုတ် လုပ်မှု၏ အကျိုးဆက်အဖြစ် နိုင်ငံဖြတ် ကျော်ဂိုဏ်းဖွဲ့မှုခင်းများ၊ ငွေကြေးခဝါချမှု များ၊ အကြမ်းဖက်အဖွဲ့များနှင့် အကျင့် ပျက်ခြစားမှုနှင့်     ဆက်စပ်နေသော တရားမဝင်လုပ်ငန်းတို့သည်    လူသားတို့ ၏ ဘဝလုံခြုံရေး၊   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်    တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ယနေ့ ကမ္ဘာ့ နိုင်ငံအသီးသီးတွင်      ဘိန်းဖြူထက် ဆိုးရွားလာသောအန္တရာယ်မှာ   လူလုပ် မူးယစ်ဆေးဝါးပြဿနာကို      ရင်ဆိုင် လာရခြင်းဖြစ်ပြီး   ဓာတုပစ္စည်းများကို အခြေခံ၍  ထုတ်လုပ်ထားသော   စိတ် ပြောင်း ဆေးဝါးများ ပျံ့နှံ့သုံးစွဲလာမှုသည် ယနေ့ရင်ဆိုင်နေရသော     COVID-19 ရောဂါထက် လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်လာလျက်ရှိသည်။ 


မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ဒေသများတွင်စိတ်ကြွရူးသွပ်ဆေးပြား  အများအပြား   ဖမ်းဆီးရမိခြင်းသည် တောင်အာရှဒေသ တွင်    ကြီးမားသော    မူးယစ်ဆေးဝါး ဈေးကွက်ကို      ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံဖြတ်ကျော်     ရာဇဝတ်ဂိုဏ်းများ၏ မျက်စိကျရာ   အရှေ့တောင်အာရှတွင်   မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်    သယ်ဆောင်ရောင်းဝယ်ရာ   အသုံးချခံဒေသတစ်ခုအဖြစ်     နှစ်ပေါင်း များစွာ     ရင်ဆိုင်နေရလျက်ရှိသည်။   နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးမှုအားနည်း ခြင်း၊ တရားဥပဒေစိုးမိုး မှု   အားနည်းခြင်း၊  လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့်      နယ်မြေလုံခြုံရေး   အခြေအနေတို့ကြောင့်  မူးယစ်ဆေးဝါးစိုက်ပျိုး    ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှု        ကျယ်ပြန့် လာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်တို့ကို    ထိခိုက်လာလျက် ရှိသည်။   ထို့ကြောင့်     နိုင်ငံတော်မှ မူးယစ်ဆေးဝါးထိန်းချုပ်ရေး     လုပ်ငန်း များကို   ကဏ္ဍပေါင်းစုံမှ   အားသွန်ခွန်စိုက် စဉ်ဆက်မပြတ်    ဆောင်ရွက်လျက်ရှိရာ  နယ်စပ် ဒေသများ      တည်ငြိမ်အေးချမ်းမှု သည်      မူးယစ်ဆေးဝါးပြဿနာကို လျော့ကျစေသောကြောင့်            နိုင်ငံတော် ဖွံ့ဖြိုး   တိုးတက်ရေးလုပ်ငန်းစဉ်တို့ကို အရှိန်အဟုန်မပျက်  ဟန်ချက်ညီစွာဖြင့် ဆက်လက်       အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 


ကုသရေးနှင့်ပြန်လည်ထူထောင်ရေး 


မြန်မာနိုင်ငံတွင်    ဘိန်းစိုက်ပျိုးမှု ကျဆင်းလာသော်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက်လျက်ရှိရာ  ၂၀၂၀ ပြည့် နှစ် ခန့်မှန်းချက်အရ မူးယစ်ဆေးထိုးသွင်း သုံးစွဲသူတို့အကြား HIV ပိုးကူးစက်မှု ၃၄ ဒသမ  ၉  ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ယင်း တို့အကြား   အသည်းရောင်အသားဝါ ရောဂါ B ပိုးနှင့် C ပိုး ကူးစက်မှုမှာ မြင့် တက်ခဲ့ပြီး B ပိုးကူးစက်မှုမှာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ၄ ဒသမ  ၃ ရာခိုင်နှုန်းမှ ၁၀ ဒသမ  ၆ ရာခိုင်နှုန်းနှင့် C  ပိုးကူးစက်မှုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၂၇ ဒသမ  ၄ ရာခိုင် နှုန်းမှ ၈၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိခဲ့ သည်။ မူးယစ်ဆေးစွဲကုသရေးအနေဖြင့်  ၂၀၂၀ ပြည့်နှစ်အထိ မူးယစ်ဆေးစွဲကုသ ရေးဌာနကြီး ၂၉ ခု၊ ဌာနငယ်  ၅၆ ခုနှင့် မက်သာဒုံးဆေး   တိုက်ကျွေးသောဌာန ၈၉ ခုရှိရာ      ကုသရေးလုပ်ငန်းတို့၏ လိုအပ်ချက်ကို   တိုးမြှင့်ဖြည့်ဆည်းခြင်း ဖြင့်      ကုသရေးကဏ္ဍ    မြန်ဆန်စွာ အောင်မြင်မှု ရရှိမည်ဖြစ်သည်။ 


ပြန်လည်   ထူထောင်ရေးလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်      လူမှု ဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်   ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာဝန် ယူဆောင်ရွက်လျက်ရှိပြီး     ယနေ့အချိန် အထိ ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခုကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်      ဆောင်ရွက်လျက်ရှိသည်။ ဆေးစွဲလူနာများအား   ထိရောက်သော ဆေးကုသပေးခြင်းဖြင့်    နောက်ဆက်တွဲ အန္တရာယ်များကို     လျော့ကျစေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းကို    မြန် ဆန် သွက်လက်စေသောကြောင့်  ထိုလုပ် ငန်းနှစ်ခုအောင်မြင်မှုသည်  မူးယစ်ဆေး ဝါးထိန်းချုပ်ရေးလုပ်ငန်းတွင်    အရေးပါ သော အခန်းကဏ္ဍတွင်  ရပ်တည်လျက်ရှိ သည်။


နိုင်ငံတကာစံနှုန်းနှင့်အညီ


မူးယစ်ဆေးဝါး    တိုက်ဖျက်ရေးကို နိုင်ငံတကာနှင့် ဒေသတွင်း မူးယစ်ဆန့် ကျင်တိုက်ဖျက်သည့်   အဖွဲ့အစည်းများ အပါအဝင် ကုလသမဂ္ဂနှင့် အစိုးရမဟုတ် သောအဖွဲ့အစည်းများ  ပူးပေါင်းဆောင် ရွက်ခြင်း၊   ဥပဒေနှင့်   နည်းဥပဒေတို့ကို ထုတ်ပြန်ခြင်း၊ တရားမဝင်ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပပျောက်ရန်   ဆောင်ရွက် ခြင်း၊ အသိပညာပေးခြင်း၊  ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့်  နောက်ဆက်တွဲအန္တရာယ် လျှော့ချ ခြင်းတို့ကို နိုင်ငံတကာနှင့်လက်တွဲဆောင် ရွက်လျက်ရှိသည်။  မြန်မာနိုင်ငံအနေဖြင့်  မူးယစ်ဆေးဝါး ပြဿနာကို ထိန်းချုပ်နိုင် ရန်နိုင်ငံရေး      ကတိကဝတ်နှင့်အညီ   ဥပဒေလုပ်ထုံးလုပ်နည်းများ         ပိုမို အားကောင်းလာစေရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။    


မြန်မာနိုင်ငံသည်         မူးယစ်ဆေးဝါး ပပျောက်ရေးကို       နိုင်ငံတကာနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး   ကုလ သမဂ္ဂ၏  မူးယစ်ဆေးဝါးနှင့်   စိတ်ကို ပြောင်းလဲ စေသော       ဆေးဝါးများနှင့် ပတ်သက်သည့် ကွန်ဗင်းရှင်း  ၃  ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။  ၁၉၆၁  ခုနှစ် တွင်   ပြဋ္ဌာန်းသော   မူးယစ်ဆေးဝါး ဆိုင်ရာ ကွန်ဗင်းရှင်းကို  ၁၉၆၁  ခုနှစ် မတ်လ ၃၀  ရက်တွင်   လည်းကောင်း၊ ၁၉၇၁ ခုနှစ်တွင် ပြဋ္ဌာန်းသည့်   စိတ်ကို ပြောင်းလဲစေသော         ဆေးဝါးများ   တရားမဝင်သယ်ဆောင်   ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ   ကွန်ဗင်းရှင်းကို ၁၉၉၅ ခုနှစ်   ဒီဇင်ဘာ  ၂၀ ရက်တွင် လည်းကောင်း၊  ၁၉၈၈ ခုနှစ်တွင် ပြဋ္ဌာန်း သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော   ဆေးဝါးများ  တရားမဝင် သယ်ဆောင်  ရောင်းဝယ်မှု   တိုက်ဖျက် ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့သည်။  ထိုကွန်ဗင်း ရှင်းတို့သည်   မြန်မာနိုင်ငံတွင်    မူးယစ် ဆေးဝါးထိန်းချုပ်ရေး  လုပ်ငန်းစဉ်တို့ကို နိုင်ငံတကာစံနှုန်းနှင့်အညီ  ဆောင်ရွက် နိုင်ရန်   ချမှတ်ထားခြင်းဖြစ်ပြီး  မြန်မာ နိုင်ငံအနေဖြင့်       ထိုစံနှုန်းနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည်။


ပွင့်သောပန်းတိုင်း လန်းစေလို


နိုင်ငံတော်မှ   တောင်ပေါ်၊  မြေပြန့် မကျန် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် နယ်စပ်ရေးရာတို့တွင် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တို့ကို ရောင်စုံပန်း ခင်းကြီးပမာ     အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ထိုလုပ်ငန်းများ အောင်မြင်မှုသည်      တစ်မျိုးသားလုံး ၏ရန်စွယ်ဖြစ်သော      မူးယစ်ဆေးဝါး ကင်းစင်ခြင်းနှင့်  ငြိမ်းချမ်းရေးပေါ်တွင် မူတည်လျက်ရှိသည်။  မူးယစ်ဆေးဝါး ကင်းစင်ရန် နိုင်ငံတော်မှ ပြည်သူနှင့်အတူ မိတ်ဖက်နိုင်ငံများ၊       ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့်        လက်တွဲ၍ မူးယစ်ရန်စွယ်ကို    တွန်းလှန်ကာကွယ် လျက်ရှိသည်။ ရောင်စုံပန်းခင်းပမာလှပ လျက်ရှိသော  တိုင်းရင်းသားဒေသတို့ တွင် မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ် ချေမှုန်းရန် ပြည်တွင်းငြိမ်းချမ်းရေးသည် အရေးပါလျက်ရှိသည်။ 


တရားမဝင်ဘိန်း    စိုက်ပျိုးထုတ် လုပ်မှု၊     စိတ်ကြွရူးသွပ်ဆေးဝါးထုတ် လုပ်မှုနှင့်   ထိန်းချုပ်ဓာတုပစ္စည်းများ တင်သွင်းမှုကို        ထိန်းချုပ်နိုင်ရန်   တိုင်းရင်းသား        လက်နက်ကိုင်အဖွဲ့ အစည်းတို့ဖြင့်   တွေ့ဆုံညှိနှိုင်းလျက်ရှိ သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၈ ချက် တွင်လည်း    မူးယစ်ဆေးဝါးထိန်းချုပ် ရေးကို   ကဏ္ဍတစ်ရပ်အနေဖြင့်    ထည့် သွင်းဆောင်ရွက်လျက်ရှိရာ ရောင်စုံပန်း ဥယျာဉ်ကြီးပမာ     လှပလျက်ရှိသော တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု သည် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးကဏ္ဍတွင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်  အရေးပါလျက် ရှိသည်။ ထို့ကြောင့် ဥယျာဉ်မှူးပမာ ပြုစု ပျိုးထောင်ပေးလျက်ရှိသော   နိုင်ငံတော် အနေဖြင့် ပွင့်သောပန်းတိုင်းလန်းစေချင် သည်မှာ   ဥယျာဉ်မှူးတိုင်း၏    ရင်တွင်း စေတနာပင် ဖြစ်သည်။


ဝိုင်းဝန်းကာကွယ်တားဆီးစို့ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် တပ်မတော်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး     တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့သည်         မူးယစ်ဆေးဝါး ပပျောက်ရေးကဏ္ဍတွင်   နိုင်ငံတကာ အတွေ့အကြုံနှင့်  တားဆီးနှိမ်နင်းရေးစွမ်းရည်ပြည့်ဝသော   ခေါင်းဆောင် ကောင်းတို့၏ ကွပ်ကဲမှုဖြင့် တပ်ဖွဲ့တို့၏ စွမ်းရည်ကို မြင့်တက်စေလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတို့တွင် အောင်မြင်မှု ရရှိလာလျက်ရှိသည်။


လူသားမျိုးနွယ်      တစ်ရပ်လုံးကို လူညွန့်တုံးစေမည့်     မူးယစ်ဆေးဝါး အန္တရာယ်  တားဆီးကာကွယ်  တိုက်ဖျက် ရေးတွင်  ဌာနဆိုင်ရာအသီးသီးနှင့်    အဖွဲ့အစည်း များ သာမက       ပြည်သူလူထုတစ်ရပ်လုံး  နီးနီးကပ်ကပ်   ပူးပေါင်းဆောင်ရွက်ရ မည့်    အချိန်အခါလည်း   ဖြစ်သည်။  နိုင်ငံတော်၏  အနာဂတ်တွင် အားထား ရာလူငယ်များ မူးယစ်နွံအတွင်း မသက် ဆင်းမိစေရန်         မပြတ်သောသတိဖြင့် ဝိုင်းဝန်းကြပ်မတ်     စောင့်ရှောက်ရမည် ဖြစ်သည်။ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ် လုပ်သယ်ဆောင်ဖြန့်ဖြူးခြင်းကို အရှိန် အဟုန်ဖြင့် တားဆီးကာကွယ် တိုက်ဖျက် သွားရမည်ဖြစ်ပြီး  ပြည်တွင်းသာမက နိုင်ငံတကာ       အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်  တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုသည်  တစ်မျိုးသား လုံးရင်ဆိုင်နေရသည့်   မူးယစ်ဆေးဝါး အန္တရာယ်ကို လျော့ကျစေမည်ဖြစ်သည်။  နိုင်ငံတော်အစိုးရအနေဖြင့်   ဘိန်းနှင့် မူးယစ်ဆေးဝါး   အန္တရာယ်ကို    မြန်မာ့‌ မြေပေါ် သာမက ကမ္ဘာပေါ်မှ ကင်းဝေးစေ လိုပြီး      မြန်မာနိုင်ငံတစ်နိုင်ငံတည်း သာမက     ဒေသတွင်းနိုင်ငံများ နည်းတူ ကမ္ဘာကြီး   ထာဝရအေးချမ်းသာယာ လှပရန်      ရင်တွင်းဆန္ဒရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ မူးယစ်ဆေးဝါးသည် ထုတ်လုပ်သယ်ဆောင်မှု   လွယ်ကူခြင်း ကြောင့်  နောက်ဆက်တွဲ အကျိုးဆက်ကို ကမ္ဘာ့နိုင်ငံကြီးများနည်းတူ ဖွံ့ဖြိုးဆဲနိုင်ငံ များလည်း   ရင်ဆိုင်လာရလျက်ရှိသည်။ လူသားမျိုးနွယ်တစ်ရပ်လုံး  လူညွန့်တုံး စေမည့်        မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးရန် အားသွန်ခွန်စိုက် စုပေါင်းတွန်းလှန်သွားရမည်ဖြစ်သည်။ သို့ဖြစ်ပါ ၍ ပြည်သူတစ်ရပ်လုံးပါဝင်သော အမျိုး သားရေး         တာဝန်တစ်ရပ်အနေဖြင့် “တစ်မျိုးသားလုံး         မူးယစ်အန္တရာယ် ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီး ကြပါစို့” ဟု ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက် နေ့တွင် ကျရောက်သည့် “(၃၄)ကြိမ် မြောက်   အပြည်ပြည်ဆိုင်ရာ  မူးယစ် ဆေးဝါး    အလွဲသုံးမှုနှင့်  တရားမဝင် ရောင်းဝယ်မှု       တိုက်ဖျက်ရေးနေ့” ကို ဂုဏ်ပြုရေးသား     ဖော်ပြအပ် ပါသည်။       ။

မောင်သင်းပျံ့၊ ဓာတ်ပုံ - ဇွဲမာန်